မူးယစ္တရားခံ တရုတ္ႏိုင္ငံသားတစ္ဦးအား ေလာက္ကိုင္ေဒသတြင္ ဖမ္းဆီးရမိ၍ တရုတ္သို႔ လႊဲေျပာင္းေပး

မူးယစ္တရားခံ တရုတ္ႏိုင္ငံသားတစ္ဦးအား ေလာက္ကိုင္ေဒသတြင္ ဖမ္းဆီးရမိ၍ တရုတ္သို႔ လႊဲေျပာင္းေပး
အောက်တိုဘာ 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေလာက္ကိုင္ၿမိဳ႕တြင္ တရုတ္ႏုိင္ငံမွ မူးယစ္မႈျဖင့္ဆက္စပ္ေနသူအား ဖမ္းဆီး ရမိသျဖင့္ ေအာက္တိုဘာလ (၂)ရက္ေန႔တြင္ တရုတ္ႏုိင္ငံမွ တာဝန္ရိွသူမ်ားထံ ျပန္လည္ လႊဲေျပာင္းေပးလုိက္ေၾကာင္း သိရသည္။

ေလာက္ကိုင္ခရိုင္ရဲတပ္ဖြဲ႕မွ ဒုတိယခရိုင္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးလိႈင္ျမင့္၊ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕စု၂၁(ကြမ္းလုံ)မွ ရဲမွဴး တီေခါင္လြမ္းႏွင့္ လဝက ဦးစီးမွဴး ဦးသိန္းရီတို႔က ေအာက္တိုဘာလ (၂)ရက္ေန႔တြင္ ရန္လုံက်ိဳင္းနယ္စပ္ဂိတ္၌ တရုတ္ႏုိင္ငံသား Li Qi အား တ႐ုတ္နိုင္ငံ၊ ယူနန္ျပည္နယ္၊ နမ့္စန္ၿမိဳ႕နယ္စပ္ေဒသ မူးယစ္ေဆးဝါး တားဆီးႏွိမ္ႏွင္းေရးအရာရွိ႐ုံးမွ ဒုအရာရွိ ရွက္နန္ ဦးေဆာင္ေသာအဖြဲ႕ထံ လႊဲဲေျပာင္းေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံ လင္ခ်န္ၿမိဳ႕ ျပည္သူ႔လုံၿခဳံေရးဌာန၊ နယ္စပ္ေရးရာ မူးယစ္တိုက္ဖ်က္ေရးအဖြဲ႕ ကိုင္တြယ္သည့္ အမႈမွ ယူနန္ျပည္နယ္၊ က်ားဟယ္ခရိုင္ ခၽြန္ကြမ္းေဒသတြင္ေနထိုင္သည့္ တ႐ုတ္နိုင္ငံသား Li Qi သည္ ေလာက္ကိုင္ေဒသအတြင္း ေရာက္ရွိေနသျဖင့္ ကူညီဖမ္းဆီးလႊဲေျပာင္းေပးရန္ ယူနန္ျပည္နယ္၊ နမ့္စန္နယ္စပ္ ဆက္ဆံေရးအရာရွိ႐ုံးမွ အေၾကာင္းၾကားစာေပးပို႔ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ေလာက္ကိုင္ခရိုင္ရဲတပ္ဖြဲ႕မွ ရဲအုပ္သက္ထြန္းဦး ၊ ေလာက္ကိုင္ၿမိဳ႕မရဲစခန္းမွ ရဲအုပ္ ခင္ေမာင္ေဌး ဦးစီးအဖြဲ႕တို႔က အဆိုပါတရုတ္ႏုိင္ငံသားအား စုံစမ္းရွာေဖြရာ စက္တင္ဘာလ (၂၇)ရက္ေန႔တြင္ ေလာက္ကိုင္ၿမိဳ႕ (၃)ရပ္ကြက္ရွိ ဖန္က်ဳံးတည္းခိုခန္းေရွ႕၌ Li Qi အား ဖမ္းဆီးရမိခဲ့ၿပီး ေလာက္ကိုင္ၿမိဳ႕မ ရဲစခန္း၌ ေခတၱခ်ဳပ္ေႏွာင္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့တွင် တရုတ်နိုင်ငံမှ မူးယစ်မှုဖြင့်ဆက်စပ်နေသူအား ဖမ်းဆီး ရမိသဖြင့် အောက်တိုဘာလ (၂)ရက်နေ့တွင် တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံ ပြန်လည် လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

လောက်ကိုင်ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်မြင့်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု၂၁(ကွမ်းလုံ)မှ ရဲမှူး တီခေါင်လွမ်းနှင့် လဝက ဦးစီးမှူး ဦးသိန်းရီတို့က အောက်တိုဘာလ (၂)ရက်နေ့တွင် ရန်လုံကျိုင်းနယ်စပ်ဂိတ်၌ တရုတ်နိုင်ငံသား Li Qi အား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ နမ့်စန်မြို့နယ်စပ်ဒေသ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအရာရှိရုံးမှ ဒုအရာရှိ ရှက်နန် ဦးဆောင်သောအဖွဲ့ထံ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ လင်ချန်မြို့ ပြည်သူ့လုံခြုံရေးဌာန၊ နယ်စပ်ရေးရာ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ကိုင်တွယ်သည့် အမှုမှ ယူနန်ပြည်နယ်၊ ကျားဟယ်ခရိုင် ချွန်ကွမ်းဒေသတွင်နေထိုင်သည့် တရုတ်နိုင်ငံသား Li Qi သည် လောက်ကိုင်ဒေသအတွင်း ရောက်ရှိနေသဖြင့် ကူညီဖမ်းဆီးလွှဲပြောင်းပေးရန် ယူနန်ပြည်နယ်၊ နမ့်စန်နယ်စပ် ဆက်ဆံရေးအရာရှိရုံးမှ အကြောင်းကြားစာပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

လောက်ကိုင်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်သက်ထွန်းဦး၊ လောက်ကိုင်မြို့မရဲစခန်းမှ ရဲအုပ် ခင်မောင်ဌေး ဦးစီးအဖွဲ့တို့က အဆိုပါတရုတ်နိုင်ငံသားအား စုံစမ်းရှာဖွေရာ စက်တင်ဘာလ (၂၇)ရက်နေ့တွင် လောက်ကိုင်မြို့ (၃)ရပ်ကွက်ရှိ ဖန်ကျုံးတည်းခိုခန်းရှေ့၌ Li Qi အား ဖမ်းဆီးရမိခဲ့ပြီး လောက်ကိုင်မြို့မ ရဲစခန်း၌ ခေတ္တချုပ်နှောင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~