ဖရူဆိုၿမိဳ႕နယ္ ထီဖရူႏူသဘာဝလိုဏ္ဂူေဒသတြင္ ေဖၚေဆာင္မည့္ ရပ္ရြာအေျချပဳခရီးသြားလုပ္ငန္းအား ေဒသခံမ်ား ကန္႔ကြက္ရန္ႀကိဳးစား

ဖရူဆိုၿမိဳ႕နယ္ ထီဖရူႏူသဘာဝလိုဏ္ဂူေဒသတြင္ ေဖၚေဆာင္မည့္ ရပ္ရြာအေျချပဳခရီးသြားလုပ္ငန္းအား ေဒသခံမ်ား ကန္႔ကြက္ရန္ႀကိဳးစား
အောက်တိုဘာ 31, 2017
By 🌸
ကယားျပည္နယ္၊ ဖ႐ူဆိုၿမိဳ႕နယ္ ၊ မူဆိုေက်းရြာအုပ္စု ေမာ္သီဒိုေက်းရြာရိွ သဘာဝ ထီဖ႐ူႏူေရထြက္ သဘာဝလိုဏ္ဂူေဒသတြင္ ခရီးသြားမ်ား လည္ပတ္မႈမ်ားလာပါက သဘာဝပတ္ဝန္းက်င္ပ်က္စီးမႈႏွင့္ ရိုးရာ ဓေလ့ယဥ္ေက်းမႈမ်ား ထိခိုက္မႈျဖစ္လာမည္ကို စိုးရိမ္သည့္ ေဒသခံမ်ားက အဆိုပါေဒသတြင္ ေဖၚေဆာင္မည့္ ရပ္ရြာအေျချပဳခရီးသြားလုပ္ငန္းအား ကန္႔ကြက္ရန္ႀကိဳးစားေနေၾကာင္း သိရသည္။

ဖ႐ူဆိုၿမိဳ႕ႏွင့္ ဆယ္မိုင္ခန္႔အကြာရိွ ထီဖ႐ူႏူဂူတြင္ ေရတံခြန္ငယ္မ်ား၊ ေက်ာက္စက္ပန္းဆြဲမ်ားႏွင့္ ေျမေအာက္ဂူမ်ား႐ွိေနျခင္းေၾကာင့္ ရပ္ရြာအေျချပဳခရီးသြားလုပ္ငန္း ေဖၚေဆာင္ရန္ ျပည္နယ္အစိုးရအဖြဲ႔က ေလ့လာေနျခင္းျဖစ္ေၾကာင္း သိရသည္။

" ကြၽန္မတို႔ ဘာလို႔ ကန္႔ကြက္လဲဆို ဒီေနာက္ပိုင္း လာတဲ့သူေတြ အရမ္းမ်ားလာတယ္။ လာတာေတာ့ အစက ဘာမွ မျဖစ္ဘူး။ ေနာက္ပိုင္းက်ေတာ့ အမိႈက္ေတြ ပစ္ခ်င္တိုင္းပစ္ခဲ့တယ္။ ကြၽန္မတို႔ေတြ လိုက္ေကာက္ရတယ္။ အမိႈက္အိတ္ထားေပးလည္း ပစ္တာပဲ။ ဒီဂူက ကြ်န္မတို႔ရဲ႕ ဘိုးဘြားစဥ္ဆက္က ႐ုိးရာသမိုင္းေၾကာင္းေတြနဲ႔ ႐ွိခဲ့တာ။ ေနာက္ၿပီး သမီးရည္းစားေတြ လာၾကတယ္။ မဖြယ္မရာလုပ္တာေတြ ႐ွိတယ္။ ကိုယ္တိုင္လည္း ျမင္ခဲ့ရတယ္။ လူငယ္ေတြ အုပ္စုလိုက္လာတယ္။ အရက္ေသာက္တယ္။ ရန္ျဖစ္ၾကတယ္ေပါ့။ ၾကာလာရင္ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ဘူး။ အရင္လိုပဲ ကြၽန္မတို႔ျပန္ထားေတာ့မယ္။ လာခြင့္မျပဳေတာ့ဘူး။ အခု ဒီဂူနဲ႔ သဘာဝပတ္ဝန္းက်င္ ရြာ (၁၃) ရြာ ေလာက္ လက္မွတ္ထိုးၿပီး ကန္႔ကြက္ၾကမယ္"ဟု အဆိုပါလိုဏ္ဂူအနီးရိွ ေမာ္သီဒိုေက်းရြာမွ ေဒၚဇူဇံနာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

အဆိုပါ သဘာဝလိႈဏ္ဂူမွာ ဖ႐ူဆိုၿမိဳ႕ႏွင့္ ဒီးေမာ့ဆိုၿမိဳ႕မ်ား၏ အဓိကေရအရင္းျမစ္ျဖစ္ၿပီး ေငြေတာင္ေခ်ာင္း၊ ကြိဳင္ငံေရထြက္ေပါက္တို႔၏ အရင္းအျမစ္ေနရာျဖစ္သျဖင့္ စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္ျခင္းမ်ားက ေရထုညစ္ညမ္းမႈနွင့္ ေရအရင္းအျမစ္အား ထိခို္က္ေစမည္ကို စိုးရိမ္သည့္အျပင္ ခရီးသြားလုပ္ငန္း ဧရိယာသတ္မွတ္ေဖၚေဆာင္ပါက သဘာဝသားရဲတိရိစာၦန္မ်ား ႐ွားပါးျခင္းႏွင့္ အိမ္ေမြးတိရစၧာန္မ်ားအတြက္ စားက်က္ေျမမ်ားလည္း က်ဥ္းေျမာင္းလာမည္ကို ေဒသခံမ်ားက စိုးရိမ္ျခင္းျဖစ္ေၾကာင္း သိရသည္။

" ဒီဂူရဲ႕ ေရနဲ႔ အနီးဆုံးေနရာမွာ ကြၽန္ေတာ္တို႔ရြာ ႐ွိပါတယ္။ ဒီဂူရဲ႕ ေရက ေရထြက္ေတြရဲ႕ေငြေတာင္ေခ်ာင္းရဲ႕ အဓိက အက်ဆုံး ေရးအရင္းျမစ္ပါ။ ဒါေတြ ညစ္ညမ္းသြားမွာ။ ၿပီးေတာ့ ဒီခရီးသြားလုပ္ငန္းသာလုပ္ရင္ ကၽြန္ေတာ္တို႔ေတာလိုက္ေနက် သားေကာင္ေတြရဲ႕ေနရာ ၿပီးေတာ့ ေတာင္ယာေတြ လုပ္ဖို႔ေနရာေတြ ေတာ္ေတာ္က်ဥ္းေျမာင္း လာမယ္။ ဒါေၾကာင့္ မလုပ္ေစခ်င္ဘူး။ ၿပီးေတာ့ လင္းႏို႕ေခ်းကေန ယမ္း လုပ္တာေပါ့။ ဒီလုပ္ငန္းလည္း ပ်က္စီးလာမယ္။ ဒါေၾကာင့္ ကန္႔ကြက္မွာပါ။ အထူးအဆန္း ဒီဂူကုိ လာၾကည့္ခ်င္တဲ့သူေတာ့ ႐ွိမွာပဲေလ။ ကၽြန္ေတာ့္တစ္ေယာက္အျမင္အရဆို လာလို႔ရတယ္။ ဒါေပမဲ့ စည္းကမ္းမဲ့တာ အဆိုးဆုံး၊ မဖြယ္မရာလုပ္တာေတြက လုံးဝ ဒီမကုိက္ဘူးေပါ့။ ဒါေတြ မ႐ွိရင္ တစ္မ်ိဳးေပါ့" ဟု  ထီဖ႐ူႏူ ဂူအနီး႐ွိ ဟန္လီေက်းရြာမွ ဦးေတာရယ္က ေျပာသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ အစိုးရအေနျဖင့့္ လုပ္ငန္းအေကာင္အထည္ေဖၚမည္ဆိုပါက ေဒသခံမ်ား၏စိုးရိမ္မႈမ်ားကို ထည့္သြင္းစဥ္းစားရန္ လိုအပ္သည္ဟု အရပ္ဖက္အဖြဲ႔မ်ားက ေထာက္ျပ ေျပာဆိုထားသည္။

" အဓိက ေဒသခံေတြကိုေလးစားဖို႔ လိုတယ္။ သူတို႔ အခုလိုစိုးရိမ္လာတာလည္း သဘာဝက်ပါတယ္။ အဓိက ဒီလုပ္ငန္းေတြနဲ႔ ပတ္သက္တဲ့ အသိပညာေပးမႈေတြ ၿပီးေတာ့ အက်ိဳးအျမတ္ကို ဘယ္လိုယူရမလဲဆိုတာေတြ ေနာက္သူတို႔အတြက္ ဘယ္လို အာမခံခ်က္မ်ိဳးေပးဖို႔ဆိုတာေတြ ထည့္သြင္းစဥ္းစားရပါမယ္။ သူတို႔က မသိပါဘူး ဆိုၿပီး စီးပြားေရးလုပ္ငန္း႐ွင္ေတြကပဲျဖစ္ျဖစ္ အစိုးရကပဲျဖစ္ျဖစ္ ဒါမေလးစားလို႔မရဘူး။ သူတို႔နဲ႔ေဆြးေႏြးရမယ္။ ဒီဂူနဲ႔ ပတ္သက္တဲ့ရြာေတြ အကုန္ေပါ့ ေခၚယူေဆြးေႏြးဖို႔လိုတယ္။ သူတို႔ လက္မခံရင္ အတင္းမလုပ္ဖို႔ေပါ့။ ဒါေတြအေရးႀကီးပါတယ္ "ဟု  ကရင္နီျပည္ေတာင္သူလယ္သမားသမဂၢမွ ကိုဒီးဒီက ေျပာသည္။

ေဒသတြင္း ရပ္ရြာအေျချပဳခရီးသြားလုပ္ငန္းအား ကန္႔ကြက္လိုအနီးဝန္းက်င္ေက်းရြာမ်ားမွ ကိုယ္စားလွယမ်ားသည္ ေအာက္တိုဘာလ (၁၉) ရက္ေန႔က ေတြ႔ဆုံေဆြးေႏြးၾကၿပီး  ကန္႔ကြက္လက္မွတ္မ်ား ေရးထိုးကာ ျပည္နယ္အစိုးရအဖြဲ႔ႏွင့္ သက္ဆုိင္ရာဌာန၊ အဖြဲ႔အစည္းမ်ားထံ ေပးပို႔သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ဖရူဆိုမြို့နယ် ထီဖရူနူသဘာဝလိုဏ်ဂူဒေသတွင် ဖေါ်ဆောင်မည့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းအား ဒေသခံများ ကန့်ကွက်ရန်ကြိုးစား
*************
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ၊ မူဆိုကျေးရွာအုပ်စု မော်သီဒိုကျေးရွာရှိ သဘာဝ ထီဖရူနူရေထွက် သဘာဝလိုဏ်ဂူဒေသတွင် ခရီးသွားများ လည်ပတ်မှုများလာပါက သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ရိုးရာ ဓလေ့ယဉ်ကျေးမှုများ ထိခိုက်မှုဖြစ်လာမည်ကို စိုးရိမ်သည့် ဒေသခံများက အဆိုပါဒေသတွင် ဖေါ်ဆောင်မည့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းအား ကန့်ကွက်ရန်ကြိုးစားနေကြောင်း သိရသည်။

ဖရူဆိုမြို့နှင့် ဆယ်မိုင်ခန့်အကွာရှိ ထီဖရူနူဂူတွင် ရေတံခွန်ငယ်များ၊ ကျောက်စက်ပန်းဆွဲများနှင့် မြေအောက်ဂူများရှိနေခြင်းကြောင့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဖေါ်ဆောင်ရန် ပြည်နယ်အစိုးရအဖွဲ့က လေ့လာနေခြင်းဖြစ်ကြောင်း သိရသည်။

" ကျွန်မတို့ ဘာလို့ ကန့်ကွက်လဲဆို ဒီနောက်ပိုင်း လာတဲ့သူတွေ အရမ်းများလာတယ်။ လာတာတော့ အစက ဘာမှ မဖြစ်ဘူး။ နောက်ပိုင်းကျတော့ အမှိုက်တွေ ပစ်ချင်တိုင်းပစ်ခဲ့တယ်။ ကျွန်မတို့တွေ လိုက်ကောက်ရတယ်။ အမှိုက်အိတ်ထားပေးလည်း ပစ်တာပဲ။ ဒီဂူက ကျွန်မတို့ရဲ့ ဘိုးဘွားစဉ်ဆက်က ရိုးရာသမိုင်းကြောင်းတွေနဲ့ ရှိခဲ့တာ။ နောက်ပြီး သမီးရည်းစားတွေ လာကြတယ်။ မဖွယ်မရာလုပ်တာတွေ ရှိတယ်။ ကိုယ်တိုင်လည်း မြင်ခဲ့ရတယ်။ လူငယ်တွေ အုပ်စုလိုက်လာတယ်။ အရက်သောက်တယ်။ ရန်ဖြစ်ကြတယ်ပေါ့။ ကြာလာရင် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ အရင်လိုပဲ ကျွန်မတို့ပြန်ထားတော့မယ်။ လာခွင့်မပြုတော့ဘူး။ အခု ဒီဂူနဲ့ သဘာဝပတ်ဝန်းကျင် ရွာ (၁၃) ရွာ လောက် လက်မှတ်ထိုးပြီး ကန့်ကွက်ကြမယ်"ဟု အဆိုပါလိုဏ်ဂူအနီးရှိ မော်သီဒိုကျေးရွာမှ ဒေါ်ဇူဇံနာက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါ သဘာဝလှိုဏ်ဂူမှာ ဖရူဆိုမြို့နှင့် ဒီးမော့ဆိုမြို့များ၏ အဓိကရေအရင်းမြစ်ဖြစ်ပြီး ငွေတောင်ချောင်း၊ ကွိုင်ငံရေထွက်ပေါက်တို့၏ အရင်းအမြစ်နေရာဖြစ်သဖြင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများက ရေထုညစ်ညမ်းမှုနှင့် ရေအရင်းအမြစ်အား ထိခို်က်စေမည်ကို စိုးရိမ်သည့်အပြင် ခရီးသွားလုပ်ငန်း ဧရိယာသတ်မှတ်ဖေါ်ဆောင်ပါက သဘာဝသားရဲတိရိစ္ဆာန်များ ရှားပါးခြင်းနှင့် အိမ်မွေးတိရစ္ဆာန်များအတွက် စားကျက်မြေများလည်း ကျဉ်းမြောင်းလာမည်ကို ဒေသခံများက စိုးရိမ်ခြင်းဖြစ်ကြောင်း သိရသည်။

" ဒီဂူရဲ့ ရေနဲ့ အနီးဆုံးနေရာမှာ ကျွန်တော်တို့ရွာ ရှိပါတယ်။ ဒီဂူရဲ့ ရေက ရေထွက်တွေရဲ့ငွေတောင်ချောင်းရဲ့ အဓိက အကျဆုံး ရေးအရင်းမြစ်ပါ။ ဒါတွေ ညစ်ညမ်းသွားမှာ။ ပြီးတော့ ဒီခရီးသွားလုပ်ငန်းသာလုပ်ရင် ကျွန်တော်တို့တောလိုက်နေကျ သားကောင်တွေရဲ့နေရာ ပြီးတော့ တောင်ယာတွေ လုပ်ဖို့နေရာတွေ တော်တော်ကျဉ်းမြောင်း လာမယ်။ ဒါကြောင့် မလုပ်စေချင်ဘူး။ ပြီးတော့ လင်းနို့ချေးကနေ ယမ်း လုပ်တာပေါ့။ ဒီလုပ်ငန်းလည်း ပျက်စီးလာမယ်။ ဒါကြောင့် ကန့်ကွက်မှာပါ။ အထူးအဆန်း ဒီဂူကို လာကြည့်ချင်တဲ့သူတော့ ရှိမှာပဲလေ။ ကျွန်တော့်တစ်ယောက်အမြင်အရဆို လာလို့ရတယ်။ ဒါပေမဲ့ စည်းကမ်းမဲ့တာ အဆိုးဆုံး၊ မဖွယ်မရာလုပ်တာတွေက လုံးဝ ဒီမကိုက်ဘူးပေါ့။ ဒါတွေ မရှိရင် တစ်မျိုးပေါ့" ဟု  ထီဖရူနူ ဂူအနီးရှိ ဟန်လီကျေးရွာမှ ဦးတောရယ်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အစိုးရအနေဖြင့့် လုပ်ငန်းအကောင်အထည်ဖေါ်မည်ဆိုပါက ဒေသခံများ၏စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု အရပ်ဖက်အဖွဲ့များက ထောက်ပြ ပြောဆိုထားသည်။

" အဓိက ဒေသခံတွေကိုလေးစားဖို့ လိုတယ်။ သူတို့ အခုလိုစိုးရိမ်လာတာလည်း သဘာဝကျပါတယ်။ အဓိက ဒီလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေ ပြီးတော့ အကျိုးအမြတ်ကို ဘယ်လိုယူရမလဲဆိုတာတွေ နောက်သူတို့အတွက် ဘယ်လို အာမခံချက်မျိုးပေးဖို့ဆိုတာတွေ ထည့်သွင်းစဉ်းစားရပါမယ်။ သူတို့က မသိပါဘူး ဆိုပြီး စီးပွားရေးလုပ်ငန်းရှင်တွေကပဲဖြစ်ဖြစ် အစိုးရကပဲဖြစ်ဖြစ် ဒါမလေးစားလို့မရဘူး။ သူတို့နဲ့ဆွေးနွေးရမယ်။ ဒီဂူနဲ့ ပတ်သက်တဲ့ရွာတွေ အကုန်ပေါ့ ခေါ်ယူဆွေးနွေးဖို့လိုတယ်။ သူတို့ လက်မခံရင် အတင်းမလုပ်ဖို့ပေါ့။ ဒါတွေအရေးကြီးပါတယ် "ဟု  ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ကိုဒီးဒီက ပြောသည်။

ဒေသတွင်း ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းအား ကန့်ကွက်လိုအနီးဝန်းကျင်ကျေးရွာများမှ ကိုယ်စားလှယများသည် အောက်တိုဘာလ (၁၉) ရက်နေ့က တွေ့ဆုံဆွေးနွေးကြပြီး  ကန့်ကွက်လက်မှတ်များ ရေးထိုးကာ ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~