ေက်ာက္မဲၿမိဳ႕နယ္တြင္ ရထားလမ္းျဖတ္ကူးသည့္ ေထာ္လာဂ်ီအား ရထားတုိက္မိ၍ ႏွစ္ဦးဒဏ္ရာရ

ေက်ာက္မဲၿမိဳ႕နယ္တြင္ ရထားလမ္းျဖတ္ကူးသည့္ ေထာ္လာဂ်ီအား ရထားတုိက္မိ၍ ႏွစ္ဦးဒဏ္ရာရ
အောက်တိုဘာ 28, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ပကာေက်းရြာႏွင့္ ကုန္းသာေက်းရြာအၾကား ရထားလမ္းႏွင့္ ကားလမ္း ဆံုရာတြင္ ေအာက္တိုဘာလ (၂၈)ရက္ေန႔ ေန႔လယ္ (၁)နာရီခြဲခန္႔က ရထားလမ္းျဖတ္ကူးသည့္ ေထာ္လာဂ်ီအား ရထားတုိက္မိ၍ အမ်ိဳးသားႏွစ္ဦး ဒဏ္ရာရသြားၿပီး ရထားခရီးစဥ္ နာရီဝက္ေနာက္က်သြားေၾကာင္းသိရသည္။

 “ ရထားက မိနစ္(၃၀)ေလာက္ ေနာက္က်ၿပီးေတာ့ ပံုမွန္အတိုင္း ျပန္ထြက္သြားပါတယ္။ ေထာ္လာဂ်ီယာဥ္ေမာင္းကို အမႈဖြင့္ဖို႔အတြက္ ရထားတာဝန္ရွိသူေတြက ၿမိဳ႕မရဲစခန္းကိုသြားေနပါတယ္။ ရထားစီးခရီးသည္ေတြကေတာ့ ဘာမွထိခိုက္မိတာမရွိပါဘူး “ဟု ေက်ာက္မဲ ဘူတာရံုမွ ဖုန္းလက္ခံေျဖဆိုသူ တာဝန္က်ရထားဝန္ထမ္းတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မႏၱေလးမွ လားရႈိးသို႔ ေမာင္းႏွင္လာသည့္ အမွတ္(၁၃၁-အဆန္) လူစီးရထားႏွင့္ လမ္းျဖတ္ကူးသည့္ ေထာ္လာဂ်ီ ယာဥ္တစ္စီး တိုက္မိရာ ေထာ္လာဂ်ီေပၚပါ အမ်ိဳးသား(၂)ဦး ဒဏ္ရာရရွိခဲ့ၿပီး ေထာ္လာဂ်ီေမာင္းႏွင္သူအား ရထားရဲမွ တရားလိုျပဳလုပ္ကာ အမႈဖြင့္အေရးယူရန္ ေဆာင္ရြက္လွ်က္ရွိေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ သိရသည္။

ဒဏ္ရာရရိွသြားသည့္ ေထာ္လာဂ်ီေမာင္းႏွင္သူႏွင့္ ယာဥ္ေပၚပါအမ်ိဳးသားတစ္ဦးတို႔အား ေက်ာက္မဲျပည္သူ႔ေဆးရံုသို႔ ေက်ာက္မဲရွိ ဇီဝိတလူမႈကူညီေရးအသင္းမွ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့နယ်တွင် ရထားလမ်းဖြတ်ကူးသည့် ထော်လာဂျီအား ရထားတိုက်မိ၍ နှစ်ဦးဒဏ်ရာရ
*************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပကာကျေးရွာနှင့် ကုန်းသာကျေးရွာအကြား ရထားလမ်းနှင့် ကားလမ်း ဆုံရာတွင် အောက်တိုဘာလ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီခွဲခန့်က ရထားလမ်းဖြတ်ကူးသည့် ထော်လာဂျီအား ရထားတိုက်မိ၍ အမျိုးသားနှစ်ဦး ဒဏ်ရာရသွားပြီး ရထားခရီးစဉ် နာရီဝက်နောက်ကျသွားကြောင်းသိရသည်။

 “ ရထားက မိနစ်(၃၀)လောက် နောက်ကျပြီးတော့ ပုံမှန်အတိုင်း ပြန်ထွက်သွားပါတယ်။ ထော်လာဂျီယာဉ်မောင်းကို အမှုဖွင့်ဖို့အတွက် ရထားတာဝန်ရှိသူတွေက မြို့မရဲစခန်းကိုသွားနေပါတယ်။ ရထားစီးခရီးသည်တွေကတော့ ဘာမှထိခိုက်မိတာမရှိပါဘူး “ဟု ကျောက်မဲ ဘူတာရုံမှ ဖုန်းလက်ခံဖြေဆိုသူ တာဝန်ကျရထားဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မန္တလေးမှ လားရှိုးသို့ မောင်းနှင်လာသည့် အမှတ်(၁၃၁-အဆန်) လူစီးရထားနှင့် လမ်းဖြတ်ကူးသည့် ထော်လာဂျီ ယာဉ်တစ်စီး တိုက်မိရာ ထော်လာဂျီပေါ်ပါ အမျိုးသား(၂)ဦး ဒဏ်ရာရရှိခဲ့ပြီး ထော်လာဂျီမောင်းနှင်သူအား ရထားရဲမှ တရားလိုပြုလုပ်ကာ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျှက်ရှိကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။

ဒဏ်ရာရရှိသွားသည့် ထော်လာဂျီမောင်းနှင်သူနှင့် ယာဉ်ပေါ်ပါအမျိုးသားတစ်ဦးတို့အား ကျောက်မဲပြည်သူ့ဆေးရုံသို့ ကျောက်မဲရှိ ဇီဝိတလူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~