ေက်ာက္မဲတြင္ ယိုးဒယားႏွစ္လံုးထီေရာင္းခ်သည့္ဆက္စပ္ပစၥည္းမ်ားျဖင့္ ဖမ္းဆီးရမိသူအား အမႈဖြင့္ထား

ေက်ာက္မဲတြင္ ယိုးဒယားႏွစ္လံုးထီေရာင္းခ်သည့္ဆက္စပ္ပစၥည္းမ်ားျဖင့္ ဖမ္းဆီးရမိသူအား အမႈဖြင့္ထား
အောက်တိုဘာ 27, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အမွတ္(၉) ရပ္ကြက္ရွိ ေနအိမ္အား ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔ႏွင့္ အသိသက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ေအာက္တိုဘာလ (၂၇)ရက္ ညေနပိုင္းက ဝင္ေရာက္ရွာေဖြရာ တရားမဝင္ ယိုးဒယားႏွစ္လံုးထီႏွင့္ ဆက္စပ္ပစၥည္းမ်ားအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

အဆိုပါေနအိမ္တြင္ အသက္(၄၇)ႏွစ္ အရြယ္အမ်ိဳးသားတစ္ဦးႏွင့္အတူ ဆိုင္ကယ္၏ တူးေဘာက္စ္အတြင္းမွ ယိုးဒယားႏွစ္လံုးထီ ေရာင္းခ်သည့္မွတ္တမ္းစာရြက္မ်ား၊ ဆက္စပ္ပစၥည္းမ်ားႏွင့္ ေလာင္းေၾကးေငြ အခ်ိဳ႕အား အသိသက္ေသမ်ားႏွင့္အတူရွာေဖြေတြ႔ရွိခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ တရားဝင္ေရာင္းခ်ခြင့္မရိွသည့္ ယိုးဒယားႏွစ္လံုးထီေရာင္းခ်သည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ေတြ႔ရသည့္ အမ်ိဳးသားအား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ (ပ) ၄၀၉/ ၂၀၁၇၊ ေလာင္းကစားဥပေဒပုဒ္မ -၁၅ (က)/ ၁၆(က) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ရဲတပ္ဖြဲ႔

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲတွင် ယိုးဒယားနှစ်လုံးထီရောင်းချသည့်ဆက်စပ်ပစ္စည်းများဖြင့် ဖမ်းဆီးရမိသူအား အမှုဖွင့်ထား

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၉) ရပ်ကွက်ရှိ နေအိမ်အား ကျောက်မဲမြို့မရဲတပ်ဖွဲ့နှင့် အသိသက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့က အောက်တိုဘာလ (၂၇)ရက် ညနေပိုင်းက ဝင်ရောက်ရှာဖွေရာ တရားမဝင် ယိုးဒယားနှစ်လုံးထီနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါနေအိမ်တွင် အသက်(၄၇)နှစ် အရွယ်အမျိုးသားတစ်ဦးနှင့်အတူ ဆိုင်ကယ်၏ တူးဘောက်စ်အတွင်းမှ ယိုးဒယားနှစ်လုံးထီ ရောင်းချသည့်မှတ်တမ်းစာရွက်များ၊ ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေ အချို့အား အသိသက်သေများနှင့်အတူရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တရားဝင်ရောင်းချခွင့်မရှိသည့် ယိုးဒယားနှစ်လုံးထီရောင်းချသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရသည့် အမျိုးသားအား ကျောက်မဲမြို့မရဲစခန်းတွင် (ပ) ၄၀၉/ ၂၀၁၇၊ လောင်းကစားဥပဒေပုဒ်မ -၁၅ (က)/ ၁၆(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~