မိုင်းယုမြို့နယ်အတွင်း ရိုးရာဆင်ဆွဲပွဲတော် အလှည့်ကျသည့် ဝမ်တာကြန့်ကျေးရွာတွင် နှစ်ရက်ကြာကျင်းပနေ

မိုင်းယုမြို့နယ်အတွင်း ရိုးရာဆင်ဆွဲပွဲတော် အလှည့်ကျသည့် ဝမ်တာကြန့်ကျေးရွာတွင် နှစ်ရက်ကြာကျင်းပနေ
အောကျတိုဘာ 27, 2017
By Tachileik News Agency


အဆိုပါပွဲတော်မှာ ဒေသဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေရန်နှင့် သဘာဝဘေးကပ်ဆိုးများ ဆိုက်ကပ်မှုမရှိစေရန်အတွက် မိုင်းယုမြို့နှင့် အနီးဝန်းကျင်ကျေးရွာများတွင် နှစ်စဉ် အလှည့်ကျ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

ဆင်ဆွဲပွဲတော် အလှည့်ကျကျင်းပသည့်ရွာသည် စုပေါင်းထည့်ဝင်ငွေဖြင့် ဆင်ရုပ်များ ပြုလုပ်ကြပြီး အလှူပွဲကျင်းပသည့်နေ့တွင် အဆိုပါဆင်ရုပ်များတွင် စုပေါင်းလှူဒါန်းထားသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ အလှတန်ဆာဆင်ယင်ကာ ဆင်ရုပ်ကို ကြိုးဖြင့်ဆွဲ၍လှည့်လည်ပြသပြီး ဘုန်းကြီးကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ဆင်ဆွဲပွဲတော်သည် ဘုရားလောင်း ဝေဿန္တရာမင်းဖြစ်စဉ်က ကလိင်္ဂရာဇ်မင်းအမည်ရှိသော မင်းတိုင်းပြည်၌ မိုးခေါင်ရေရှား အစာငတ်ဘေးဆိုက်ကပ်မှုဖြစ်ခဲ့စဉ် အဆိုပါကပ်ဘေးမှ ကင်းလွတ်စေရန် ဝေဿန္တရာမင်းကြီး၏ ဆင်ဖြူတော်ပစ္စယကို ပေးလှူသည်ကို ရည်မှန်း၍ ယင်းကဲ့သို့ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ကိုနိုင်(MYu)



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတွင် ရိုးရာဓလေ့ ဆင်ဆွဲပွဲတော်ကို အောက်တိုဘာလ (၂၆)ရက်နှင့် (၂၇)ရက်နေ့များတွင် ကျင်းပနေကြောင်း သိရသည်။

အဆိုပါပွဲတော်မှာ ဒေသဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေရန်နှင့် သဘာဝဘေးကပ်ဆိုးများ ဆိုက်ကပ်မှုမရှိစေရန်အတွက် မိုင်းယုမြို့နှင့် အနီးဝန်းကျင်ကျေးရွာများတွင် နှစ်စဉ် အလှည့်ကျ ကျင်းပနခြေင်းဖြစ်ကြောင်း သိရသည်။

ဆင်ဆွဲပွဲတော် အလှည့်ကျကျင်းပသည့်ရွာသည် စုပေါင်းထည့်ဝင်ငွဖြေင့် ဆင်ရုပ်များ ပြုလုပ်ကြပြီး အလှူပွဲကျင်းပသည့်နေ့တွင် အဆိုပါဆင်ရုပ်များတွင် စုပေါင်းလှူဒါန်းထားသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ အလှတန်ဆာဆင်ယင်ကာ ဆင်ရုပ်ကို ကြိုးဖြင့်ဆွဲ၍လှည့်လည်ပြသပြီး ဘုန်းကြီးကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။

အလှူပွဲတွင် လာရောက်လည်ပတ်သည့် ဧည့်သည်များအား ရိုးရာအစားအသောက်များနှင့် ကျွေးမွေးခြင်း၊ ညပိုင်းတွင် ရိုးရာအကအလှဖျော်ဖြေပွဲများ ကျင်းပခြင်းများ လုပ်ဆောင်ကြကြောင်း သိရသည်။

အဆိုပါ ဆင်ဆွဲပွဲတော်သည် ဘုရားလောင်း ဝေဿန္တရာမင်းဖြစ်စဉ်က ကလိဂငြာ်ဇ်မင်းအမည်ရှိသော မင်းတိုင်းပြည်၌ မိုးခေါင်ရေရှား အစာငတ်ဘေးဆိုက်ကပ်မှုဖြစ်ခဲ့စဉ် အဆိုပါကပ်ဘေးမှ ကင်းလွတ်စေရန် ဝေဿန္တရာမင်းကြီး၏ ဆင်ဖြူတော်ပစ္စယကို ပေးလှူသည်ကို ရည်မှန်း၍ ယင်းကဲ့သို့ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ကိုနိုင်(MYu)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~