ကမၻာ့ဆရာမ်ားေန႔ အထိမ္းအမွတ္ ေက်ာက္မဲၿမိဳ႕နယ္မွ ဆရာ၊ဆရာမ ၂၁၀ ဦးအား ပူေဇာ္ကန္ေတာ့

ကမၻာ့ဆရာမ်ားေန႔ အထိမ္းအမွတ္ ေက်ာက္မဲၿမိဳ႕နယ္မွ ဆရာ၊ဆရာမ ၂၁၀ ဦးအား ပူေဇာ္ကန္ေတာ့
အောက်တိုဘာ 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ ကမၻာ့ဆရာမ်ားေန႔ အႀကိဳ ဆရာကန္ေတာ့ပြဲအျဖစ္ ေအာက္တိုဘာလ (၄)ရက္ေန႔က ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ အသက္ (၆၀)ေက်ာ္ အၿငိမ္းစား ဆရာ/ဆရာမ(၂၁၀)ဦးကို ပူေဇာ္ကန္ေတာ့ၾကေၾကာင္း သိရသည္။

“ေအာက္တိုဘာလ(၅)ရက္ေန႔မွာ က်ေရာက္မယ့္ ကမၻာ့ဆရာမ်ားေန႔ အထိမ္းအမွတ္အျဖစ္ အၿငိမ္းစား ဆရာ/ ဆရာမႀကီးေတြကို စုေပါင္းကန္ေတာ့ပြဲ ျပဳလုပ္တာျဖစ္ပါတယ္။ (၅) ရက္ေန႔က သီတင္းကြ်တ္ လျပည့္ေန႔ ျဖစ္ေနတဲ့အတြက္ ဆရာႀကီး၊ ဆရာမႀကီးေတြ ဥပုသ္သီလ ေဆာက္တည္လို႔ရေအာင္ တစ္ရက္ေစာၿပီး ျပဳလုပ္လိုက္တာ ျဖစ္ပါတယ္။ စုစုေပါင္း(၂၁၀)ဦး ျဖစ္တဲ့အတြက္ တစ္ဦးကို က်ပ္ႏွစ္ေသာင္းခန္႔နဲ႔ တဘက္တစ္ထည္စီ ကန္ေတာ့တာျဖစ္ပါတယ္ “ဟု ေက်ာက္မဲၿမိဳ႕နယ္ ပညာေရးဌာနမွ ဒုတိယ ၿမိဳ႕နယ္ပညာေရးမွဴး ဦးေက်ာ္ဝင္း က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါအခမ္းအနားအား ေက်ာက္မဲၿမိဳ႕နယ္ပညာေရးဌာနမွ ဦးစီးေဆာင္ရြက္ျခင္း ျဖစ္ေၾကာင္း သိရၿပီး
ကမၻာ့ဆရာမ်ားေန႔အထိမ္းအမွတ္ အထက္တန္းအဆင့္ ကဗ်ာၿပိဳင္ပြဲ၊ အထက္တန္း အဆင့္ စာစီစာကုံုးၿပိဳင္ပြဲႏွင့္ အလယ္တန္းအဆင့္ စာစီစာကံုးၿပိဳင္ပြဲတို႔မွ ဆုရ ေက်ာင္းသူ/ေက်ာင္းသား(၉)ဦးကိုလည္း ဆုမ်ားခ်ီးျမွင့္ေပးခဲ့ေၾကာင္း သိရွိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု #သိန္းထြန္းေအာင္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ကမ္ဘာ့ဆရာများနေ့ အကြို ဆရာကန်တော့ပွဲအဖြစ် အောက်တိုဘာလ (၄)ရက်နေ့က ကျောက်မဲမြို့နယ်အတွင်းရှိ အသက် (၆၀)ကျော် အငြိမ်းစား ဆရာ/ဆရာမ(၂၁၀)ဦးကို ပူဇော်ကန်တော့ကြကြောင်း သိရသည်။

“အောက်တိုဘာလ(၅)ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အငြိမ်းစား ဆရာ/ ဆရာမကြီးတွေကို စုပေါင်းကန်တော့ပွဲ ပြုလုပ်တာဖြစ်ပါတယ်။ (၅) ရက်နေ့က သီတင်းကျွတ် လပြည့်နေ့ ဖြစ်နေတဲ့အတွက် ဆရာကြီး၊ ဆရာမကြီးတွေ ဥပုသ်သီလ ဆောက်တည်လို့ရအောင် တစ်ရက်စောပြီး ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။ စုစုပေါင်း(၂၁၀)ဦး ဖြစ်တဲ့အတွက် တစ်ဦးကို ကျပ်နှစ်သောင်းခန့်နဲ့ တဘက်တစ်ထည်စီ ကန်တော့တာဖြစ်ပါတယ် “ဟု ကျောက်မဲမြို့နယ် ပညာရေးဌာနမှ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးကျော်ဝင်း က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါအခမ်းအနားအား ကျောက်မဲမြို့နယ်ပညာရေးဌာနမှ ဦးစီးဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရပြီး
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ၊ အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတို့မှ ဆုရ ကျောင်းသူ/ကျောင်းသား(၉)ဦးကိုလည်း ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #သိန်းထွန်းအောင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~