ဥပေဒႏွင့္မညီေသာ စားေသာက္ကုန္မ်ား ေစ်းကြက္မွဖယ္ရွားရန္ က်ိဳင္းတံုမွလုပ္ငန္းရွင္ ၃၀ ေက်ာ္အား အသိေပးေဆြးေႏြး

ဥပေဒႏွင့္မညီေသာ စားေသာက္ကုန္မ်ား ေစ်းကြက္မွဖယ္ရွားရန္ က်ိဳင္းတံုမွလုပ္ငန္းရွင္ ၃၀ ေက်ာ္အား အသိေပးေဆြးေႏြး
အောက်တိုဘာ 19, 2017
By 🌸
ဥပေဒျပဌာန္းခ်က္မ်ားႏွင့္ ညီညြတ္မႈမရွိေသာ စားေသာက္ကုန္မ်ား ရက္(၉၀)အတြင္း ဖယ္ရွားရွင္းလင္းေရး အတြက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ ေနာင္ကုန္ရြာအလယ္ဇရပ္တြင္ လုပ္ငန္းရွင္ (၃၀)ေက်ာ္အား စားသံုးသူေရးရာဦးစီးဌာနက ေအာက္တိုဘာလ (၁၉)ရက္ေန႔တြင္ အသိေပးေဆြးေႏြးေၾကာင္း သိရသည္။

“ လုပ္ငန္းရွင္ေတြ လိုက္နာရမယ့္ ဥပေဒ (၆)ခုကို ရက္ (၉၀)စီမံခ်က္နဲ႔ အသိေပးေဆြးေႏြးတာပါ။ ဒီဥပေဒေတြကို မလုိက္နာဘူးဆိုရင္ စီမံခ်က္ကာလေက်ာ္တာနဲ႔ တုိင္မွမဟုတ္ေတာ့ဘူး။ ကြင္းဆင္းစစ္ေဆးၿပီး အေရးယူေတာ့မွာပါ။ အခုက ဥပေဒ(၆)ခုကို မသိဘူးဆိုရင္ ကူညီေပးႏုိင္ေအာင္လို႔ အသိေပးျခင္း လုပ္ေဆာင္တာ၊ ေနာက္သူတို႔အတြက္ လိုအပ္တဲ့ေထာက္ခံခ်က္ရယူျခင္းအပါအဝင္ လုပ္ငန္းလုိင္စင္ လုပ္တာေတြမွာ ဒီမွာတင္ လုပ္ေဆာင္ႏုိင္ေအာင္ ကၽြန္ေတာ္တုိ႔က ကူညီေနတာပါ။ အေရးမယူခ်င္လို႔ မပိတ္သိမ္းခ်င္လို႔ အသိေပးမႈကို လုပ္ေနတာပါ။ တစ္ခုေတာ့ရိွတယ္ ေနာက္ပိုင္းမွာ လုပ္တဲ့သူကလုပ္ၿပီး မလုပ္တဲ့သူက မလုပ္ဘူးဆိုရင္ေတာ့ ဥပေဒေၾကာင္းအရ အေရးယူေတာ့မယ္ဆိုတဲ့အေၾကာင္း ကၽြန္ေတာ္တုိ႔က အသိေပးတာပါ”ဟု က်ိဳင္းတံုခရိုင္ စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အစိုးရႏွင့္ စားသံုးသူေရးရာဦးစီးဌာနတို႔က ကုန္သြယ္ေရးဥပေဒ၊ ျပည္နယ္အစိုးရ စည္ပင္ဥပေဒ၊ စက္မႈႀကီးၾကပ္ဥပေဒ၊ စားသံုးသူကာကြယ္ေရးဥပေဒ၊ FDA ဥပေဒ၊ က်န္းမာေရးဥပေဒစသည့္ ဥပေဒ(၆)ခုႏွင့့္မကိုက္ညီသည့္ စားေသာက္ကုန္မ်ား ထုတ္လုပ္ျခင္း၊တင္သြင္းျခင္း၊ေရာင္းခ်ျခင္းမရိွေစရန္ အသိပညာေပးသည့္ ရက္(၉၀)စီမံခ်က္ကို ၾသဂုတ္လက စတင္ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ က်ိဳငး္တံုၿမိဳ႕မွာ ရပ္ကြက္ (၁)၊ (၄)၊ (၅)၊ မေန႔က ကတ္ေတာင္အုပ္စုနဲ႔ ဒီေန႔ ေနာင္ကုန္ရြာမွာ အသိေပးေဆြးေႏြးမႈေတြ လုပ္ၿပီးပါၿပီ။ အခုလက္ရိွအခ်ိန္ထိ ေတြ႔ရတာကေတာ့ သူတို႔ေတြအေနနဲ႔ ဒီဥပေဒေတြကို မသိခဲ့တာေတြရိွတာ ေတြ႔ရတယ္။ စိတ္ဝင္စားမႈရိွၾကပါတယ္။ ေနာက္ထပ္ဆက္ၿပီးေတာ့ အသိေပးေဆြးေႏြးမႈေတြကို ရပ္ကြက္ (၂)၊ (၃)နဲ႔ ယန္းေလာမွာေတာ့ ႏွစ္ပိုင္းခြဲၿပီး စီစဥ္မယ္လို႔ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြဆီက သိရပါတယ္”ဟု က်ိဳင္းတံုခရိုင္ စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ အတြင္းေရးမွဴး ဦးသန္းစိုးက ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ အေသးစား၊ အလတ္စား အိမ္တြင္းစက္မႈလက္မႈလုပ္ငန္းအမ်ားဆံုးရိွသည့္ က်ိဳင္းတံုၿမိဳ႕ႏွင့္ တာခ်ီလိတ္ၿမိဳ႕တို႔အနက္ က်ိဳင္းတံုၿမိဳ႕တြင္သာ အသိေပးေဆြးေႏြးမႈမ်ား လုပ္ေဆာင္ႏုိင္ေနၿပီး တာခ်ီလိတ္ၿမိဳ႕တြင္ အဆိုပါစီမံခ်က္ႏွင့္ပတ္သက္၍ အသိပညာေပးရွင္းလင္းျခင္းမ်ား မလုပ္ေဆာင္ႏုိင္ေသးေၾကာင္း သိရသည္။

လက္ရိွတြင္ က်ိဳင္းတံုၿမိဳ႕မွ ေရသန္႔လုပ္ငန္းမ်ားအပါအဝင္ စားေသာက္ကုန္ထုတ္လုပ္ငန္းမ်ားအေနျဖင့္  လိုအပ္သည့္ေထာက္ခံခ်က္မ်ားရရိွရန္ ေဆာင္ရြက္ေနဆဲျဖစ္ပါက ထုတ္လုပ္သည့္ပစၥည္းမ်ားအား ကိုယ္တိုင္တာဝန္ယူေစၿပီး ဆက္လက္ထုတ္လုပ္ခြင့္ျပဳထားေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထိုက္
ဓါတ္ပံု #စားသံုးသူေရးရာ

~~~~~~~~⊰❂ unicode ~~~~~~~~
ဥပဒေနှင့်မညီသော စားသောက်ကုန်များ စျေးကွက်မှဖယ်ရှားရန် ကျိုင်းတုံမှလုပ်ငန်းရှင် ၃၀ ကျော်အား အသိပေးဆွေးနွေး
**************
ဥပဒေပြဌာန်းချက်များနှင့် ညီညွတ်မှုမရှိသော စားသောက်ကုန်များ ရက်(၉၀)အတွင်း ဖယ်ရှားရှင်းလင်းရေး အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ နောင်ကုန်ရွာအလယ်ဇရပ်တွင် လုပ်ငန်းရှင် (၃၀)ကျော်အား စားသုံးသူရေးရာဦးစီးဌာနက အောက်တိုဘာလ (၁၉)ရက်နေ့တွင် အသိပေးဆွေးနွေးကြောင်း သိရသည်။

“ လုပ်ငန်းရှင်တွေ လိုက်နာရမယ့် ဥပဒေ (၆)ခုကို ရက် (၉၀)စီမံချက်နဲ့ အသိပေးဆွေးနွေးတာပါ။ ဒီဥပဒေတွေကို မလိုက်နာဘူးဆိုရင် စီမံချက်ကာလကျော်တာနဲ့ တိုင်မှမဟုတ်တော့ဘူး။ ကွင်းဆင်းစစ်ဆေးပြီး အရေးယူတော့မှာပါ။ အခုက ဥပဒေ(၆)ခုကို မသိဘူးဆိုရင် ကူညီပေးနိုင်အောင်လို့ အသိပေးခြင်း လုပ်ဆောင်တာ၊ နောက်သူတို့အတွက် လိုအပ်တဲ့ထောက်ခံချက်ရယူခြင်းအပါအဝင် လုပ်ငန်းလိုင်စင် လုပ်တာတွေမှာ ဒီမှာတင် လုပ်ဆောင်နိုင်အောင် ကျွန်တော်တို့က ကူညီနေတာပါ။ အရေးမယူချင်လို့ မပိတ်သိမ်းချင်လို့ အသိပေးမှုကို လုပ်နေတာပါ။ တစ်ခုတော့ရှိတယ် နောက်ပိုင်းမှာ လုပ်တဲ့သူကလုပ်ပြီး မလုပ်တဲ့သူက မလုပ်ဘူးဆိုရင်တော့ ဥပဒေကြောင်းအရ အရေးယူတော့မယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့က အသိပေးတာပါ”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အစိုးရနှင့် စားသုံးသူရေးရာဦးစီးဌာနတို့က ကုန်သွယ်ရေးဥပဒေ၊ ပြည်နယ်အစိုးရ စည်ပင်ဥပဒေ၊ စက်မှုကြီးကြပ်ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ FDA ဥပဒေ၊ ကျန်းမာရေးဥပဒေစသည့် ဥပဒေ(၆)ခုနှင့့်မကိုက်ညီသည့် စားသောက်ကုန်များ ထုတ်လုပ်ခြင်း၊တင်သွင်းခြင်း၊ရောင်းချခြင်းမရှိစေရန် အသိပညာပေးသည့် ရက်(၉၀)စီမံချက်ကို သြဂုတ်လက စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

“ ကျိုငး်တုံမြို့မှာ ရပ်ကွက် (၁)၊ (၄)၊ (၅)၊ မနေ့က ကတ်တောင်အုပ်စုနဲ့ ဒီနေ့ နောင်ကုန်ရွာမှာ အသိပေးဆွေးနွေးမှုတွေ လုပ်ပြီးပါပြီ။ အခုလက်ရှိအချိန်ထိ တွေ့ရတာကတော့ သူတို့တွေအနေနဲ့ ဒီဥပဒေတွေကို မသိခဲ့တာတွေရှိတာ တွေ့ရတယ်။ စိတ်ဝင်စားမှုရှိကြပါတယ်။ နောက်ထပ်ဆက်ပြီးတော့ အသိပေးဆွေးနွေးမှုတွေကို ရပ်ကွက် (၂)၊ (၃)နဲ့ ယန်းလောမှာတော့ နှစ်ပိုင်းခွဲပြီး စီစဉ်မယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီက သိရပါတယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် အသေးစား၊ အလတ်စား အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းအများဆုံးရှိသည့် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့အနက် ကျိုင်းတုံမြို့တွင်သာ အသိပေးဆွေးနွေးမှုများ လုပ်ဆောင်နိုင်နေပြီး တာချီလိတ်မြို့တွင် အဆိုပါစီမံချက်နှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းခြင်းများ မလုပ်ဆောင်နိုင်သေးကြောင်း သိရသည်။

လက်ရှိတွင် ကျိုင်းတုံမြို့မှ ရေသန့်လုပ်ငန်းများအပါအဝင် စားသောက်ကုန်ထုတ်လုပ်ငန်းများအနေဖြင့်  လိုအပ်သည့်ထောက်ခံချက်များရရှိရန် ဆောင်ရွက်နေဆဲဖြစ်ပါက ထုတ်လုပ်သည့်ပစ္စည်းများအား ကိုယ်တိုင်တာဝန်ယူစေပြီး ဆက်လက်ထုတ်လုပ်ခွင့်ပြုထားကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #စားသုံးသူရေးရာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~