သိႏၷီ - လားရိႈးကားလမ္းတြင္ ဘိန္းျဖဴႏွင့္ စိတ္ၾကြေဆးျပား သယ္ေဆာင္လာသူမ်ားအား ဖမ္းဆီးရမိ

သိႏၷီ - လားရိႈးကားလမ္းတြင္ ဘိန္းျဖဴႏွင့္ စိတ္ၾကြေဆးျပား သယ္ေဆာင္လာသူမ်ားအား ဖမ္းဆီးရမိ
အောက်တိုဘာ 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီၿမိဳ႕တြင္ မူးယစ္တပ္ဖြဲ႔စု(၂၄) လားရိႈးက သိႏၷီ - လားရိႈးကားလမ္းတြင္ စစ္ေဆးရွာေဖြမႈမ်ား လုပ္ေဆာင္ရာ ဘိန္းျဖဴႏွင့္ စိတ္ၾကြေဆးျပားမ်ား သယ္ေဆာင္လာသည့္ ဆုိင္ကယ္စီးနင္းသူႏွင့္ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္သူတို႔အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေအာက္တိုဘာလ(၆)ရက္ေန႔က မူးယစ္တပ္ဖြဲ႔စု(၂၄) လားရိႈးက သိႏၷီ - လားရိႈးကားလမ္း၊ ပိန္းဆာေက်းရြာ အနီးတြင္ ေမာ္ေတာ္ဆုိင္ကယ္ စီးနင္းလာသူတစ္ဦးအား စစ္ေဆးရာ ဘိန္းျဖဴ သုည ဒသမ ၂ ဂရမ္ ႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၃၃၀) ျပား ဖမ္းဆီးရမိၿပီး သိႏၷီၿမိဳ႕အဝင္ အိုရီယမ္တယ္တိုးဂိတ္အနီးတြင္ ေမာ္ေတာ္ယာဥ္တစ္စီးကိုရွာေဖြရာ ဘိန္းျဖဴ အေလးခ်ိန္ (၂၂၀) ဂရမ္၊ စိတ္ႂကြ ႐ူးသြပ္ေဆးျပား (၂၈၀၀) ျပားတို႔အား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေအာင္ေဇာ္မိုး(ခ)သားငယ္၊ ေမာင္မ်ိဳးႏွင့္ ဉာဏ္လင္းထြန္းတို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့တွင် မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးက သိန္နီ - လားရှိုးကားလမ်းတွင် စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်ရာ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် ဆိုင်ကယ်စီးနင်းသူနှင့် မော်တော်ယာဉ်မောင်းနှင်သူတို့အား ဖမ်းဆီးရမိကြောင်း သိရသည်။

အောက်တိုဘာလ(၆)ရက်နေ့က မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးက သိန္နီ - လားရှိုးကားလမ်း၊ ပိန်းဆာကျေးရွာ အနီးတွင် မော်တော်ဆိုင်ကယ် စီးနင်းလာသူတစ်ဦးအား စစ်ဆေးရာ ဘိန်းဖြူ သုည ဒသမ ၂ ဂရမ် နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၁၃၃၀) ပြား ဖမ်းဆီးရမိပြီး သိန္နီမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မော်တော်ယာဉ်တစ်စီးကိုရှာဖွေရာ ဘိန်းဖြူ အလေးချိန် (၂၂၀) ဂရမ်၊ စိတ်ကြွ ရူးသွပ်ဆေးပြား (၂၈၀၀) ပြားတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အောင်ဇော်မိုး(ခ)သားငယ်၊ မောင်မျိုးနှင့် ဉာဏ်လင်းထွန်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~