လားရိႈးၿမိဳ႕သို႔ မုိင္းေတာင္ရြာမွ စစ္ေဘးေရွာင္ ၂၀၀ နီးပါး ေရာက္ရိွလာ

လားရိႈးၿမိဳ႕သို႔ မုိင္းေတာင္ရြာမွ စစ္ေဘးေရွာင္ ၂၀၀ နီးပါး ေရာက္ရိွလာ
အောက်တိုဘာ 31, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ အီႏိုင္းေက်းရြာဘုန္းႀကီးေက်ာင္းသို႔ မိုင္းေတာင္ေက်းရြာမွ စစ္ေဘးေရွာင္တိမ္းလာသည့္ ေဒသခံ (၂၀၀) နီးပါး ေအာက္တိုဘာလ (၃၀) ရက္ေန႔တြင္ေရာက္ရွိလာသျဖင့္ လားရႈိးၿမိဳ႕ရွိ လူမႈကူညီေရးအသင္းအခ်ိဳ႕မွ စားနပ္ရိကၡာေထာက္ပံ့ေပးေနေၾကာင္း သိရသည္။

“ရြာထဲမွာ ေသနတ္လာေဖာက္တဲ့အသံၾကားတာေၾကာင့္ ရြာကေန ခဏေရွာင္တိမ္းလာရတာျဖစ္ပါတယ္။ တိုက္ပြဲ ျဖစ္ေနတာမ်ိဳးေတာ့ မရွိပါဘူး။ ဒီမွာ ၾကာမလား ခဏနဲ႔ျပန္ရမလားဆိုတာကေတာ့ အခုမေျပာတတ္ေသးဘူး။ အီႏိုင္းေက်းရြာဘုန္းႀကီးေက်ာင္းမွာ စုၿပီးေနေနၾကပါတယ္။ အစားအေသာက္ေရာ ေနရာထိုင္ခင္းေရာ ျပည့္စံု မႈရွိပါတယ္။ က်န္းမာေရးေစာင့္ေရွာက္မႈလည္း လူမႈကူညီေရးအသင္းေတြကေန လုပ္ေပးေနတာရွိပါတယ္”ဟု စစ္ေဘးတိမ္းေရွာင္လာသည့္ ေဒသခံအမ်ိဳးသမီးတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နားဆိုင္းေက်းရြာအုပ္စု မိုင္းေတာင္ေက်းရြာမွ ေအာက္တိုဘာလ (၃၁) ရက္ေန႔ ေန႔လယ္ပိုင္းအထိ စစ္ေဘးတိမ္းေရွာင္လာသူဦးေရ (၁၆၈)ဦးရွိေၾကာင္း သိရသည္။

“ဒီေန႔ ေအာက္တိုဘာ (၃၁)ရက္ နံနက္ပိုင္းမွာ စစ္ေဘးေရွာင္ (၁၆၈)ဦးအတြက္ နံနက္စာနဲ႔ ေန႔လယ္ပိုင္းမွာ ေန႔လည္စာ ထမင္းဟင္း ေတြ အသင္းကေနသြားေရာက္ၿပီး လွဴဒါန္းေပးခဲ့ပါတယ္။ ဒီမွာ ၾကာမယ္မၾကာဘူး ဆိုတာကေတာ့ သူတို႔ေက်းရြာေတြအနီးမွာ ျဖစ္ေနတဲ့အေျခအေနအရ အခုေတာ့မေျပာတတ္ေသးဘူး “ဟု လားရိႈးၿမိဳ႕ရွိ ကေမၻာဇလူမႈကူညီေရးအသင္းမွ ဦးေဆာင္သူ ကိုဆန္းဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

စစ္ေဘးေရွာင္မ်ားအား လားရႈိးၿမိဳ႕နယ္ အီႏိုင္းေက်းရြာဘုန္းႀကီးေက်ာင္းတြင္ ေနရာခ်ထားေပးထားၿပီး လိုအပ္သည္မ်ားကို လားရိႈးၿမိဳ႕ရွိ လူမႈကူညီေရးအသင္းမ်ားႏွင့္ ေစတနာရွင္မ်ားက ကူညီေပးေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေပါက္စ

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့သို့ မိုင်းတောင်ရွာမှ စစ်ဘေးရှောင် ၂၀၀ နီးပါး ရောက်ရှိလာ
*************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အီနိုင်းကျေးရွာဘုန်းကြီးကျောင်းသို့ မိုင်းတောင်ကျေးရွာမှ စစ်ဘေးရှောင်တိမ်းလာသည့် ဒေသခံ (၂၀၀) နီးပါး အောက်တိုဘာလ (၃၀) ရက်နေ့တွင်ရောက်ရှိလာသဖြင့် လားရှိုးမြို့ရှိ လူမှုကူညီရေးအသင်းအချို့မှ စားနပ်ရိက္ခာထောက်ပံ့ပေးနေကြောင်း သိရသည်။

“ရွာထဲမှာ သေနတ်လာဖောက်တဲ့အသံကြားတာကြောင့် ရွာကနေ ခဏရှောင်တိမ်းလာရတာဖြစ်ပါတယ်။ တိုက်ပွဲ ဖြစ်နေတာမျိုးတော့ မရှိပါဘူး။ ဒီမှာ ကြာမလား ခဏနဲ့ပြန်ရမလားဆိုတာကတော့ အခုမပြောတတ်သေးဘူး။ အီနိုင်းကျေးရွာဘုန်းကြီးကျောင်းမှာ စုပြီးနေနေကြပါတယ်။ အစားအသောက်ရော နေရာထိုင်ခင်းရော ပြည့်စုံ မှုရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း လူမှုကူညီရေးအသင်းတွေကနေ လုပ်ပေးနေတာရှိပါတယ်”ဟု စစ်ဘေးတိမ်းရှောင်လာသည့် ဒေသခံအမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နားဆိုင်းကျေးရွာအုပ်စု မိုင်းတောင်ကျေးရွာမှ အောက်တိုဘာလ (၃၁) ရက်နေ့ နေ့လယ်ပိုင်းအထိ စစ်ဘေးတိမ်းရှောင်လာသူဦးရေ (၁၆၈)ဦးရှိကြောင်း သိရသည်။

“ဒီနေ့ အောက်တိုဘာ (၃၁)ရက် နံနက်ပိုင်းမှာ စစ်ဘေးရှောင် (၁၆၈)ဦးအတွက် နံနက်စာနဲ့ နေ့လယ်ပိုင်းမှာ နေ့လည်စာ ထမင်းဟင်း တွေ အသင်းကနေသွားရောက်ပြီး လှူဒါန်းပေးခဲ့ပါတယ်။ ဒီမှာ ကြာမယ်မကြာဘူး ဆိုတာကတော့ သူတို့ကျေးရွာတွေအနီးမှာ ဖြစ်နေတဲ့အခြေအနေအရ အခုတော့မပြောတတ်သေးဘူး “ဟု လားရှိုးမြို့ရှိ ကမ္ဘောဇလူမှုကူညီရေးအသင်းမှ ဦးဆောင်သူ ကိုဆန်းဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

စစ်ဘေးရှောင်များအား လားရှိုးမြို့နယ် အီနိုင်းကျေးရွာဘုန်းကြီးကျောင်းတွင် နေရာချထားပေးထားပြီး လိုအပ်သည်များကို လားရှိုးမြို့ရှိ လူမှုကူညီရေးအသင်းများနှင့် စေတနာရှင်များက ကူညီပေးနေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ပေါက်စ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~