
အောက်တိုဘာ 31, 2017
By 🌸


သတင်း #နန်းဟွမ်ခမ်း

~~~~~~~~⊰❂ unicode ~~~~~~~~
လောက်ကိုင်ခရိုင် ကုန်းကြမ်းမြို့စစ်ဆေးရေးဂိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ငါးထောင်ကျော် သယ်လာသူအား ဖမ်းဆီးရမိ
*************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ခရိုင် ကုန်းကြမ်းမြို့အဝင်စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ (၃၀)ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား ငါးထောင်ကျော်သယ်လာသူအား ဖမ်းဆီးရမိကြောင်း သိရသည်။

ကုန်းကြမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကုန်းကြမ်းမြို့အဝင် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေစဉ် အောက်တိုဘာ ၃၀ ရက်နေ့ နေ့လယ် (၁၂)နာရီခန့်တွင် မော်ထိုက်မြို့မှ ကုန်းကြမ်းမြို့ ဘက်သို့ လမ်းလျှောက်လာသူအား ရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား (၅၂၅၀)အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် အငိုးအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~