ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္း လုပ္ကိုင္သူမ်ားအား အခြန္စတင္ေကာက္ခံေတာ့မည္

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္း လုပ္ကိုင္သူမ်ားအား အခြန္စတင္ေကာက္ခံေတာ့မည္
အောက်တိုဘာ 31, 2017
By 🌸
အခြန္ကင္းလြတ္ခြင့္ကာလကုန္ဆံုးၿပီးသည့္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္း လုပ္ကိုင္သူမ်ားအား ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္မကုန္မီ အခြန္စတင္ေကာက္ခံသြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

“၂၀၁၂ ခုႏွစ္၊ ေျမလြတ္၊ ေျမလပ္ႏွင့္ေျမရိုင္းမ်ား စီမံခန္႔ခြဲေရးနည္းဥပေဒ အပုိဒ္ ၃၉ ပါ ကင္းလြတ္ခြင့္ ကာလကုန္ဆံုးၿပီးသည့္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္း လုပ္ကိုင္သူမ်ားအား နည္းဥပေဒ အပိုဒ္ ၄၀ ပါ ျပ႒ာန္းခ်က္ႏွင့္အညီ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္မကုန္မီ အခြန္စတင္ေကာက္ခံႏိုင္ရန္ ေဆာင္ရြက္လ်က္ရိွပါေၾကာင္း”ဟု စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဒု-ဝန္ႀကီး ဦးလွေက်ာ္က ျပည္သူ႔လႊတ္ေတာ္တြင္ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

လက္ရိွတြင္ ေျမခြန္ေကာက္ခံရာတြင္ ေကာက္ခံသူအရာရွိမ်ား လိုက္နာေဆာင္ရြက္ရမည့္နည္းလမ္းကို ညႊန္ၾကားခ်က္ ထုတ္ျပန္ႏိုင္ေရးအတြက္ ညႊန္ၾကားခ်က္မူၾကမ္းကို တာဝန္ရွိသူမ်ားထံသို႔ ျဖန္႔ေဝၿပီး အၾကံျပဳခ်က္မ်ား စုစည္းရရွိမႈအေပၚ အနီးဆံုး ေျမလြတ္၊ ေျမလပ္ႏွင့္ေျမရိုင္းမ်ား စီမံခန္႔ခြဲေရးဗဟိုေကာ္မတီ အစည္းအေဝးတြင္ တင္ျပေဆြးေႏြးၿပီး ေျမခြန္ေကာက္ခံေရးဆိုင္ရာ ညႊန္ၾကားခ်က္ကို ထုတ္ျပန္ေဆာင္ရြက္သြား မည္ျဖစ္ေၾကာင္း သိရသည္။

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ားအား ေျမခြန္ေတာ္ စည္းၾကပ္ေကာက္ခံႏိုင္ေရးကိစၥႏွင့္ပတ္သက္၍ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရံုးႏွင့္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနတို႔၏ အၾကံျပဳခ်က္၊ သေဘာထား မွတ္ခ်က္မ်ားကို တင္ျပေတာင္းခံၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႔ စီးပြားေရးရာေကာ္မတီသို႔ တင္ျပခဲ့ၿပီး ေကာ္မတီ၏ဆံုးျဖတ္ခ်က္အရ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ (၁၀)ရက္ေန႔တြင္ က်င္းပသည့္ ျပည္ေထာင္စုအ စိုးရအဖြဲ႔အစည္းအေဝး အမွတ္စဥ္ (၁၅/၂၀၁၇)သို႔ တင္ျပအတည္ျပဳခ်က္ရယူခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ေအာက္တိုဘာလ (၂၇) ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ ေလာင္းလုံး မဲဆႏၵနယ္မွ ေဒၚခင္စႏၵီက တနသၤာရီတိုင္းေဒသႀကီးအတြင္းရွိ အသုံးျပဳခြင့္ေပးထားသည့္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားအား မည္သည့္အခ်ိန္တြင္ ေျမခြန္ေကာက္ခံမည္ႏွင့္ ေကာက္ခံမည့္ အစီအစဥ္မ်ား မည္သို႔ ေဆာင္႐ြက္ထားသည္ကို သိလိုျခင္း ႏွင့္ စပ္လ်ဥ္း၍ ေမးျမန္းခဲ့ျခင္းအား စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဒု-ဝန္ႀကီး ဦးလွေက်ာ္က ယင္းကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ေျမလြတ္ေျမလပ္ႏွင့္ ေျမရိုင္းမ်ား စီမံခန္႔ခြဲေရး ဗဟိုေကာ္မတီက ၂၀၁၂ ေျမလြတ္ေျမလပ္ႏွင့္ ေျမရိုင္းမ်ား စီမံခန္႔ခြဲေရး ဥပေဒအရ ေျမယာလုပ္ပိုင္ခြင့္၊ အသံုးျပဳခြင့္မ်ားကို လုပ္ပိုင္ခြင့္ေပးအပ္ျခင္းျဖစ္ၿပီး အသံုးျပဳခြင့္ ရရွိထားသူမ်ားအေနျဖင့္ မူလခြင့္ျပဳကာလအတြင္း သတ္မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားႏွင့္အညီ လုပ္ငန္းေဆာင္ရြက္ရန္ ပ်က္ကြက္လွ်င္ သို႔မဟုတ္ စည္းကမ္းခ်က္ခ်ိဳးေဖာက္လွ်င္ တင္သြင္းထားသည့္ အာမခံေၾကးအား ႏုိင္ငံေတာ္ဘ႑ာေငြအျဖစ္ သိမ္းဆည္းျခင္းအျပင္ လုပ္ပိုင္ခြင့္၊ အသံုးျပဳခြင့္ကို ျပန္လည္ ရုပ္သိမ္းျခင္းခံရမည္ဟုလည္း ျပ႒ာန္းထားျခင္းျဖစ္သည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #ျပည္သူ႔လႊတ္ေတာ္

~~~~~~~~⊰❂ unicode ~~~~~~~~
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်သူများအား အခွန်စတင်ကောက်ခံတော့မည်
*************
အခွန်ကင်းလွတ်ခွင့်ကာလကုန်ဆုံးပြီးသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်သူများအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မကုန်မီ အခွန်စတင်ကောက်ခံသွားတော့မည်ဖြစ်ကြောင်း သိရသည်။

“၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေ အပိုဒ် ၃၉ ပါ ကင်းလွတ်ခွင့် ကာလကုန်ဆုံးပြီးသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်သူများအား နည်းဥပဒေ အပိုဒ် ၄၀ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မကုန်မီ အခွန်စတင်ကောက်ခံနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒု-ဝန်ကြီး ဦးလှကျော်က ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြေခွန်ကောက်ခံရာတွင် ကောက်ခံသူအရာရှိများ လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းကို ညွှန်ကြားချက် ထုတ်ပြန်နိုင်ရေးအတွက် ညွှန်ကြားချက်မူကြမ်းကို တာဝန်ရှိသူများထံသို့ ဖြန့်ဝေပြီး အကြံပြုချက်များ စုစည်းရရှိမှုအပေါ် အနီးဆုံး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးတွင် တင်ပြဆွေးနွေးပြီး မြေခွန်ကောက်ခံရေးဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား မြေခွန်တော် စည်းကြပ်ကောက်ခံနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ အကြံပြုချက်၊ သဘောထား မှတ်ချက်များကို တင်ပြတောင်းခံပြီး ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီသို့ တင်ပြခဲ့ပြီး ကော်မတီ၏ဆုံးဖြတ်ချက်အရ ၂၀၁၇ ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုအ စိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၁၇)သို့ တင်ပြအတည်ပြုချက်ရယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ (၂၇) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လောင်းလုံး မဲဆန္ဒနယ်မှ ဒေါ်ခင်စန္ဒီက တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အသုံးပြုခွင့်ပေးထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား မည်သည့်အချိန်တွင် မြေခွန်ကောက်ခံမည်နှင့် ကောက်ခံမည့် အစီအစဉ်များ မည်သို့ ဆောင်ရွက်ထားသည်ကို သိလိုခြင်း နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ခြင်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒု-ဝန်ကြီး ဦးလှကျော်က ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ၂၀၁၂ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအရ မြေယာလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များကို လုပ်ပိုင်ခွင့်ပေးအပ်ခြင်းဖြစ်ပြီး အသုံးပြုခွင့် ရရှိထားသူများအနေဖြင့် မူလခွင့်ပြုကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်လျှင် သို့မဟုတ် စည်းကမ်းချက်ချိုးဖောက်လျှင် တင်သွင်းထားသည့် အာမခံကြေးအား နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခြင်းအပြင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ပြန်လည် ရုပ်သိမ်းခြင်းခံရမည်ဟုလည်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ပြည်သူ့လွှတ်တော်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~