တောင်ကြီး - ကျိုင်းတုံသွားလမ်း တာကော်လမ်းပေါ်တွင် မိုးရွာ၍ မြေသားများ လမ်းပေါ်ရောက်၍ ယာဉ်ကြောပိတ်သွား
တောင်ကြီး - ကျိုင်းတုံသွားလမ်း တာကော်လမ်းပေါ်တွင် မိုးရွာ၍ မြေသားများ လမ်းပေါ်ရောက်၍ ယာဉ်ကြောပိတ်သွား
အောက်တိုဘာ 25, 2017
By Tachileik News Agency
အဆိုပါ လမ်းတွင် လမ်းတိုးချဲ့နေရာမှ မြေကြီးများမှာ မိုးရွာသွန်းမှုကြောင့် လမ်းပေါ်သို့ ရောက်ရှိကာ လမ်းပိတ်သွားခြင်း နှင့် လမ်းချော်ခြင်းများ ဖြစ်နေသည့်အတွက် သက်ဆိုင်ရာမှ ရှင်းလင်းဖယ်ရှား ပေးနေကြောင်းအပြင် မိုးဆက်လက်ရွာသွန်းပါက လမ်းပေါ်သို့ မြေသားများ ကျရောက်နိုင်ကြောင်း ခရီးသွားသူများထဲက သိရှိရသည်။
ဓာတ်ပုံ - အောင်ဟိန်းဦး
~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီး - ကျိုင်းတုံသွားလမ်း တာကော်တံတား နှင့် တာကော်နှစ်မိုင်ကြားတွင် ကားလမ်းပေါ်သို့ မိုးရေကြောင့် မြေသားများ ကျကာ လမ်းပိတ်သွားသည့်အတွက် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာမှ ဖယ်ရှားပေးနေစဉ်အတွင်း ယာဉ်များ သွားလာမှု အချိန် (၂)နာရီဝန်းကျင်ကြာမြင့်ခဲ့ကြောင်း သိရသည်။
"လမ်းချဲ့တော့ မြကြေီးတွေက မိုးရေနဲ့အတူ လမ်းပေါ် ရောက်နေတော့ လမ်းချော်တာတွေ၊ လမ်းပိတ်သွားတာတွေ ဖြစ်သွားတယ်။ ဒီနံနက်(၉)နာရီဝန်းကျင်က တွေ့ခဲ့ရတာ ခုထိ ကားတွေတော့ အချိန်(၂)နာရီလောက် ကြာသွားတယ်။ အခုတော့ ပြီးပြီလားမသိဘူး။ မိုးဆက်ရွာရင်တော့ ထပ်ဖြစ်မလားမပြောတတ်ဘူး"ဟု အဆိုပါ လမ်းမှ ဖြတ်သွားသူ တာချီလိတ်မှ ခရီးသွားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
အဆိုပါ လမ်းတွင် လမ်းတိုးချဲ့နေရာမှ မြကြေီးများမှာ မိုးရွာသွန်းမှုကြောင့် လမ်းပေါ်သို့ ရောက်ရှိကာ လမ်းပိတ်သွားခြင်း နှင့် လမ်းချော်ခြင်းများ ဖြစ်နေသည့်အတွက် သက်ဆိုင်ရာမှ ရှင်းလင်းဖယ်ရှား ပေးနေကြောင်းအပြင် မိုးဆက်လက်ရွာသွန်းပါက လမ်းပေါ်သို့ မြေသားများ ကျရောက်နိုင်ကြောင်း ခရီးသွားသူများထဲက သိရှိရသည်။
ဓာတ်ပုံ - အောင်ဟိန်းဦး
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~