မိုးမိတ္ၿမိဳ႕နယ္ ထင္းရႈးေတာင္တြင္ ဝ ဥတူးသည့္ အမ်ိဳးသမီး မိုင္းေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရ

မိုးမိတ္ၿမိဳ႕နယ္ ထင္းရႈးေတာင္တြင္ ဝ ဥတူးသည့္ အမ်ိဳးသမီး မိုင္းေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရ
အောက်တိုဘာ 11, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မိုးမိတ္ၿမိဳ႕နယ္ ေတာင္ေတာ္ရြာ (ေဒသအေခၚ ပန္ထီလာ)၏ အထက္ မိုးမိတ္ၿမိဳ႕နယ္ႏွင့္ မႏၱေလးတုိင္းေဒသႀကီး မိုးကုတ္ၿမိဳ႕နယ္အစပ္ရိွ ထင္းရႈးေတာင္တြင္ ဝဥတူးေဖၚေနစဥ္ ေအာက္တိုဘာလ (၉)ရက္ေန႔က မိုင္းေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရသြားေၾကာင္း သိရသည္။

ေတာင္ေတာ္ရြာ(ေဒသအေခၚပန္ထီလာ)မွ ေဒၚအလီမီး(ခ) ခင္စိန္အပါအဝင္ ေက်းရြာသားေလးဦးက ထင္းရွူးေတာင္တြင္ ဝ ဥတူးေနစဥ္ အတူလိုက္ပါလာေသာကေလးက လံုးပတ္ (၅)လက္မႏွင့္ အရွည္ (၄)လက္မခန္႔ရိွသည့္ မုိင္းဟုယူဆရေသာပစၥည္းအား ေဆာ့ကစားေနသည္ကို ေတြ႔ရသျဖင့္ ေဒၚအလီမီးက ၎ပစၥည္းအား ယူေဆာင္လႊင့္ပစ္လုိက္ရာမွ ေပါက္ကြဲသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေပါက္ကြဲမႈေၾကာင့္ ေဒၚအလီမီး (ခ)ခင္စိန္တြင္ ဒဏ္ရာရသြားသျဖင့္ မိုးကုတ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံ၌ ကုသမႈခံယူေနရေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
မိုးမိတ်မြို့နယ် ထင်းရှုးတောင်တွင် ဝ ဥတူးသည့် အမျိုးသမီး မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရ
*********
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ် တောင်တော်ရွာ (ဒေသအခေါ် ပန်ထီလာ)၏ အထက် မိုးမိတ်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အစပ်ရှိ ထင်းရှုးတောင်တွင် ဝဥတူးဖေါ်နေစဉ် အောက်တိုဘာလ (၉)ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

တောင်တော်ရွာ(ဒေသအခေါ်ပန်ထီလာ)မှ ဒေါ်အလီမီး(ခ) ခင်စိန်အပါအဝင် ကျေးရွာသားလေးဦးက ထင်းရှူးတောင်တွင် ဝ ဥတူးနေစဉ် အတူလိုက်ပါလာသောကလေးက လုံးပတ် (၅)လက်မနှင့် အရှည် (၄)လက်မခန့်ရှိသည့် မိုင်းဟုယူဆရသောပစ္စည်းအား ဆော့ကစားနေသည်ကို တွေ့ရသဖြင့် ဒေါ်အလီမီးက ၎င်းပစ္စည်းအား ယူဆောင်လွှင့်ပစ်လိုက်ရာမှ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဒေါ်အလီမီး (ခ)ခင်စိန်တွင် ဒဏ်ရာရသွားသဖြင့် မိုးကုတ်မြို့ ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~