ကျောက်မဲမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မွမ်းမံသင်တန်း စတင်

ကျောက်မဲမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မွမ်းမံသင်တန်း စတင်
အောကျတိုဘာ 9, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျောက်မဲမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ခြင်း နှင့် ကယ်ဆယ်ရေးလုပ်ငန်းများဆိုင်ရာ လေ့ကျင့်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁ / ၂၀၁၇ )အား အောက်တိုဘာလ(၉)ရက်နေ့ နံနက်(၈)နာရီကဖွင့်လှစ်ကာ စတင်နေပြီဖြစ်ကြောင်း သိရသည်။

"သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ မီးသတ်ဦးစီးဌာနရဲ့ အဓိကရည်ရွယ်ချက်တွေဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ ရှာဖွေကယ်ဆယ်ရေး နဲ့ ပြည်သူ့ အကျိုးပြုဆောင်ရွက်ရေး စတဲ့ ရည်ရွယ်ချက်တွေကို ဖော်ဆောင်တဲ့နေရာမှာ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်တွေ အပြင် အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း စွမ်းရည်ပြည့်ဝနေစေဖို့နဲ့ နိုင်ငံတော်အတွက် လိုအပ်လာတဲ့အခါမှာ ကျရာ အခန်းကဏ္ဍက ပါဝင်ကူညီဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ်ဖွင့်လှစ်တာ ဖြစ်ပါတယ်"ဟု ကျောက်မဲမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဇော်မင်းဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။


သင်ခန်းစာအနေဖြင့် တစ်ချိန်လျှင်(၄၀)မိနစ်၊ တစ်ရက်လျှင်သင်တန်းချိန်(၅)ချိန်၊ တစ်ပတ်လျှင် သင်တန်းချိန် (၂၅) ချိန်နှင့် ရက်သတ္တပတ် (၄) ပတ် သင်ကြားပေးမည်ဖြစ်ပြီး နိုဝင်ဘာလ (၃) ရက်နေ့တွင် မီးသတ်ပညာ ဆန်းစစ်ချက်၊ အသက်ကယ်ပညာ ဆန်းစစ်ချက်တို့ပြုလုပ်ပြီး သင်တန်းဆင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - #နေဖြိုးမြင့်



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျောက်မဲမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ခြင်း နှင့် ကယ်ဆယ်ရေးလုပ်ငန်းများဆိုင်ရာ လေ့ကျင့်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁ / ၂၀၁၇ )အား အောက်တိုဘာလ(၉)ရက်နေ့ နံနက်(၈)နာရီကဖွင့်လှစ်ကာ စတင်နပြေီဖြစ်ကြောင်း သိရသည်။

"သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ မီးသတ်ဦးစီးဌာနရဲ့ အဓိကရည်ရွယ်ချက်တွဖြေစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ ရှာဖွေကယ်ဆယ်ရေး နဲ့ ပြည်သူ့ အကျိုးပြုဆောင်ရွက်ရေး စတဲ့ ရည်ရွယ်ချက်တွေကို ဖော်ဆောင်တဲ့နေရာမှာ သန္ဓမေီးသတ် တပ်ဖွဲ့ဝင်တွေ အပြင် အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း စွမ်းရည်ပြည့်ဝနေစေဖို့နဲ့ နိုင်ငံတော်အတွက် လိုအပ်လာတဲ့အခါမှာ ကျရာ အခန်းကဏ္ဍက ပါဝင်ကူညီဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ်ဖွင့်လှစ်တာ ဖြစ်ပါတယ်"ဟု ကျောက်မဲမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဇော်မင်းဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကျောက်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်တက်ရောက်ခဲ့ပြီး အမှတ်စဉ်(၁/၂၀၁၇) တွင် တက်ရောက်မည့် သင်တန်းသား(၅၀)ဦးအတွက် အရေးပေါ်မီးငြှိမ်းသတ်ရေးကိရိယာများအကြောင်း၊ မီးသတ်ဆေးဘူးလက်တွေ့ကိုင်တွယ်အသုံးချနည်း၊ လှေကား လေ့ကျင့်ခန်း၊ အပေါ့စား မီးသတ်စက် နေရာယူနည်း၊ အပေါ့စား မီးသတ်စက်အသုံးပြုနည်း၊ အခြေခံကြိုးချည်နည်း၊ အဆင့်မြင့်ရှာဖွေ ကယ်ဆယ်ရေး ပစ္စည်းကိရိယာလေ့ကျင့်ခန်း၊ အသက်ရှူကိရိယာ BA စက် လေ့ကျင့်ခန်း၊ လူနာသယ်ဆောင်နည်း အမျိုးမျိုး၊ မီးလောင်ခံရသူအားရှေးဦးသူနာပြုစုနည်း၊ ဒေသန္တရ အသက်ကယ် ပစ္စည်းအသုံးပြုနည်း အပါအဝင် အပြည်ပြည်ဆိုင်ရာ မြို့ပြရှာဖွေကယ်ဆယ်ရေး ဘာသာရပ် ( ငလျင်၊ မော်တော်ယာဉ်၊ မတော်တဆမှု ) တို့ အား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်ခန်းစာအနဖြေင့် တစ်ချိန်လျှင်(၄၀)မိနစ်၊ တစ်ရက်လျှင်သင်တန်းချိန်(၅)ချိန်၊ တစ်ပတ်လျှင် သင်တန်းချိန် (၂၅) ချိန်နှင့် ရက်သတ္တပတ် (၄) ပတ် သင်ကြားပေးမည်ဖြစ်ပြီး နိုဝင်ဘာလ (၃) ရက်နေ့တွင် မီးသတ်ပညာ ဆန်းစစ်ချက်၊ အသက်ကယ်ပညာ ဆန်းစစ်ချက်တို့ပြုလုပ်ပြီး သင်တန်းဆင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - #နဖြေိုးမြင့်
ဓာတ်ပုံ - မြို့နယ်မီးသတ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~