တာခ်ီလိတ္ရွိ မုိင္းကိုးမူးယစ္ေဆးျဖတ္စခန္းတြင္ မူးယစ္ေဆးျဖတ္လိုသူမ်ား အုပ္ထိန္းသူကိုုယ္တုိင္ အပ္ႏွံရမည္

တာခ်ီလိတ္ရွိ မုိင္းကိုးမူးယစ္ေဆးျဖတ္စခန္းတြင္ မူးယစ္ေဆးျဖတ္လိုသူမ်ား အုပ္ထိန္းသူကိုုယ္တုိင္ အပ္ႏွံရမည္
အောက်တိုဘာ 12, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ရန္ကုန္ရြာရိွ မိုင္းကိုးမူးယစ္ ေဆးျဖတ္စခန္းတြင္ ေဆးျဖတ္လိုသူမ်ား အေနျဖင့္ မိဘ (သို႔မဟုတ္ ) အုပ္ထိန္းသူကိုယ္တုိင္ အပ္ႏွံ ရမည္ျဖစ္ၿပီး လူနာအား လစဥ္လာေရာက္ေတြ႕ဆံုရန္ စည္းကမ္းခ်က္မ်ား ေအာက္တိုဘာလအတြင္း ထပ္တိုးလုိက္ေၾကာင္း သိရသည္။

“ေဆးျဖတ္စခန္းကို လာပို႔ထားၿပီးရင္ ပစ္ထားလုိက္ၾကတာမ်ားေတာ့ စည္းကမ္းခ်က္အသစ္ေတြ ထပ္တိုးထားပါတယ္။ ေဆးျဖတ္မယ့္သူကို မိဘ ဒါမွမဟုတ္ တာဝန္ယူေပးမယ့္ အုပ္ထိန္းသူကိုယ္တိုင္ လာေရာက္အပ္ႏွံဖို႔ပါ။ ေဆးျဖတ္စခန္းကို သံုးလစာ ဘတ္ႏွစ္ေထာင္နဲ႔ ဆန္ႏွစ္ပံုးေပးထားၿပီးရင္ လာမၾကည့္ၾကေတာ့ဘူး။ ဒီေတာ့ ကေလးေတြက သူတို႔ကို ျပန္လာေခၚေတာ့မွာ မဟုတ္ဘူး။ ဒီထဲမွာပဲ တစ္သက္လံုး ထားေတာ့မွာပဲဆိုၿပီး ထြက္ေျပးၾကတာေတြျဖစ္တယ္။ တခ်ိဳ႕ကလည္း ျပန္ကိုမေခၚေတာ့ ဒီမွာပဲ ေနထိုင္ခြင့္ေပးထားရတာ အေယာက္ (၂၀)ေလာက္ရိွေနတယ္”ဟု မူးယစ္ေဆးျဖတ္လိုသူမ်ားအား ကူညီေပးေနသည့္ မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဆးျဖတ္လူနာမ်ားအား မိသားစု (သို႔မဟုတ္) အုပ္ထိန္းသူတို႔က လစဥ္လာေရာက္ေတြ႔ဆံု ေဆြးေႏြးမႈ လုပ္ေဆာင္ရန္ကိုလည္း စည္းကမ္းခ်က္ ထပ္တိုးထားေၾကာင္း သိရသည္။

မိုင္းကိုးျပည္သူ႔စစ္အဖြဲ႔ ေခါင္းေဆာင္ ဦးက်ဟဲမွ ဖြင့္လွစ္ထားသည့္ ေဆးျဖတ္စခန္းတြင္ ေဒသတြင္းမွ မူးယစ္ေဆးျဖတ္လိုသူမ်ား အေနျဖင့္ သံုးလၾကာ ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ ဘတ္(၂၀၀၀)ႏွင့္ ဆန္(၂)ပံုးကိုို စားစရိတ္အတြက္ ေပးရၿပီး စားစရိတ္ေပးရန္ အခက္အခဲရိွသူမ်ားကို မဇၨ်ိမလူမႈကူညီေရးအသင္းက ကူညီေပးေနေၾကာင္း သိရသည္။

“ေဆးျဖတ္ခ်င္တဲ့သူက ဘတ္(၂၀၀၀)နဲ႔ ဆန္(၂)ပံုး ေပးရတယ္။ ဒါက သူတို႔စားစရိတ္ေပါ့။ (၃)လတိတိ စခန္းသြင္းရတယ္။ ဒီလိုမေပးႏုိင္တဲ့သူေတြကေတာ့ ကၽြန္ေတာ္တို႔ဆီ အကူအညီလာေတာင္းၾကတယ္။ သူတုိ႔ ဘယ္ေလာက္တတ္ႏုိင္သလဲ။ တတ္ႏိုင္သေလာက္ ထည့္ေပးၿပီး က်န္တာအဖြဲ႔က စိုက္ထုတ္ ေပးတာေပါ့။ တစ္လကို ႏွစ္ေယာက္၊ သံုးေယာက္ေလာက္ေတာ့ ပို႔ေပးေနရတယ္”ဟု မူးယစ္ေဆးျဖတ္ လိုသူမ်ားအား ကူညီေပးေနသည့္ မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

အဆိုပါ ေဆးျဖတ္စခန္းမွာ ရပ္ရြာအေျချပဳလုပ္ေဆာင္ေနျခင္းျဖစ္ေသာ္လည္း လူမႈဝန္ထမ္းဦးစီးဌာနႏွင့္ ေဒသတြင္း ျပည္သူ႔ေဆးရံုမ်ားမွလည္း ေဆးျဖတ္လူနာမ်ားအတြက္ လိုအပ္သည့္အကူအညီမ်ား ပံ့ပိုးေပးေနေၾကာင္း သိရသည္။

မိုင္းကိုးေဆးျဖတ္စခန္းတြင္ ယာမေခၚ စိတ္ၾကြရူးသြပ္ေဆးအသံုးျပဳသူအမ်ားစုကို ေဆးျဖတ္ေပးေနရၿပီး ဘိန္းမဲႏွင့္ ဘိန္းျဖဴစြဲသည့္ လူနာမ်ားကို တာခ်ီလိတ္ျပည္သူ႔ေဆးရံုမွ ဆရာဝန္မ်ားက ကူညီကုသေပးလ်က္ရိွေၾကာင္း သိရသည္။

မူးယစ္ေဆးျဖတ္လိုသူမ်ားအေနျဖင့္ ဖုန္းနံပါတ္ ၀၉ ၅၂၄၁၃၄၂၊ ၀၉ ၄၅၀၆၀၅၈၃၈ ႏွင့္ ၀၉ ၄၂၃၅၉၅၄၇၈ မ်ားသို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

သတင္း - #ခ်ယ္ရီထိုက္

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ရှိ မိုင်းကိုးမူးယစ်ဆေးဖြတ်စခန်းတွင် မူးယစ်ဆေးဖြတ်လိုသူများ အုပ်ထိန်းသူကိုုယ်တိုင် အပ်နှံရမည်
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာရှိ မိုင်းကိုးမူးယစ် ဆေးဖြတ်စခန်းတွင် ဆေးဖြတ်လိုသူများ အနေဖြင့် မိဘ (သို့မဟုတ် ) အုပ်ထိန်းသူကိုယ်တိုင် အပ်နှံ ရမည်ဖြစ်ပြီး လူနာအား လစဉ်လာရောက်တွေ့ဆုံရန် စည်းကမ်းချက်များ အောက်တိုဘာလအတွင်း ထပ်တိုးလိုက်ကြောင်း သိရသည်။

“ဆေးဖြတ်စခန်းကို လာပို့ထားပြီးရင် ပစ်ထားလိုက်ကြတာများတော့ စည်းကမ်းချက်အသစ်တွေ ထပ်တိုးထားပါတယ်။ ဆေးဖြတ်မယ့်သူကို မိဘ ဒါမှမဟုတ် တာဝန်ယူပေးမယ့် အုပ်ထိန်းသူကိုယ်တိုင် လာရောက်အပ်နှံဖို့ပါ။ ဆေးဖြတ်စခန်းကို သုံးလစာ ဘတ်နှစ်ထောင်နဲ့ ဆန်နှစ်ပုံးပေးထားပြီးရင် လာမကြည့်ကြတော့ဘူး။ ဒီတော့ ကလေးတွေက သူတို့ကို ပြန်လာခေါ်တော့မှာ မဟုတ်ဘူး။ ဒီထဲမှာပဲ တစ်သက်လုံး ထားတော့မှာပဲဆိုပြီး ထွက်ပြေးကြတာတွေဖြစ်တယ်။ တချို့ကလည်း ပြန်ကိုမခေါ်တော့ ဒီမှာပဲ နေထိုင်ခွင့်ပေးထားရတာ အယောက် (၂၀)လောက်ရှိနေတယ်”ဟု မူးယစ်ဆေးဖြတ်လိုသူများအား ကူညီပေးနေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆေးဖြတ်လူနာများအား မိသားစု (သို့မဟုတ်) အုပ်ထိန်းသူတို့က လစဉ်လာရောက်တွေ့ဆုံ ဆွေးနွေးမှု လုပ်ဆောင်ရန်ကိုလည်း စည်းကမ်းချက် ထပ်တိုးထားကြောင်း သိရသည်။

မိုင်းကိုးပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးကျဟဲမှ ဖွင့်လှစ်ထားသည့် ဆေးဖြတ်စခန်းတွင် ဒေသတွင်းမှ မူးယစ်ဆေးဖြတ်လိုသူများ အနေဖြင့် သုံးလကြာ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဘတ်(၂၀၀၀)နှင့် ဆန်(၂)ပုံးကိိုု စားစရိတ်အတွက် ပေးရပြီး စားစရိတ်ပေးရန် အခက်အခဲရှိသူများကို မဇ္ဇျိမလူမှုကူညီရေးအသင်းက ကူညီပေးနေကြောင်း သိရသည်။

“ဆေးဖြတ်ချင်တဲ့သူက ဘတ်(၂၀၀၀)နဲ့ ဆန်(၂)ပုံး ပေးရတယ်။ ဒါက သူတို့စားစရိတ်ပေါ့။ (၃)လတိတိ စခန်းသွင်းရတယ်။ ဒီလိုမပေးနိုင်တဲ့သူတွေကတော့ ကျွန်တော်တို့ဆီ အကူအညီလာတောင်းကြတယ်။ သူတို့ ဘယ်လောက်တတ်နိုင်သလဲ။ တတ်နိုင်သလောက် ထည့်ပေးပြီး ကျန်တာအဖွဲ့က စိုက်ထုတ် ပေးတာပေါ့။ တစ်လကို နှစ်ယောက်၊ သုံးယောက်လောက်တော့ ပို့ပေးနေရတယ်”ဟု မူးယစ်ဆေးဖြတ် လိုသူများအား ကူညီပေးနေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

အဆိုပါ ဆေးဖြတ်စခန်းမှာ ရပ်ရွာအခြေပြုလုပ်ဆောင်နေခြင်းဖြစ်သော်လည်း လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဒေသတွင်း ပြည်သူ့ဆေးရုံများမှလည်း ဆေးဖြတ်လူနာများအတွက် လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးနေကြောင်း သိရသည်။

မိုင်းကိုးဆေးဖြတ်စခန်းတွင် ယာမခေါ် စိတ်ကြွရူးသွပ်ဆေးအသုံးပြုသူအများစုကို ဆေးဖြတ်ပေးနေရပြီး ဘိန်းမဲနှင့် ဘိန်းဖြူစွဲသည့် လူနာများကို တာချီလိတ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များက ကူညီကုသပေးလျက်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဖြတ်လိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉ ၅၂၄၁၃၄၂၊ ၀၉ ၄၅၀၆၀၅၈၃၈ နှင့် ၀၉ ၄၂၃၅၉၅၄၇၈ များသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း - #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~