စိတ္ၾကြရူးသြပ္ေဆးျပား သံုးေသာင္း သယ္လာသူအား ကေလာၿမိဳ႕အထြက္တြင္ ဖမ္းဆီးရမိ

စိတ္ၾကြရူးသြပ္ေဆးျပား သံုးေသာင္း သယ္လာသူအား ကေလာၿမိဳ႕အထြက္တြင္ ဖမ္းဆီးရမိ
အောက်တိုဘာ 29, 2017
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း)  ကေလာၿမိဳ႕အထြက္ ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ေအာက္တိုဘာလ (၂၈)ရက္ေန႔ ည (၁၁)နာရီခန္႔တြင္ ခရီးသည္တင္ယာဥ္အား စစ္ေဆးရာမွ စိတ္ၾကြရူးသြပ္ေဆးျပား (၃၀၀၀၀)အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၅)ေတာင္ႀကီးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ကေလာၿမိဳ႕အထြက္ ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ခရီးသည္တင္ ေမာ္ေတာ္ယာဥ္တစ္စီးအား စစ္ေဆးရာ ခရီးသည္ ဘိုဘိုေအာင္၏ ခရီးေဆာင္အိတ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃၀၀၀၀)အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္လာသည့္ ဘိုဘိုေအာင္အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
စိတ်ကြွရူးသွပ်ဆေးပြား သုံးသောင်း သယ်လာသူအား ကလောမြို့အထွက်တွင် ဖမ်းဆီးရမိ
************
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် အောက်တိုဘာလ (၂၈)ရက်နေ့ ည (၁၁)နာရီခန့်တွင် ခရီးသည်တင်ယာဉ်အား စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၀၀၀၀)အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ခရီးသည်တင် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရာ ခရီးသည် ဘိုဘိုအောင်၏ ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၀၀၀၀)အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ဘိုဘိုအောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~