က်ိဳင္းတုံၿမိဳ႕ ဟိုေနာင္စင္ရြာတြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားႏွစ္ေထာင္ေက်ာ္ ဖမ္းဆီးရမိ

က်ိဳင္းတုံၿမိဳ႕ ဟိုေနာင္စင္ရြာတြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားႏွစ္ေထာင္ေက်ာ္ ဖမ္းဆီးရမိ
အောက်တိုဘာ 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္၊ ဟိုေနာင္စင္ေက်းရြာမွ ေနအိမ္တစ္လံုးအား ေအာက္တိုဘာလ (၁၆)ရက္ေန႔ ညေန (၂)နာရီခြဲခန္႔က ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြရူးသြပ္ေဆးျပား ႏွစ္ေထာင္ေက်ာ္အား ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတုံမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ဟိုေနာင္စင္ေက်းရြာမွ ေအာင္ျမင့္ဦး ႏွင့္ ထူးထူးလြင္တို႔၏ ေနအိမ္ကို ဝင္ေရာက္ရွာေဖြရာ ေအာင္ျမင့္ဦးအား ေနအိမ္တြင္ ေတြ႕ရွိရၿပီး ေနအိမ္မွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၂၃၅) ျပားအား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားရွာေဖြေတြ႔ရိွရသည့္ ေနအိမ္မွ ေအာင္ျမင့္ဦးႏွင့္ ထူးထူးလြင္တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားၿပီး ထူးထူးလြင္အား ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဟိုနောင်စင်ကျေးရွာမှ နေအိမ်တစ်လုံးအား အောက်တိုဘာလ (၁၆)ရက်နေ့ ညနေ (၂)နာရီခွဲခန့်က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား နှစ်ထောင်ကျော်အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုနောင်စင်ကျေးရွာမှ အောင်မြင့်ဦး နှင့် ထူးထူးလွင်တို့၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အောင်မြင့်ဦးအား နေအိမ်တွင် တွေ့ရှိရပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၂၂၃၅) ပြားအား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများရှာဖွေတွေ့ရှိရသည့် နေအိမ်မှ အောင်မြင့်ဦးနှင့် ထူးထူးလွင်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ထူးထူးလွင်အား ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~