ေက်ာက္မဲၿမိဳ႕ ေတာင္ေနာက္ရြာတြင္ ဘုရားမီးပူေဇာ္ရာမွ ေနအိမ္ႏွင့္ လက္တြန္းထြန္စက္မီးေလာင္

ေက်ာက္မဲၿမိဳ႕ ေတာင္ေနာက္ရြာတြင္ ဘုရားမီးပူေဇာ္ရာမွ ေနအိမ္ႏွင့္ လက္တြန္းထြန္စက္မီးေလာင္
အောက်တိုဘာ 6, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ေတာင္ေနာက္ေက်းရြာရွိ လူေနအိမ္တစ္လံုးတြင္ ေအာက္တိုဘာလ (၅) ရက္ေန႔ ည(၇)နာရီခန္႔က ေနအိမ္ဘုရားစင္၌ ဘုုရားမီးပူေဇာ္ထားရာမွ ေနအိမ္တစ္လံုးႏွင့္ လက္တြန္းထြန္စက္တစ္စီး မီးေလာင္ကၽြမ္းမႈျဖစ္ပြားေၾကာင္း သိရသည္။

“ေနအိမ္ဘုရားစင္မွာ မီးပူေဇာ္တာ ေအာက္ခံခြက္မပါဘဲ ထြန္းထားရာကေန မီးေလာင္ကၽြမ္းမႈျဖစ္တယ္လို႔ စစ္ေဆးေတြ႔ရွိရပါတယ္။ လူနဲ႔အျခားအရာေတြ ထိခိုက္မႈမရွိခဲ့ပါဘူး။ အိမ္ကအကုန္လံုးေတာ့ ေလာင္မသြား ဘူး။ အခ်ိန္မီၿငိမ္းသတ္ႏိုင္ပါတယ္။ ေနအိမ္ပိုင္ရွင္ကိုေတာ့ မီးေပါ့ဆမႈနဲ႔အေရးယူထားပါတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးအရာရွိ ဦးေဇာ္မင္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါမီးေလာင္မႈအား မီးသတ္ယာဥ္(၃)စီးျဖင့္ ၿငိမ္းသတ္ခဲ့ၿပီး  ေနအိမ္ပိုင္ရွင္ျဖစ္သူအား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ (ပ)၃၅၁/၂၀၁၇၊ ပုဒ္မ(၂၈၅) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေက်ာက္မဲမီးသတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့ တောင်နောက်ရွာတွင် ဘုရားမီးပူဇော်ရာမှ နေအိမ်နှင့် လက်တွန်းထွန်စက်မီးလောင်
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ တောင်နောက်ကျေးရွာရှိ လူနေအိမ်တစ်လုံးတွင် အောက်တိုဘာလ (၅) ရက်နေ့ ည(၇)နာရီခန့်က နေအိမ်ဘုရားစင်၌ ဘုုရားမီးပူဇော်ထားရာမှ နေအိမ်တစ်လုံးနှင့် လက်တွန်းထွန်စက်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။

“နေအိမ်ဘုရားစင်မှာ မီးပူဇော်တာ အောက်ခံခွက်မပါဘဲ ထွန်းထားရာကနေ မီးလောင်ကျွမ်းမှုဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိရပါတယ်။ လူနဲ့အခြားအရာတွေ ထိခိုက်မှုမရှိခဲ့ပါဘူး။ အိမ်ကအကုန်လုံးတော့ လောင်မသွား ဘူး။ အချိန်မီငြိမ်းသတ်နိုင်ပါတယ်။ နေအိမ်ပိုင်ရှင်ကိုတော့ မီးပေါ့ဆမှုနဲ့အရေးယူထားပါတယ်”ဟု ကျောက်မဲမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဇော်မင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါမီးလောင်မှုအား မီးသတ်ယာဉ်(၃)စီးဖြင့် ငြိမ်းသတ်ခဲ့ပြီး  နေအိမ်ပိုင်ရှင်ဖြစ်သူအား ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၃၅၁/၂၀၁၇၊ ပုဒ်မ(၂၈၅) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ကျောက်မဲမီးသတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~