တာခ်ီလိတ္တြင္ ေက်ာင္းေပါင္းစံု အမ်ဳိးသမီးေဘာလံုးၿပိဳင္ပြဲ စတင္

တာခ်ီလိတ္တြင္ ေက်ာင္းေပါင္းစံု အမ်ဳိးသမီးေဘာလံုးၿပိဳင္ပြဲ စတင္
အောက်တိုဘာ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ရွိ  ၿမိဳ႕မအားကစားကြင္းတြင္ ခရိုင္အမ်ဳိးသမီးေရးရာအဖြဲ႔ ဥကၠဌ(ဖလား)ေက်ာင္းေပါင္းစံု အမ်ဳိးသမီး ေဘာလံုးၿပိဳင္ပြဲအား ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ (၃၀)ရက္ေန႔ ညေနပိုင္းက စတင္၍ က်င္းပေနေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲ၏ ဖြင့္ပြဲအား အခမ္းအနားျဖင့္ ညေန(၃)နာရီေက်ာ္က ျပဳလုပ္ရာတြင္ တာခ်ီလိတ္ခရိုင္ အမ်ဳိးသမီးေရးရာအဖြဲ႕ ဥကၠဌ ေဒၚ၀င္း၀င္းသန္႔က အဖြင့္အမွာစကား ေျပာၾကားၿပီးေနာက္ ပြဲဦးထြက္ အေနျဖင့္ အထက(မိုင္းကိုး) - ခ အသင္း ႏွင့္ အထက(တာေလ)တို႔မွ ယွဥ္ၿပိဳင္ခဲ့ၾကေၾကာင္း သိရသည္။

ၿပိဳင္ပြဲသို႔ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာေက်ာင္း (၇)ေက်ာင္းမွ အမ်ဳိးသမီး ေဘာလံုးအသင္း(၈)သင္းမွ ပါ၀င္ယွဥ္ၿပိဳင္ၿပီး ၿပိဳင္ပြဲမ်ားအား နံနက္(၈)နာရီတြင္ တစ္ႀကိမ္၊ ညေန(၃၀)နာရီခြဲအခ်ိန္တြင္ တစ္ႀကိမ္ စသည္ျဖင့္ တစ္ေန႔ ႏွစ္ႀကိမ္ သတ္မွတ္၍ က်င္းသြားမည္ျဖစ္ၿပီး  ေနာက္ဆံုး ဗိုလ္လုပြဲအား ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၁၀)ရက္ေန႔တြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓာတ္ပံု - ေအာင္ေက်ာ္၀င္းစိန္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြို့မအားကစားကွင်းတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ(ဖလား)ကျောင်းပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲအား ၂၀၁၇ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ ညနေပိုင်းက စတင်၍ ကျင်းပနေကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ၏ ဖွင့်ပွဲအား အခမ်းအနားဖြင့် ညနေ(၃)နာရီကျော်က ပြုလုပ်ရာတွင် တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပွဲဦးထွက် အနဖြေင့် အထက(မိုင်းကိုး) - ခ အသင်း နှင့် အထက(တာလေ)တို့မှ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲသို့ တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၇)ကျောင်းမှ အမျိုးသမီး ဘောလုံးအသင်း(၈)သင်းမှ ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲများအား နံနက်(၈)နာရီတွင် တစ်ကြိမ်၊ ညနေ(၃၀)နာရီခွဲအချိန်တွင် တစ်ကြိမ် စသည်ဖြင့် တစ်နေ့ နှစ်ကြိမ် သတ်မှတ်၍ ကျင်းသွားမည်ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲအား ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~