ေက်ာက္မဲခရိုင္ မန္ေခါက္ရြာမွ ပညာေရးဝန္ထမ္းအမ်ိဳးသမီး၏ေနအိမ္သို႔ လက္နက္ကိုင္ႏွစ္ဦးဝင္ေရာက္ အဓမၼျပဳက်င့္

ေက်ာက္မဲခရိုင္ မန္ေခါက္ရြာမွ ပညာေရးဝန္ထမ္းအမ်ိဳးသမီး၏ေနအိမ္သို႔ လက္နက္ကိုင္ႏွစ္ဦးဝင္ေရာက္ အဓမၼျပဳက်င့္
အောက်တိုဘာ 26, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခရိုင္ မိုင္းေင့ါၿမိဳ႕နယ္ မန္ေခါက္ေက်းရြာမွ ပညာေရးဝန္ထမ္း အမ်ိဳးသမီး၏ေနအိမ္သို႔ ေအာက္တိုဘာလ (၂၅)ရက္ေန႔ နံနက္ (၁)နာရီခန္႔တြင္ TNLA အဖြဲ႔တံဆိပ္ပါသည့္ ဝတ္စံုဝတ္ထားသည့္ လက္နက္ကိုင္(၂)ဦးေရာက္လာၿပီး အဓမၼျပဳက်င့္ကာ ေနအိမ္တြင္း ရွာေဖြမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

“ျဖစ္စဥ္နဲ႔ပတ္သက္လို႔ ကၽြန္ေတာ္တို႔အေနနဲ႔ စံုစမ္းသိရိွရသေလာက္ ျပည္နယ္အစိုးရအဖြဲ႔ကို တင္ျပထားၿပီး ျဖစ္ပါတယ္။ ဒါက လံုၿခံဳေရးကိစၥျဖစ္ေနၿပီး တစ္ဖက္ကလည္း ၿငိမ္းခ်မ္းေရးအဖဲြဲ႕ေတြနဲ႔ ပတ္သက္လာအံုးမယ္ဆိုေတာ့ အဲဒီကိစၥကိုေတာ့ ျပည္နယ္အစိုးရကပဲ ညႊန္ၾကားပါလိမ့္မယ္”ဟု ေက်ာက္မဲခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ခ်ိဳဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လက္နက္ကိုင္ႏွစ္ဦးသည္ လက္ကိုင္ဖုန္း(၂)လံုးကို ယူေဆာင္သြားၿပီး နံနက္(၃)နာရီခန္႔တြင္ ျပန္လည္ ထြက္ခြာသြားခဲ့ေၾကာင္းသိရၿပီး အဆိုပါကိစၥႏွင့္ပတ္သက္၍ ေက်ာက္မဲၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဌာနႏွင့္ ျပည္နယ္ ပညာေရးဌာနမ်ားသို႔ ေက်ာက္မဲၿမိဳ႕နယ္ ပညာေရးမွဴးရံုးမွ တင္ျပထားျခင္းျဖစ္ေၾကာင္း သိရသည္။

“မနက္(၁)နာရီေလာက္မွာေပါ့။ အဲဒီ ဆရာမႀကီးရဲ့ေနအိမ္ကို TNLA တံဆိပ္နဲ႔ ဝတ္စံုဝတ္ဆင္ထားတဲ့ လက္နက္ကိုင္(၂)ဦးက ေရာက္လာတယ္။ အိမ္ထဲဝင္ၿပီးေတာ့ ပစၥည္းေတြ ေမႊေႏွာက္ရွာေဖြတယ္။ ၿပီးေတာ့ ဆရာမႀကီးကို အိမ္ျပင္ဆြဲထုတ္ၿပီး မေတာ္မတရားျပဳက်င့္တယ္။ လက္ကိုင္ဖုန္းႏွစ္လံုးကို ယူေဆာင္ၿပီး ထြက္သြားတယ္လို႔ သိရပါတယ္။ မတရားက်င့္ခံရတဲ့ဆရာမႀကီး အပါအဝင္ အဲဒီေက်ာင္းက ဆရာ၊ ဆရာမ(၁၃)ဦးကို ေက်ာက္မဲကိုျပန္ေခၚလာေနပါတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္ပညာေရးမွဴးရံုးမွ တာဝန္ရိွသူက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္ပညာေရးမွဴးရံုးမွ လက္ေထာက္ ပညာေရးမွဴးႏွင့္ ဝန္ထမ္းမ်ားပါဝင္သည့္အဖြဲ႔က ေအာက္တိုဘာလ(၂၅)ရက္ေန႔ နံနက္(၁၀)နာရီခန္႔တြင္ အဆိုပါေက်းရြာသို႔သြားေရာက္ကာ ျဖစ္စဥ္အေသးစိတ္အား စံုစမ္းျခင္းႏွင့္ မန္ေခါက္ေက်းရြာမွ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား၊ မိဘဆရာအသင္း၊ ေက်ာင္းအက်ိဳး ေတာ္ေဆာင္ အဖြဲ႔မ်ားႏွင့္ ညွိႏိႈင္းကာ အဆိုပါရြာရိွ ပညာေရးဝန္ထမ္းမ်ား၏ လံုၿခံဳေရးအတြက္ မိုင္းေငါ့ၿမိဳ႕မွတစ္ဆင့္ ေက်ာက္မဲၿမိဳ႕သို႔ ေခၚေဆာင္လာရန္စီစဥ္ေနေၾကာင္း သိရသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ေက်ာက္မဲခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးႏွင့္ ေက်ာက္မဲၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရံုးသို႔ ဆက္သြယ္ စံုစမ္းရာတြင္ ၄င္းျဖစ္စဥ္ႏွင့္ပတ္သက္သည့္ အေၾကာင္းတစ္စံုတစ္ရာအတည္ျပဳ ေျပာၾကားမႈမရွိခဲ့ပါ။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲခရိုင် မန်ခေါက်ရွာမှ ပညာရေးဝန်ထမ်းအမျိုးသမီး၏နေအိမ်သို့ လက်နက်ကိုင်နှစ်ဦးဝင်ရောက် အဓမ္မပြုကျင့်
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် မိုင်းငေ့ါမြို့နယ် မန်ခေါက်ကျေးရွာမှ ပညာရေးဝန်ထမ်း အမျိုးသမီး၏နေအိမ်သို့ အောက်တိုဘာလ (၂၅)ရက်နေ့ နံနက် (၁)နာရီခန့်တွင် TNLA အဖွဲ့တံဆိပ်ပါသည့် ဝတ်စုံဝတ်ထားသည့် လက်နက်ကိုင်(၂)ဦးရောက်လာပြီး အဓမ္မပြုကျင့်ကာ နေအိမ်တွင်း ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ စုံစမ်းသိရှိရသလောက် ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားပြီး ဖြစ်ပါတယ်။ ဒါက လုံခြုံရေးကိစ္စဖြစ်နေပြီး တစ်ဖက်ကလည်း ငြိမ်းချမ်းရေးအဖွဲဲ့တွေနဲ့ ပတ်သက်လာအုံးမယ်ဆိုတော့ အဲဒီကိစ္စကိုတော့ ပြည်နယ်အစိုးရကပဲ ညွှန်ကြားပါလိမ့်မယ်”ဟု ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လက်နက်ကိုင်နှစ်ဦးသည် လက်ကိုင်ဖုန်း(၂)လုံးကို ယူဆောင်သွားပြီး နံနက်(၃)နာရီခန့်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်းသိရပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ပြည်နယ် ပညာရေးဌာနများသို့ ကျောက်မဲမြို့နယ် ပညာရေးမှူးရုံးမှ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

“မနက်(၁)နာရီလောက်မှာပေါ့။ အဲဒီ ဆရာမကြီးရဲ့နေအိမ်ကို TNLA တံဆိပ်နဲ့ ဝတ်စုံဝတ်ဆင်ထားတဲ့ လက်နက်ကိုင်(၂)ဦးက ရောက်လာတယ်။ အိမ်ထဲဝင်ပြီးတော့ ပစ္စည်းတွေ မွှေနှောက်ရှာဖွေတယ်။ ပြီးတော့ ဆရာမကြီးကို အိမ်ပြင်ဆွဲထုတ်ပြီး မတော်မတရားပြုကျင့်တယ်။ လက်ကိုင်ဖုန်းနှစ်လုံးကို ယူဆောင်ပြီး ထွက်သွားတယ်လို့ သိရပါတယ်။ မတရားကျင့်ခံရတဲ့ဆရာမကြီး အပါအဝင် အဲဒီကျောင်းက ဆရာ၊ ဆရာမ(၁၃)ဦးကို ကျောက်မဲကိုပြန်ခေါ်လာနေပါတယ်”ဟု ကျောက်မဲမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက် ပညာရေးမှူးနှင့် ဝန်ထမ်းများပါဝင်သည့်အဖွဲ့က အောက်တိုဘာလ(၂၅)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် အဆိုပါကျေးရွာသို့သွားရောက်ကာ ဖြစ်စဉ်အသေးစိတ်အား စုံစမ်းခြင်းနှင့် မန်ခေါက်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မိဘဆရာအသင်း၊ ကျောင်းအကျိုး တော်ဆောင် အဖွဲ့များနှင့် ညှိနှိုင်းကာ အဆိုပါရွာရှိ ပညာရေးဝန်ထမ်းများ၏ လုံခြံုရေးအတွက် မိုင်းငေါ့မြို့မှတစ်ဆင့် ကျောက်မဲမြို့သို့ ခေါ်ဆောင်လာရန်စီစဉ်နေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ် စုံစမ်းရာတွင် ၄င်းဖြစ်စဉ်နှင့်ပတ်သက်သည့် အကြောင်းတစ်စုံတစ်ရာအတည်ပြု ပြောကြားမှုမရှိခဲ့ပါ။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~