
အောကျတိုဘာ 21, 2017
By 🌸



သတင်း #စိုင်းဇေယျာ

~~~~~~~~⊰❂ unicode ~~~~~~~~
ဆိုင်ကယ်လေစစ်ဘူးအတွင်းထည့်၍ သယ်လာသည့် စိတ်ကြွရူးသွပ်ဆေးပြားများ ကျိုင်းတုံမြို့ နောင်ဖာရဲကင်းတွင် ဖမ်းဆီးရမိ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အသက် ၂၀ အရွယ်လူငယ်တစ်ဦး၏ ဆိုင်ကယ်အတွင်း ဝှက်၍ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀)ကို အောက်တိုဘာလ (၂၀)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ နောင်ဖာရဲကင်းရှေ့တွင် စစ်ဆေးနေစဉ် နံနက်(၁၀)နာရီ (၄၅)မိနစ်ခန့်အချိန်က လူငယ်တစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရာ ဆိုင်ကယ်၏လေစစ်ဘူးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် ကျတီအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~