တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္(၇)ရပ္ကြက္ရွိ ရပ္ကြက္ရံုးမ်ားတြင္ ကိုယ္၀န္ေဆာင္ မိခင္မ်ားအား H1N1 ကာကြယ္ေဆး အခမဲ့ ထိုးႏွံေပးမည္

တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္(၇)ရပ္ကြက္ရွိ ရပ္ကြက္ရံုးမ်ားတြင္ ကိုယ္၀န္ေဆာင္ မိခင္မ်ားအား H1N1 ကာကြယ္ေဆး အခမဲ့ ထိုးႏွံေပးမည္
အောက်တိုဘာ 24, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ေပၚ (၁၁)ရပ္ကြက္အနက္ (၇)ရပ္ကြက္တြင္ ကိုယ္၀န္ေဆာင္ မိခင္မ်ားအား H1N1 အခမဲ့ ထိုးႏွံေပးမႈကို ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၂၆)ရက္ေန႔မွ စ၍ ေအာက္တိုဘာလ(၂၇)ရက္ေန႔အထိ သက္ဆိုင္ရာ ရပ္ကြက္ရံုးမ်ားတြင္ ထိုးႏွံေပးမည္ျဖစ္ေၾကာင္း သိရသည္။

"သတ္မွတ္ရက္ထဲက ရပ္ကြက္မ်ားအေနနဲ႔ (၂၆)ရက္ေန႔မွာ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ မထိုးလိုက္ရဘူးဆိုရင္လည္း (၂၇)ရက္ေန႔မွာ နီးစပ္ရာရပ္ကြက္ရံုးေတြမွာ လာထိုးလို႔ရပါတယ္။ ေငြေၾကးမယူပါဘူး ။ အခမဲ့ ထိုးႏွံေပးသြားမွာပါ"ဟု က်န္းမာေရးဌာနမွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

ကိုယ္၀န္ေဆာင္ မိခင္မ်ားအား H1N1 အခမဲ့ ထိုးႏွံေပးမႈအျဖစ္ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၂၆)ရက္ေန႔တြင္ ပုန္ထြန္၊ တာေလာ့ ႏွင့္ ၀မ္ေကာင္းရပ္ကြက္တို႔အတြက္ သက္ဆိုင္ရာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ရံုးတြင္ နံနက္(၉)နာရီမွ ေန႔လယ္(၁၂)နာရီအထိ လည္းေကာင္း၊ ေအာက္တိုဘာလ(၂၇)ရက္ေန႔တြင္ မကာဟိုခမ္း၊ ဆန္ဆိုင္း(က)၊ ဆန္ဆိုင္း(ခ) ႏွင့္ မယ္ေခါင္ရပ္ကြက္တို႔တြင္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ား၌ နံနက္(၉)နာရီမွ ေန႔လယ္(၁၂)နာရီအထိ လည္းေကာင္း ထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်အနက် (၇)ရပ်ကွက်တွင် ကိုယ်ဝန်ဆောင် မိခင်များအား H1N1 အခမဲ့ ထိုးနှံပေးမှုကို ၂၀၁၇ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့မှ စ၍ အောက်တိုဘာလ(၂၇)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

"သတ်မှတ်ရက်ထဲက ရပ်ကွက်များအနေနဲ့ (၂၆)ရက်နေ့မှာ အကြောင်းအမျိုးမျိုးကြောင့် မထိုးလိုက်ရဘူးဆိုရင်လည်း (၂၇)ရက်နေ့မှာ နီးစပ်ရာရပ်ကွက်ရုံးတွေမှာ လာထိုးလို့ရပါတယ်။ ငွေကြေးမယူပါဘူး။ အခမဲ့ ထိုးနှံပေးသွားမှာပါ"ဟု ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကိုယ်ဝန်ဆောင် မိခင်များအား H1N1 အခမဲ့ ထိုးနှံပေးမှုအဖြစ် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့တွင် ပုန်ထွန်၊ တာလော့ နှင့် ဝမ်ကောင်းရပ်ကွက်တို့အတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ လည်းကောင်း၊ အောက်တိုဘာလ(၂၇)ရက်နေ့တွင် မကာဟိုခမ်း၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ) နှင့် မယ်ခေါင်ရပ်ကွက်တို့တွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~