တာခ်ီလိတ္တြင္ အသက္(၆)ႏွစ္အရြယ္ကေလးအား ဆိုင္တြင္ေစ်းလာဝယ္သူက ေခၚသြားၿပီး အဓမၼျပဳက်င့္ရန္ ႀကံစည္မႈျဖစ္ပြား

တာခ်ီလိတ္တြင္ အသက္(၆)ႏွစ္အရြယ္ကေလးအား ဆိုင္တြင္ေစ်းလာဝယ္သူက ေခၚသြားၿပီး အဓမၼျပဳက်င့္ရန္ ႀကံစည္မႈျဖစ္ပြား
အောက်တိုဘာ 3, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းရိွ ေစ်းဆုိင္ရွင္၏ အသက္ (၆)ႏွစ္အရြယ္ သူငယ္တန္း ေက်ာင္းသူအား ေစ်းလာဝယ္သူတစ္ဦးက ေအာက္တိုဘာလ (၃)ရက္ေန႔တြင္ အဓမၼျပဳက်င့္ရန္ႀကံစည္သျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ ရွမ္းရိုးမကြင္းမွာ သီတင္းကၽြတ္မီးထြန္းပြဲေတာ္လုပ္ဖို႔ ဆုိင္ခန္းေတြ ျပင္ဆင္လုပ္ေနၾကတဲ့အထဲက ဆုိင္တစ္ဆိုင္မွာ သူ႔အေဖကလည္း အလုပ္မ်ားေနတုန္း ေစ်းလာဝယ္တဲ့အမ်ိဳးသားက ကေလးကို ေခၚသြားၿပီး ျပဳက်င့္ဖို႔ ႀကိဳးစားတာလို႔ သိရပါတယ္။ ေခၚသြားတဲ့လူက ကေလးမိသားစုနဲ႔ ရင္းႏွီးတဲ့လူေတြထဲကေတာ့ မဟုတ္ဘူး။ ေစ်းလာဝယ္တဲ့သူထဲက ေခၚသြားတာလို႔ သိရတယ္။ ဒီလူကိုလည္း ထိန္းသိမ္းထားၿပီးပါၿပီ။ ကေလးကိုလည္း လိုအပ္တဲ့ ေဆးစစ္ေဆးခ်က္ေတြ ရယူၿပီး ေဆာင္ရြက္ေနပါၿပီ”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္း စခန္းမွဴး  ဒုရဲမွဴးၾကည္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ ကေလး၏မိဘမ်ားက အမႈဖြင့္လွစ္ရန္ တုိင္ခ်က္ဖြင့္လွစ္ျခင္းႏွင့္ လိုအပ္သည့္ စစ္ေဆးမႈမ်ား ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

“အန္တီနဲ႔ အန္တီ့သမီးတို႔က ေစ်းဆိုင္ဖြင့္ထားၾကတာပါ။ မနက္က သူ႔အေဖက ေရခဲေတြ ဝယ္လာတာခြဲၿပီး ထည့္ေနတုန္း အန္တီ့ေျမးေလးကို ေဘးနားဆုိင္မွာ ဘီယာလာထိုင္ေသာက္ေနတဲ့သူက ေခၚသြားၿပီး အခုလိုျဖစ္ရတယ္လို႔ သိရတာပါ။ ကေလးေပ်ာက္တယ္ဆိုၿပီး အန္တီ့အမ်ိဳးသားကေရာ လုိက္ရွာေနၾကတုန္း ေဘးနားဆုိင္နီးခ်င္းတစ္ေယာက္က အိမ္သာသြားတာမွာ ကေလးေအာ္သံၾကားတယ္လုိ႔ ကေလးအေဖကို လာအေၾကာင္းၾကားလို႔ သံုးေလးေယာက္ ဝိုင္းသြားၿပီး ကေလးအသံၾကားရတဲ့ အိမ္သာတံခါးက အတြင္းက ပိတ္ထားတာေၾကာင့္ ကန္ဖြင့္ၾကေတာ့ ကေလးကို အဲဒီလူနဲ႔ အိမ္သာထဲမွာ ေတြ႔ရတာလို႔ သိရတာပါ။ အနီးအနားက လူေတြက ဝိုင္းဖမ္းၿပီး ရဲစခန္းပို႔ထားပါတယ္။ ကေလးအေဖ၊ အေမကလည္း အမႈဖြင့္ဖို႔ လုပ္ေနၾကပါတယ္။ အျပင္မွာ ကေလးနာမည္နဲ႔ ေျပာဆိုေနၾကတာေတြကိုလည္း ေတာင္းပန္ခ်င္ပါတယ္။ က်မရဲ႕ ေျမးေလးကို နာမည္တပ္ေျပာဆို ေရးေနၾကတာေတြ စာနာေပးၾကပါရွင္ ”ဟု အဆိုပါ ကေလး၏ အဖြားျဖစ္သူက ေျပာသည္။

ကေလးအား အဓမၼျပဳက်င့္ရန္ ႀကံစည္သည့္အမ်ိဳးသားအား အနီးနားရိွ လူမ်ားႏွင့္ လူမႈကူညီေရး အသင္းဝင္မ်ားက ဝိုင္းဝန္းဖမ္းဆီးၿပီး ရဲစခန္းသို႔ ပို႔ေဆာင္ထားကာ ရဲတပ္ဖြဲ႕ကလည္း လိုအပ္သည့္ စစ္ေဆးမႈမ်ား ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် အသက်(၆)နှစ်အရွယ်ကလေးအား ဆိုင်တွင်စျေးလာဝယ်သူက ခေါ်သွားပြီး အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှိ စျေးဆိုင်ရှင်၏ အသက် (၆)နှစ်အရွယ် သူငယ်တန်း ကျောင်းသူအား စျေးလာဝယ်သူတစ်ဦးက အောက်တိုဘာလ (၃)ရက်နေ့တွင် အဓမ္မပြုကျင့်ရန်ကြံစည်သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

“ ရှမ်းရိုးမကွင်းမှာ သီတင်းကျွတ်မီးထွန်းပွဲတော်လုပ်ဖို့ ဆိုင်ခန်းတွေ ပြင်ဆင်လုပ်နေကြတဲ့အထဲက ဆိုင်တစ်ဆိုင်မှာ သူ့အဖေကလည်း အလုပ်များနေတုန်း စျေးလာဝယ်တဲ့အမျိုးသားက ကလေးကို ခေါ်သွားပြီး ပြုကျင့်ဖို့ ကြိုးစားတာလို့ သိရပါတယ်။ ခေါ်သွားတဲ့လူက ကလေးမိသားစုနဲ့ ရင်းနှီးတဲ့လူတွေထဲကတော့ မဟုတ်ဘူး။ စျေးလာဝယ်တဲ့သူထဲက ခေါ်သွားတာလို့ သိရတယ်။ ဒီလူကိုလည်း ထိန်းသိမ်းထားပြီးပါပြီ။ ကလေးကိုလည်း လိုအပ်တဲ့ ဆေးစစ်ဆေးချက်တွေ ရယူပြီး ဆောင်ရွက်နေပါပြီ”ဟု တာချီလိတ်မြို့မရဲစခန်း စခန်းမှူး  ဒုရဲမှူးကြည်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ကလေး၏မိဘများက အမှုဖွင့်လှစ်ရန် တိုင်ချက်ဖွင့်လှစ်ခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

“အန်တီနဲ့ အန်တီ့သမီးတို့က စျေးဆိုင်ဖွင့်ထားကြတာပါ။ မနက်က သူ့အဖေက ရေခဲတွေ ဝယ်လာတာခွဲပြီး ထည့်နေတုန်း အန်တီ့မြေးလေးကို ဘေးနားဆိုင်မှာ ဘီယာလာထိုင်သောက်နေတဲ့သူက ခေါ်သွားပြီး အခုလိုဖြစ်ရတယ်လို့ သိရတာပါ။ ကလေးပျောက်တယ်ဆိုပြီး အန်တီ့အမျိုးသားကရော လိုက်ရှာနေကြတုန်း ဘေးနားဆိုင်နီးချင်းတစ်ယောက်က အိမ်သာသွားတာမှာ ကလေးအော်သံကြားတယ်လို့ ကလေးအဖေကို လာအကြောင်းကြားလို့ သုံးလေးယောက် ဝိုင်းသွားပြီး ကလေးအသံကြားရတဲ့ အိမ်သာတံခါးက အတွင်းက ပိတ်ထားတာကြောင့် ကန်ဖွင့်ကြတော့ ကလေးကို အဲဒီလူနဲ့ အိမ်သာထဲမှာ တွေ့ရတာလို့ သိရတာပါ။ အနီးအနားက လူတွေက ဝိုင်းဖမ်းပြီး ရဲစခန်းပို့ထားပါတယ်။ ကလေးအဖေ၊ အမေကလည်း အမှုဖွင့်ဖို့ လုပ်နေကြပါတယ်။ အပြင်မှာ ကလေးနာမည်နဲ့ ပြောဆိုနေကြတာတွေကိုလည်း တောင်းပန်ချင်ပါတယ်။ ကျမရဲ့ မြေးလေးကို နာမည်တပ်ပြောဆို ရေးနေကြတာတွေ စာနာပေးကြပါရှင် ”ဟု အဆိုပါ ကလေး၏ အဖွားဖြစ်သူက ပြောသည်။

ကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်သည့်အမျိုးသားအား အနီးနားရှိ လူများနှင့် လူမှုကူညီရေး အသင်းဝင်များက ဝိုင်းဝန်းဖမ်းဆီးပြီး ရဲစခန်းသို့ ပို့ဆောင်ထားကာ ရဲတပ်ဖွဲ့ကလည်း လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~