ေတာင္ႀကီးတန္ေဆာင္တုိင္ပြဲေတာ္လံုၿခံဳေရး ယခင္ႏွစ္ထက္ ရဲအင္အား (၂၀၀)ေက်ာ္တိုးထား

ေတာင္ႀကီးတန္ေဆာင္တုိင္ပြဲေတာ္လံုၿခံဳေရး ယခင္ႏွစ္ထက္ ရဲအင္အား (၂၀၀)ေက်ာ္တိုးထား
အောက်တိုဘာ 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ မီးပံုးပ်ံပြဲေတာ္အတြက္ လံုျခံဳေရးအား ယခင္ႏွစ္ထက္ ရဲတပ္ဖြဲ႕အင္အား (၂၀၀)ေက်ာ္ တိုးျမႇင့္သြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕ထံမွ သိရသည္။

“တန္ေဆာင္တိုင္လံုၿခံဳေရးနဲ႔ ပတ္သက္လို႔ ကြ်န္ေတာ္တို႔ အပိုင္း (၇) ပိုင္းခြဲျခားေဆာင္ရြက္သြားမွာပါ။ ရဲတပ္ဖြဲ႕၀င္ အင္အားေပါင္းကေတာ့ (၆၈၀)ေက်ာ္ သံုးစြဲေဆာင္ရြက္သြားမွာပါ။ အရင္ႏွစ္ထက္ ဦးေရ (၂၀၀)ေလာက္ တိုးထားပါတယ္။ အရင္ႏွစ္က ေဆာင္ရြက္ခဲ့တဲ့အေျခအေနေပၚ မူတည္ၿပီးေတာ့ ဒီႏွစ္မွာ လိုအပ္တာေတြ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။ ယခင္ႏွစ္က အားနည္းခ်က္၊ အားသာခ်က္ေတြနဲ႕ ႏိႈင္းယွဥ္ၿပီး အေတြ႕အႀကံဳကို အေျခခံၿပီး တိုးျမႇင့္ၿပီး ေဆာင္ရြက္သြားမွာပါ။ အင္အားက ေတာင္ႀကီးခရိုင္ အတြင္းမွာရွိတဲ့ ရဲတပ္ဖြဲ႕ေတြနဲ႕ စုေပါင္းေဆာင္ရြက္ရပါတယ္။ လံုၿခံဳေရးကို အရင္ထက္တိုးျမႇင့္ၿပီး သတိႀကီးစြာ တိုးျမႇင့္ေဆာင္ရြက္သြားမွာပါ” ဟု ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွ ဒုရဲမွဴးစိုးထြန္းက ေျပာသည္။

လံုျခံဳေရးအား ေနရာလံုျခံဳေရး၊ လမ္းေၾကာင္းလံုျခံဳေရး၊ ယာဥ္တန္းလံုျခံဳေရး၊ လူပုဂၢိဳလ္လံုျခံဳေရး၊ နယ္ေျမလံုျခံဳေရး၊ အေရးေပၚလံုျခံဳေရးႏွင့္ မီးေဘးလံုျခံဳေရးအပိုင္းမ်ားခြဲ၍ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“တန္ေဆာင္တိုင္ပြဲမွာ လံုျခံဳေရး အင္အားမ်ားဖို႔က အေရးႀကီးပါတယ္။ အရင္ႏွစ္ဆို လံုျခံဳေရး ရွိေနတာေတာင္မွ ခါးပိုက္နိႈက္ လုယက္တာေတြျဖစ္ေနေသးတယ္။ တခ်ဳိ႕လူငယ္ေတြက တုတ္ေတြဓားေတြ ေဆာင္ထားတဲ့ သူေတြလည္း ရွိတယ္။ ဘာပဲျဖစ္ျဖစ္ အႏၱရာယ္ကင္းကင္းနဲ႕ ပြဲလည္လို႔အဆင္ေျပရင္ အေကာင္းဆံုးပါပဲ”ဟု ေတာင္ႀကီးေဒသခံ ဦးထြန္းကေျပာသည္။

တန္ေဆာင္တိုင္ပြဲေတာ္ကာလအတြင္း ပြဲေတာ္ကြင္းအတြင္းအျပင္ လွည့္ကင္းမ်ားျဖင့္ လံုၿခံဳေရး ေဆာင္ရြက္မည့္အျပင္ တုတ္၊ ဓား၊ လက္နက္မ်ားမယူေဆာင္ႏုိင္ရန္အတြက္ ၿမဳိ႕အ၀င္အထြက္ ဂိတ္မ်ားတြင္လည္း သီးသန္႔စစ္ေဆးေရးဂိတ္မ်ားျဖင့္ စစ္ေဆးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်အတွက် လုံခြုံရေးအား ယခင်နှစ်ထက် ရဲတပ်ဖွဲ့အင်အား (၂၀၀)ကျော် တိုးမြှင့်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“တန်ဆောင်တိုင်လုံခြုံရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အပိုင်း (၇) ပိုင်းခွဲခြားဆောင်ရွက်သွားမှာပါ။ ရဲတပ်ဖွဲ့ဝင် အင်အားပေါင်းကတော့ (၆၈၀)ကျော် သုံးစွဲဆောင်ရွက်သွားမှာပါ။ အရင်နှစ်ထက် ဦးရေ (၂၀၀)လောက် တိုးထားပါတယ်။ အရင်နှစ်က ဆောင်ရွက်ခဲ့တဲ့အခြေအနေပေါ် မူတည်ပြီးတော့ ဒီနှစ်မှာ လိုအပ်တာတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယခင်နှစ်က အားနည်းချက်၊ အားသာချက်တွေနဲ့ နှိုင်းယှဉ်ပြီး အတွေ့အကြုံကို အခြေခံပြီး တိုးမြှင့်ပြီး ဆောင်ရွက်သွားမှာပါ။ အင်အားက တောင်ကြီးခရိုင် အတွင်းမှာရှိတဲ့ ရဲတပ်ဖွဲ့တွေနဲ့ စုပေါင်းဆောင်ရွက်ရပါတယ်။ လုံခြုံရေးကို အရင်ထက်တိုးမြှင့်ပြီး သတိကြီးစွာ တိုးမြှင့်ဆောင်ရွက်သွားမှာပါ” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးစိုးထွန်းက ပြောသည်။

လုံခြုံရေးအား နေရာလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေး၊ ယာဉ်တန်းလုံခြုံရေး၊ လူပုဂ္ဂိုလ်လုံခြုံရေး၊ နယ်မြေလုံခြုံရေး၊ အရေးပေါ်လုံခြုံရေးနှင့် မီးဘေးလုံခြုံရေးအပိုင်းများခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“တန်ဆောင်တိုင်ပွဲမှာ လုံခြုံရေး အင်အားများဖို့က အရေးကြီးပါတယ်။ အရင်နှစ်ဆို လုံခြုံရေး ရှိနေတာတောင်မှ ခါးပိုက်နှိုက် လုယက်တာတွဖြေစ်နေသေးတယ်။ တချို့လူငယ်တွေက တုတ်တွေဓားတွေ ဆောင်ထားတဲ့ သူတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် အန္တရာယ်ကင်းကင်းနဲ့ ပွဲလည်လို့အဆင်ပြေရင် အကောင်းဆုံးပါပဲ”ဟု တောင်ကြီးဒေသခံ ဦးထွန်းကပြောသည်။

တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ပွဲတော်ကွင်းအတွင်းအပြင် လှည့်ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက်မည့်အပြင် တုတ်၊ ဓား၊ လက်နက်များမယူဆောင်နိုင်ရန်အတွက် မြို့အဝင်အထွက် ဂိတ်များတွင်လည်း သီးသန့်စစ်ဆေးရေးဂိတ်များဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~