သိႏၷီ - ကြမ္းလံုလမ္းတြင္ ေမာ္ေတာ္ယာဥ္တစ္စီး လမ္းေဘးေခ်ာက္အတြင္း ထိုးက်၍ သီလရွင္ (၇)ပါး ဒဏ္ရာရ

သိႏၷီ - ကြမ္းလံုလမ္းတြင္ ေမာ္ေတာ္ယာဥ္တစ္စီး လမ္းေဘးေခ်ာက္အတြင္း ထိုးက်၍ သီလရွင္ (၇)ပါး ဒဏ္ရာရ
အောက်တိုဘာ 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီၿမိဳ႕နယ္ သိႏၷီ - ကြမ္းလံုလမ္းတြင္ ေအာက္တိုဘာလ (၈)ရက္ေန႔က ေမာ္ေတာ္ယာဥ္ တစ္စီး လမ္းေဘးထိုးက်သြားသျဖင့္ ယာဥ္ေပၚလုိက္ပါလာသည့္ သီလရွင္ (၇)ပါး ဒဏ္ရာရသြားေၾကာင္း သိရသည္။

သိႏၷီၿမိဳ႕မွ ကြမ္းလံုၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ယာဥ္သည္ ေအာက္တိုဘာလ (၈)ရက္ေန႔ နံနက္ (၇)နာရီခြဲခန္႔တြင္ လမ္းေဘးေခ်ာက္အတြင္း ထိုးက်တိမ္းေမွာက္သြားသျဖင့္ စစ္ကိုင္းၿမိဳ႕မွ သီလရွင္ (၇)ပါးမွာ ဒဏ္ရာအနည္းငယ္စီ ရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရသြားသည့္ သီလရွင္မ်ားအား နမ့္စလပ္တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီး ယာဥ္ေမာင္းျဖစ္သူ ေဇယ်ာၿဖိဳးအား ဖမ္းဆီးထားေၾကာင္း သိရသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈႏွင့္ ပတ္သက္၍ ယာဥ္ေမာင္းျဖစ္သူအား နမ့္စလပ္နယ္ေျမရဲစခန္းတြင္ ယာဥ္(ပ)၆/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၈/၃၃၇ (ေပါ့ေလ်ာ့မွဳေၾကာင့္ ျပင္းထန္/သာမန္နာက်င္ေစမႈ) ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့နယ် သိန္နီ - ကွမ်းလုံလမ်းတွင် အောက်တိုဘာလ (၈)ရက်နေ့က မော်တော်ယာဉ် တစ်စီး လမ်းဘေးထိုးကျသွားသဖြင့် ယာဉ်ပေါ်လိုက်ပါလာသည့် သီလရှင် (၇)ပါး ဒဏ်ရာရသွားကြောင်း သိရသည်။

သိန္နီမြို့မှ ကွမ်းလုံမြို့သို့ မောင်းနှင်လာသည့်ယာဉ်သည် အောက်တိုဘာလ (၈)ရက်နေ့ နံနက် (၇)နာရီခွဲခန့်တွင် လမ်းဘေးချောက်အတွင်း ထိုးကျတိမ်းမှောက်သွားသဖြင့် စစ်ကိုင်းမြို့မှ သီလရှင် (၇)ပါးမှာ ဒဏ်ရာအနည်းငယ်စီ ရသွားခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသွားသည့် သီလရှင်များအား နမ့်စလပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ယာဉ်မောင်းဖြစ်သူ ဇေယျာဖြိုးအား ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူအား နမ့်စလပ်နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် ပြင်းထန်/သာမန်နာကျင်စေမှု) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~