မေကြးၿမိဳ႕ရိွ ေစ်း၊ကုန္စံုဆိုင္ႏွင့္ ပဲြရံုမ်ားတြင္ အခ်ိန္အတြယ္ မွန္ကန္ေရး ေရွာင္တခင္စစ္ေဆးမႈမ်ား ျပဳလုပ္ေန

မေကြးၿမိဳ႕ရိွ ေစ်း၊ကုန္စံုဆိုင္ႏွင့္ ပဲြရံုမ်ားတြင္ အခ်ိန္အတြယ္ မွန္ကန္ေရး ေရွာင္တခင္စစ္ေဆးမႈမ်ား ျပဳလုပ္ေန
အောက်တိုဘာ 25, 2017
By Tachileik News Agency

မေကြးၿမိဳ႕တြင္းမွ ေစ်းမ်ား၊ ကုန္စံုဆိုင္မ်ားနွင့္ ပြဲရံုမ်ားတြင္ အခ်ိန္အတြယ္မ်ား မွန္ကန္ေရးအတြက္ ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီက ေရွာင္တခင္စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

“ခုလို ေရွာင္တခင္ စစ္တာမ်ိဳးလုပ္ေတာ့ အေလးခ်ိန္ခြင္နဲ႔ပတ္သက္ရင္ ဘယ္သူမွ မဟုတ္တာ မလုပ္ရဲေတာ့ဘူးေပါ့။ အရင္တုန္းကေတာ့ အေလးခ်ိန္ခြင္ မွန္မွ မွန္ပါ့မလားဆုိတဲ့ သံသယစိတ္ေတြ ရွိၾကတာေၾကာင့္ ဒါမ်ိဳးမၾကာ ခဏ စစ္ေဆးေပးသင့္တယ္ ဆိုတဲ့ အၾကံျပဳခ်က္ေတြ ၾကားေနရလို႔ ခုေတာ့ အေကာင္အထည္ေဖာ္ျဖစ္ပါၿပီ” ဟု မေကြးၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးဖိုးနီက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးၿမိဳ႕ေပၚရိွ ေစ်းႀကီး(၆)ခု၊ ပြဲရံုနွင့္ ကုန္စံုဆိုင္အႀကီး၊အေသး (၃၀၀)ေက်ာ္တို႔တြင္ ေအာက္တိုဘာလ (၁၄)ရက္ေန႔ကတည္းက စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး အေလးခ်ိန္မမွန္သည့္ဆိုင္မ်ားအား သတိေပးစာ ထုတ္ေပးေၾကာင္း သိရသည္။

“အရမ္းႀကီးကြာျခားတာမ်ိဳးေတာ႔ မဟုတ္ပါဘူး။ တစ္ပိႆာအေလးမွာ (၇) က်ပ္သားေလာက္ လိုေနတာမ်ိဳး၊ တစ္ျပည္မွာ ပံုးဝက္နီးပါးေလာက္လိုေနတာမ်ိဳးပဲ ေတြ႔ရတာပါ။ လတ္တေလာေတာ့ သတိေပးစာပဲ ထုတ္ထားပါတယ္။ ဆက္ၿပီးျဖစ္ေနဦးမယ္ဆိုရင္ေတာ႔ အေရးယူမႈျပဳလုပ္ရမွာေပါ႔”ဟု ဦးဖိုးနီက ေျပာသည္။

အဆိုပါစစ္ေဆးမႈမ်ားအား ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီ၊ ကုန္သည္ႀကီးမ်ားနွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းတို႔မွ တာဝန္ရွွိသူမ်ား ပူးေပါင္းလုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ေအာက္တိုဘာ(၂၅)ရက္ေန႔အထိ ၿမိဳ႕မေစ်းႀကီး၊ ရန္ပယ္ေစ်း၊ ေအာင္မဂၤလာရပ္ကြက္ႏွင္႔ ေအာင္ရတနာရပ္ကြက္အတြင္းရိွ ကုန္စံုဆိုင္အခ်ိဳ႕ႏွင္႔ ပြဲရံုမ်ားတြင္ စစ္ေဆးႏိုင္ခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့တွင်းမှ ဈေးများ၊ ကုန်စုံဆိုင်များနှင့် ပွဲရုံများတွင် အချိန်အတွယ်များ မှန်ကန်ရေးအတွက် မြို့နယ် စည်ပင်သာယာရေးကော်မတီက ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ခုလို ရှောင်တခင် စစ်တာမျိုးလုပ်တော့ အလေးချိန်ခွင်နဲ့ပတ်သက်ရင် ဘယ်သူမှ မဟုတ်တာ မလုပ်ရဲတော့ဘူးပေါ့။ အရင်တုန်းကတော့ အလေးချိန်ခွင် မှန်မှ မှန်ပါ့မလားဆိုတဲ့ သံသယစိတ်တွေ ရှိကြတာကြောင့် ဒါမျိုးမကြာ ခဏ စစ်ဆေးပေးသင့်တယ် ဆိုတဲ့ အကြံပြုချက်တွေ ကြားနေရလို့ ခုတော့ အကောင်အထည်ဖော်ဖြစ်ပါပြီ” ဟု မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဖိုးနီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးမြို့ပေါ်ရှိ ဈေးကြီး(၆)ခု၊ ပွဲရုံနှင့် ကုန်စုံဆိုင်အကြီး၊အသေး (၃၀၀)ကျော်တို့တွင် အောက်တိုဘာလ (၁၄)ရက်နေ့ကတည်းက စစ်ဆေးမှုများ လုပ်ဆောင်နခြေင်းဖြစ်ပြီး အလေးချိန်မမှန်သည့်ဆိုင်များအား သတိပေးစာ ထုတ်ပေးကြောင်း သိရသည်။

“အရမ်းကြီးကွာခြားတာမျိုးတော့ မဟုတ်ပါဘူး။ တစ်ပိဿါအလေးမှာ (၇) ကျပ်သားလောက် လိုနေတာမျိုး၊ တစ်ပြည်မှာ ပုံးဝက်နီးပါးလောက်လိုနေတာမျိုးပဲ တွေ့ရတာပါ။ လတ်တလောတော့ သတိပေးစာပဲ ထုတ်ထားပါတယ်။ ဆက်ပြီးဖြစ်နေဦးမယ်ဆိုရင်တော့ အရေးယူမှုပြုလုပ်ရမှာပေါ့”ဟု ဦးဖိုးနီက ပြောသည်။

အဆိုပါစစ်ဆေးမှုများအား မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ(၂၅)ရက်နေ့အထိ မြို့မဈေးကြီး၊ ရန်ပယ်ဈေး၊ အောင်မင်္ဂလာရပ်ကွက်နှင့် အောင်ရတနာရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်အချို့နှင့် ပွဲရုံများတွင် စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~