ကယားျပည္နယ္အစုိးရက ေဘာလခဲၿမိဳ႕မွ အိမ္ျခံေျမမရွိေသးေသာ ျပည္သူမ်ားအား ေငြေၾကးမေကာက္ခံဘဲ ေျမကြက္ခ်ထားေပး

ကယားျပည္နယ္အစုိးရက ေဘာလခဲၿမိဳ႕မွ အိမ္ျခံေျမမရွိေသးေသာ ျပည္သူမ်ားအား ေငြေၾကးမေကာက္ခံဘဲ ေျမကြက္ခ်ထားေပး
အောက်တိုဘာ 27, 2017
By Tachileik News Agency

ကယားျပည္နယ္အစိုးရက ေဘာလခဲၿမိဳ႕ ေျမကြက္သစ္မွ ေပ(၆၀)ပတ္လည္ အိမ္ၿခံေျမကြက္မ်ားကို အိမ္ၿခံေျမ မရိွေသးေၾကာင္း စိစစ္အတည္ျပဳႏိုင္ခဲ့သည့္ အိမ္ေထာင္စု (၁၂၀)အား ေငြေၾကးေကာက္ခံျခင္း မရိွဘဲ ေအာက္တိုဘာလ (၂၇)ရက္ေန႔တြင္ ေပးအပ္လုိက္ေၾကာင္း သိရသည္။

“ေျမကြက္ မရွိေသးေသာ ျပည္သူမ်ားကုိ ေျမကြက္သစ္ခ်ထားေပးျခင္းသည္လည္း လူေနမႈဘ၀ တုိးတက္ျမင့္မားေရးကုိ ေရွးရႈျခင္းျဖစ္ပါတယ္။ ယခုလုိစနစ္တက်ေျမကြက္ခ်ထား ႏုိင္ေရးအတြက္ ေျမရာဇ၀င္စိစစ္ျခင္း၊ ဌာနဆုိင္ရာႏွင့္ က႑စုံနယ္ပယ္အသီးသီးမွ ပုဂၢဳိလ္မ်ားပါ၀င္ေသာ စိစစ္ေရး ေကာ္မတီမ်ား ဖြဲ႕စည္းျခင္း၊ ေကာ္မတီ သေဘာတူညီခ်က္ျဖင့္ ေျမကြက္ခ်ထားေပးမည့္ မူ၀ါဒ၊ စည္းကမ္းသတ္မွတ္ျခင္း၊ ေလ်ွာက္လႊာ ေခၚယူျခင္း၊ စည္းကမ္းခ်က္ကုိက္ညီမႈရွိမရွိ စနစ္တက်စိစစ္ျခင္း၊ ပြင့္လင္းျမင္သာမႈရွိစြာ ခ်ျပရွင္းလင္းျခင္းႏွင့္ အဆင့္ဆင့္စိစစ္တင္ျပအတည္ျပဳခ်က္ရယူျခင္းမ်ားကုိ လုပ္ထုံးလုပ္နည္းႏွင့္အညီ ေဆာင္ရြက္ခဲ့ပါတယ္” ဟု ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈက အဖြင့္အမွာစကားတြင္ ေျပာၾကားသည္။

ျပည္နယ္အစိုးရက အဆင့္ဆင့္စိစစ္၍ အတည္ျပဳႏုိင္ခဲ့သည့္ အိမ္ျခံေျမမရွိေသးေသာ အိမ္ေထာင္စု (၁၂၀)အတြက္ အိမ္ၿခံေျမကြက္မ်ားေပးအပ္သည့္ အခမ္းအနားကို ေဘာလခဲၿမိဳ႕ ေစာလေဖာ္ခန္းမတြင္ ေအာက္တိုဘာလ (၂၇)ရက္ေန႔က က်င္းပရာ ကယားျပည္နယ္အစုိးရအဖြဲ႕ ၀န္ႀကီးခ်ဳပ္၊ ျပည္နယ္အစုိးရအဖြဲ႕၀င္ ၀န္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္အစုိးရအဖြဲ႕အတြင္းေရးမွဴးႏွင့္ ဌာနဆုိင္ရာ တာ၀န္ရွိသူမ်ား၊ လႊတ္ေတာ္ကုိယ္စားလွယ္မ်ား၊ ေျမေပးမိန္႕လက္ခံရယူမည့္ ျပည္သူမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား စုံလင္စြာ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ျပည္နယ္အစိုးရက ေဘာလခဲၿမိဳ႕၊ ပြန္ေခ်ာင္းအေရွ႕ဘက္ကမ္း တံတားေဟာင္းႏွင့္ တံတားသစ္ၾကားရွိ ေျမဧရိယာမ်ား အနက္မွ လူေနအိမ္ရာေျမအျဖစ္ အသုံးျပဳရန္ လယ္ယာေျမႏုိင္ငံပုိင္ျပဳလုပ္ေရး အက္ဥပေဒပုဒ္မ-၃၉(လန/၃၉) ခြင့္ျပဳခ်က္ ရရွိထားေသာ (၁၈)ဧကမွ က်န္ရွိေသာ (၁၅.၄၄)ဧကအား စနစ္တက်အကြက္ရုိက္ၿပီး ေဘာလခဲၿမိဳ႕ေပၚရွိ အိမ္ျခံေျမမရွိေသးသူမ်ားကို ေငြေၾကးေကာက္ခံျခင္း လုံး၀မျပဳဘဲ ခြဲေ၀ခ်ထားေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕ကြက္သစ္ ေဖာ္ထုတ္ရရွိသည့္ အကြက္ေပါင္း (၁၂၆)ကြက္မွ အိမ္ျခံေျမမဲ့ အိမ္ေထာင္စု(၁၂၀)အတြက္ ေပ(၆၀)ပတ္လည္ ေျမကြက္မ်ားအား ေပးအပ္ၿပီး က်န္ေျမကြက္မ်ားအနက္မွ ေပ (၄၀× ၆၀)တစ္ကြက္အား ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴရုံးႏွင့္ ေပ(၁၀၀) ပတ္လည္(၅)ကြက္အား အမ်ားျပည္သူႏွင့္သက္ဆုိင္သည့္ ဌာနဆုိင္ရာရုံးအျဖစ္ အသုံးျပဳႏုိင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

ေျမေပးမိန္႔ေပးအပ္ပြဲအခမ္းအနားတြင္ ေဘာလခဲၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ၿမိဳ႕ေျမကြက္သစ္ ေဖာ္ထုတ္ခ်ထားေရး လုပ္ငန္း ေဆာင္ရြက္ခဲ့မႈအေျခ အေနမ်ားအား ရွင္းလင္းတင္ျပခဲ့ကာ ေျမကြက္ ရရွိသူမ်ားထံသုိ႕ ကယားျပည္နယ္အစုိးရအဖြဲ႕ ျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္ တာ၀န္ရွိသူအသီးသီးမွ ေျမေပးမိန္႕ေပးအပ္ခဲ့ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - ျပည္နယ္အစိုးရ


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်အစိုးရက ဘောလခဲမြို့ မြေကွက်သစ်မှ ပေ(၆၀)ပတ်လည် အိမ်ခြံမြေကွက်များကို အိမ်ခြံမြေ မရှိသေးကြောင်း စိစစ်အတည်ပြုနိုင်ခဲ့သည့် အိမ်ထောင်စု (၁၂၀)အား ငွေကြေးကောက်ခံခြင်း မရှိဘဲ အောက်တိုဘာလ (၂၇)ရက်နေ့တွင် ပေးအပ်လိုက်ကြောင်း သိရသည်။

“မြေကွက် မရှိသေးသော ပြည်သူများကို မြေကွက်သစ်ချထားပေးခြင်းသည်လည်း လူနေမှုဘဝ တိုးတက်မြင့်မားရေးကို ရှေးရှုခြင်းဖြစ်ပါတယ်။ ယခုလိုစနစ်တကျမြေကွက်ချထား နိုင်ရေးအတွက် မြေရာဇဝင်စိစစ်ခြင်း၊ ဌာနဆိုင်ရာနှင့် ကဏ္ဍစုံနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များပါဝင်သော စိစစ်ရေး ကော်မတီများ ဖွဲ့စည်းခြင်း၊ ကော်မတီ သဘောတူညီချက်ဖြင့် မြေကွက်ချထားပေးမည့် မူဝါဒ၊ စည်းကမ်းသတ်မှတ်ခြင်း၊ လျှောက်လွှာ ခေါ်ယူခြင်း၊ စည်းကမ်းချက်ကိုက်ညီမှုရှိမရှိ စနစ်တကျစိစစ်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိစွာ ချပြရှင်းလင်းခြင်းနှင့် အဆင့်ဆင့်စိစစ်တင်ပြအတည်ပြုချက်ရယူခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ပါတယ်” ဟု ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားတွင် ပြောကြားသည်။

ပြည်နယ်အစိုးရက အဆင့်ဆင့်စိစစ်၍ အတည်ပြုနိုင်ခဲ့သည့် အိမ်ခြံမြေမရှိသေးသော အိမ်ထောင်စု (၁၂၀)အတွက် အိမ်ခြံမြေကွက်များပေးအပ်သည့် အခမ်းအနားကို ဘောလခဲမြို့ စောလဖော်ခန်းမတွင် အောက်တိုဘာလ (၂၇)ရက်နေ့က ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြေပေးမိန့်လက်ခံရယူမည့် ပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်အစိုးရက ဘောလခဲမြို့၊ ပွန်ချောင်းအရှေ့ဘက်ကမ်း တံတားဟောင်းနှင့် တံတားသစ်ကြားရှိ မြေဧရိယာများ အနက်မှ လူနေအိမ်ရာမြေအဖြစ် အသုံးပြုရန် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ-၃၉(လန/၃၉) ခွင့်ပြုချက် ရရှိထားသော (၁၈)ဧကမှ ကျန်ရှိသော (၁၅.၄၄)ဧကအား စနစ်တကျအကွက်ရိုက်ပြီး ဘောလခဲမြို့ပေါ်ရှိ အိမ်ခြံမြေမရှိသေးသူများကို ငွေကြေးကောက်ခံခြင်း လုံးဝမပြုဘဲ ခွေဲဝချထားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့ကွက်သစ် ဖော်ထုတ်ရရှိသည့် အကွက်ပေါင်း (၁၂၆)ကွက်မှ အိမ်ခြံမြေမဲ့ အိမ်ထောင်စု(၁၂၀)အတွက် ပေ(၆၀)ပတ်လည် မြေကွက်များအား ပေးအပ်ပြီး ကျန်မြေကွက်များအနက်မှ ပေ (၄၀× ၆၀)တစ်ကွက်အား ရပ်ကွက်အုပ်ချုပ်ရေးမှူရုံးနှင့် ပေ(၁၀၀) ပတ်လည်(၅)ကွက်အား အများပြည်သူနှင့်သက်ဆိုင်သည့် ဌာနဆိုင်ရာရုံးအဖြစ် အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

မြေပေးမိန့်ပေးအပ်ပွဲအခမ်းအနားတွင် ဘောလခဲမြို့နယ်အုပ်ချုပ်ရေးမှူးက မြို့မြေကွက်သစ် ဖော်ထုတ်ချထားရေး လုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ကာ မြေကွက် ရရှိသူများထံသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူအသီးသီးမှ မြေပေးမိန့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ပြည်နယ်အစိုးရ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~