ကြတ္ခိုင္ - ေကာင္းခါးလမ္းတြင္ အမ်ိဳးသမီးႏွစ္ဦးသယ္ေဆာင္လာသည့္ စိတ္ၾကြေဆးျပားႏွင့္ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ

ကြတ္ခိုင္ - ေကာင္းခါးလမ္းတြင္ အမ်ိဳးသမီးႏွစ္ဦးသယ္ေဆာင္လာသည့္ စိတ္ၾကြေဆးျပားႏွင့္ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ
အောက်တိုဘာ 19, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕နယ္၊ ကြတ္ခိုင္ - ေကာင္းခါး ကားလမ္း၊ ယူကလစ္ေတာအနီးတြင္ ေအာက္တိုဘာလ  (၁၈) ရက္ေန႔ နံနက္ (၆)နာရီခြဲခန္႔တြင္ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသမီးႏွစ္ဦးထံမွ စိတ္ၾကြရူးသြပ္ေဆးျပားႏွင့္ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၂)မူဆယ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ အဆိုပါလမ္းပိုင္းတြင္ စစ္ေဆးေနစဥ္ ဂ်ာေမာ္ထြယ္ဆိုင္ ေမာင္းႏွင္ၿပီး ရြယ္ဆိုင္ လိုက္ပါလာသည့္ ေမာ္ေတာ္ဆိုင္ကယ္ကိုရပ္တန္႔ေစၿပီး ရွာေဖြရာ ၎တို႔ႏွစ္ဦးထံမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၀၀၀ ) ႏွင့္ ဘိန္းျဖဴ (၂၂) ဂရမ္တို႔ကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဂ်ာေမာ္ထြယ္ဆိုင္ႏွင့္ ရြယ္ဆိုင္တို႔ႏွစ္ဦးအား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကွတ်ခိုင် - ကောင်းခါးလမ်းတွင် အမျိုးသမီးနှစ်ဦးသယ်ဆောင်လာသည့် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင် - ကောင်းခါး ကားလမ်း၊ ယူကလစ်တောအနီးတွင် အောက်တိုဘာလ  (၁၈) ရက်နေ့ နံနက် (၆)နာရီခွဲခန့်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါလမ်းပိုင်းတွင် စစ်ဆေးနေစဉ် ဂျာမော်ထွယ်ဆိုင် မောင်းနှင်ပြီး ရွယ်ဆိုင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်စေပြီး ရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀ ) နှင့် ဘိန်းဖြူ (၂၂) ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျာမော်ထွယ်ဆိုင်နှင့် ရွယ်ဆိုင်တို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~