တာချီလိတ်မှ ရေသန့်လုပ်ငန်းအားလုံး ၆ လအတွင်း FDA ထောက်ခံချက်ရရှိရန် ဆောင်ရွက်ရမည်
တာချီလိတ်မှ ရေသန့်လုပ်ငန်းအားလုံး ၆ လအတွင်း FDA ထောက်ခံချက်ရရှိရန် ဆောင်ရွက်ရမည်
အောကျတိုဘာ 3, 2017
By Tachileik News Agency
ယနေ့အစည်းအဝေးတွင် သဘောတူခဲ့သည့် ဆုံးဖြတ်ချက် (၆)ချက်မှာ ရေသန့်လုပ်ငန်းအားလုံး လိုင်စင် အပါအဝင် လိုအပ်သည့် ထောက်ခံချက်များ (၆)လအတွင်း ရရှိရန် ဆောင်ရွက်ရေး၊ အသင်းရန်ပုံငွေအဖြစ် လုပ်ငန်းတစ်ခုလျှင် လစဉ် ဘတ် (၅၀၀) နှုန်းထည့်ဝင်ရေး၊ ထိုင်းနိုင်ငံမှ ရေသန့်တင်သွင်းခြင်းကို တားဆီးနိုင်ရန်ဆောင်ရွက်ရေး၊ စက်ရုံအလုပ်သမားများ စနစ်တကျခန့်ထားရေးအပါအဝင် ရေသန့်ထုတ်လုပ်မှု အရည်အသွေးမြင့်မားရေး ဆောင်ရွက်ရန်၊ ဒေသတွင်း ရေသန့်ထုတ်လုပ်ငန်းများ အနေဖြင့် မိမိတို့အမှတ်တံဆိပ် မဟုတ်သည့် ရေဘူးခွံများဖြင့် ရေရောင်းချခြင်း အပါအဝင် ရေသန့်ဘူးခွံများအား အလွဲသုံးစားလုပ်ခြင်းအား တားဆီးရေးနှင့် ဒေသတွင်းမှ ထုတ်လုပ်သည့် ရေသန့် များ၏ ဈေးနှုန်းတစ်ပြေးညီ သတ်မှတ်နိုင်ရေးတို့  ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်းကို၂၀၁၇ ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့က အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး အသင်း၏ ပထမဆုံးလစဉ်ပုံမှန် အစည်းအဝေးကို အောက်တိုဘာလ (၃)ရက်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ Community Centreတွင် ကျင်းပရာ ရေသန့်လုပ်ငန်းရှင် (၂၈)ဦးအနက် (၁၅)ဦးသာ တက်ရောက်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ #ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ ရေသန့်လုပ်ငန်းများ FDA ထောက်ခံချက်ကို ၂၀၁၈ ခုနှစ် မတ်လအတွင်း ရရှိရေးဆောင်ရွက်သွားကြရန် အောက်တိုဘာလ (၃)ရက်နေ့တွင်ကျင်းပသည့် တာချီလိတ်မြို့နယ် ရေသန့်လုပ်ငန်းရှင်များ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
"ကျွန်တော်တို့ ဒီနေ့ပြုလုပ်တဲ့ လစဉ်ပုံမှန်အစည်းအေဝးမှာ ဆုံးဖြတ်ချက်(၆)ခုကို ချမှတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ FDA ထောက်ခံချက် မရသေးတဲ့ ရေသန့်လုပ်ငန်းတွေအနေနဲ့ (၆)လအတွင်းမှာ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်တွေနဲ့ (FDA)ထောက်ခံချက်တွေရအောင် လုပ်ဖို့ဆိုတာ ပါဝင်ပါတယ်။ တာချီလိတ်မှာ ရေသန့်လုပ်ငန်း (၄၂)ခု ရှိပါတယ်။ အဲဒီအထဲမှာ (၂၈)ခုကပဲ ထောက်ခံချက် ရထားပါသေးတယ်။ ဒါကြောင့် ကျန်တဲ့လုပ်ငန်းရှင်တွေအနေနဲ့ ထောက်ခံချက်ရဖို့ လိုပါတယ်"ဟု တာချီလိတ်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သတ်မှတ်ထားသည့် (၆)လကျော်လွန်သည် အထိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်မရှိသည့် ရေသန့်လုပ်ငန်းများကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူသွားရန် FDA နှင့် ညှိနှိုင်းသဘောတူထားကြောင်း သိရပြီး လက်ရှိလျှောက်ထားဆဲကာလတွင်း အရေးယူခြင်းဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့အစည်းအဝေးတွင် သဘောတူခဲ့သည့် ဆုံးဖြတ်ချက် (၆)ချက်မှာ ရေသန့်လုပ်ငန်းအားလုံး လိုင်စင် အပါအဝင် လိုအပ်သည့် ထောက်ခံချက်များ (၆)လအတွင်း ရရှိရန် ဆောင်ရွက်ရေး၊ အသင်းရန်ပုံငွေအဖြစ် လုပ်ငန်းတစ်ခုလျှင် လစဉ် ဘတ် (၅၀၀) နှုန်းထည့်ဝင်ရေး၊ ထိုင်းနိုင်ငံမှ ရေသန့်တင်သွင်းခြင်းကို တားဆီးနိုင်ရန်ဆောင်ရွက်ရေး၊ စက်ရုံအလုပ်သမားများ စနစ်တကျခန့်ထားရေးအပါအဝင် ရေသန့်ထုတ်လုပ်မှု အရည်အသွေးမြင့်မားရေး ဆောင်ရွက်ရန်၊ ဒေသတွင်း ရေသန့်ထုတ်လုပ်ငန်းများ အနဖြေင့် မိမိတို့အမှတ်တံဆိပ် မဟုတ်သည့် ရေဘူးခွံများဖြင့် ရေရောင်းချခြင်း အပါအဝင် ရေသန့်ဘူးခွံများအား အလွဲသုံးစားလုပ်ခြင်းအား တားဆီးရေးနှင့် ဒေသတွင်းမှ ထုတ်လုပ်သည့် ရေသန့်များ၏ ဈေးနှုန်းတစ်ပြေးညီ သတ်မှတ်နိုင်ရေးတို့ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်းကို၂၀၁၇ ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့က အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး အသင်း၏ ပထမဆုံးလစဉ်ပုံမှန် အစည်းအေဝးကို အောက်တိုဘာလ (၃)ရက်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ Community Centreတွင် ကျင်းပရာ ရေသန့်လုပ်ငန်းရှင် (၂၈)ဦးအနက် (၁၅)ဦးသာ တက်ရောက်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ #ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~