တာချီလိတ် ဘုံမဟာကထိန် ပဒေသာပင်များမှ အလှဆုံးဆုများ ရွေးချယ်ချီးမြှင့်မည်ဖြစ်ပြီး နိဗ္ဗာန်ဈေးပွဲတွင် အစားအသောက် ၂၉ မျိုး ပါဝင်လှူဒါန်းမည်
တာချီလိတ် ဘုံမဟာကထိန် ပဒေသာပင်များမှ အလှဆုံးဆုများ ရွေးချယ်ချီးမြှင့်မည်ဖြစ်ပြီး နိဗ္ဗာန်ဈေးပွဲတွင် အစားအသောက် ၂၉ မျိုး ပါဝင်လှူဒါန်းမည်
အောကျတိုဘာ 31, 2017
By 🌸
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ နိုဝင်ဘာလ (၂)ရက်နေ့ ည (၇)နာရီမှစ၍ စုပေါင်း မဟာဘုံကထိန်မှ ပဒေသာပင်များမှ အလှဆုံးပဒေသာပင်ဆုများကို စိစစ်ရွေးချယ်သွားမည်ဖြစ်၍ ပဒေသာပင်များကို  ည (၇)နာရီမတိုင်မီ အရောက်ပို့ဆောင်ပေးကြရန် တိုက်တွန်းထားပြီး နိဗ္ဗာန်ဈေးပွဲတော်တွင် အစားအသောက် (၂၉)မျိုးပါဝင်လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းရိုးမကွင်းတွင် ကျင်းပမည့် စုပေါင်း မဟာဘုံကထိန် ပဒေသာပင်များအား အလှဆင်ထားမည်ပြီး ပထမဆုံး နိဗ္ဗာန်ဈေးပွဲတော်လည်း ထည့်သွင်းကျင်းပမည်ဖြစ်ရာ အစားအသောက် ပါဝင်လှူဒါန်းမည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှာ အောက်တိုဘာလ (၃၁)ရက်နေ့အထိ စာရင်းအရ (၃၁)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ် ဘုံမဟာကထိန် ပဒေသာပင်များမှ အလှဆုံးဆုများ ရွေးချယ်ချီးမြှင့်မည်ဖြစ်ပြီး နိဗ္ဗာန်စျေးပွဲတွင် အစားအသောက် ၂၉ မျိုး ပါဝင်လှူဒါန်းမည်
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ နိုဝင်ဘာလ (၂)ရက်နေ့ ည (၇)နာရီမှစ၍ စုပေါင်း မဟာဘုံကထိန်မှ ပဒေသာပင်များမှ အလှဆုံးပဒေသာပင်ဆုများကို စိစစ်ရွေးချယ်သွားမည်ဖြစ်၍ ပဒေသာပင်များကို  ည (၇)နာရီမတိုင်မီ အရောက်ပို့ဆောင်ပေးကြရန် တိုက်တွန်းထားပြီး နိဗ္ဗာန်စျေးပွဲတော်တွင် အစားအသောက် (၂၉)မျိုးပါဝင်လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။
“ပဒေသာပင်တွေကို ညနေ (၃)နာရီကနေ ည(၇)နာရီအတွင်းမှာ အရောက်ပို့စေချင်ပါတယ်။ ည(၇)နာရီကစပြီး စစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေးပြီး ပထမ၊ ဒုတိယ၊ တတိယဆိုပြီး ရွေးချယ်မှာမို့လို့ပါ။  ဒါကြောင့် ည (၇)နာရီထက် နောက်ကျပြီးရောက်တဲ့ ပဒေသာပင်တွေကတော့ ဆုပေးဖို့ရွေးချယ်တဲ့အထဲ ပါတော့မှာ မဟုတ်ပါဘူး”ဟု မဟာဘုံကထိန်နှင့် နိဗ္ဗာန်စျေးပွဲတော်ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးခင်မောင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းရိုးမကွင်းတွင် ကျင်းပမည့် စုပေါင်း မဟာဘုံကထိန် ပဒေသာပင်များအား အလှဆင်ထားမည်ပြီး ပထမဆုံး နိဗ္ဗာန်စျေးပွဲတော်လည်း ထည့်သွင်းကျင်းပမည်ဖြစ်ရာ အစားအသောက် ပါဝင်လှူဒါန်းမည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှာ အောက်တိုဘာလ (၃၁)ရက်နေ့အထိ စာရင်းအရ (၃၁)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
နိဗ္ဗာန်ဈေးပွဲတော်တွင် အလှူရှင်များက အစားအသောက်မျိုးစုံကို အခမဲ့ကျွေးမည်ဖြစ်ပြီး နိုဝင်ဘာလ (၂)ရက်နေ့ ညနေ(၄)နာရီတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
စုပေါင်းဘုံမဟာကထိန်မှ ပဒေသာပင်(၉၆)ပင်ကို ရှမ်းရိုးမကွင်းတွင် အမိုးတဲများဆောက်လုပ် ပြသထားမည်ဖြစ်ပြီး ရောင်စုံမီးများဖြင့် အလှဆင်ထားမည်ဖြစ်ကြောင်း သိရပြီး အလှူရှင် (၃၁)ဦး၏ အစားအသောက် (၂၉)မျိုးအား အခမဲ့ ကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~