ဆေးလိပ်ငွေ့ကင်းစင် လှုပ်ရှားမှုအဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တာချီလိတ်မှ စက်ဘီးစီးဝါသနာရှင်များ စုပေါင်း စက်ဘီးစီး

ဆေးလိပ်ငွေ့ကင်းစင် လှုပ်ရှားမှုအဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တာချီလိတ်မှ စက်ဘီးစီးဝါသနာရှင်များ စုပေါင်း စက်ဘီးစီး
အောကျတိုဘာ 14, 2017
By Tachileik News Agency



စက်ဘီးစီးနင်းရာတွင် တာချီလိတ်မြို့ရှိ ရှမ်းရိုးမကုန်တိုက်ရှေ့မှ စုရပ်အဖြစ် စတင်ထွက်ခွာပြီး လေယာဉ်ကွင်းလမ်းဆုံသို့ စီးနင်းကာ ထိုမှတစ်ဆင့် မြို့မအားကစားကွင်းသို့ ပန်းဝင်ကြောင်း နှင့် စက်ဘီးစီးနင်းပွဲတွင် ဆေးလိပ်ငွေ့ကင်းစင် လှုပ်ရှားမှု အမှတ်တရ အင်္ကျီ အထည်(၃၀၀)အား ပေးဝေခဲ့ကြကြောင်း သိရသည်။


ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်အတွင်းရှိ မြို့များ၌ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများအဖြစ် သတ်မှတ်ရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသရှိ တာချီလိတ်တွင် တာချီလိတ်ရွှေတိဂုံစေတီ နှင့် မြို့နယ်ဓမ္မာရုံအားလည်းကောင်း၊ ကျိုင်းတုံမြို့တွင် မဟာမြတ်မုနိဘုရားပရိဝုဏ်နှင့် ဓမ္မောဒယကျောင်းတိုက် ပရိဝုဏ်တို့အားလည်းကောင်း၊ မိုင်းဆတ်မြို့တွင် သဗ္ဗေညုစေတီတော်ပရိဝုဏ်နှင့် ဓာတ်စွမ်းယောင်စေတီတော် ပရိဝုဏ်တို့အားလည်းကောင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများအဖြစ် သတ်မှတ်ထားရှိပြီးကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးလိပ်ငွေ့ကင်းစင် လူထု စက်ဘီးစီးနင်းပွဲအား ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်အစောပိုင်းက ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး(၄)ဦးနှင့်အတူ တာချီလိတ်မှ စက်ဘီးစီးဝါသနာရှင်များ ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

အဆိုပါ စက်ဘီးစီးနင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင် နှင့် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ အပါအဝင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ တာချီလိတ် စက်ဘီးအသင်း နှင့် တာချီလိတ်မှ စက်ဘီးစီးဝါသနာရှင်များ စုပေါင်း၍ ဆင်နွှဲခဲ့ကြသည်။

စက်ဘီးစီးနင်းရာတွင် တာချီလိတ်မြို့ရှိ ရှမ်းရိုးမကုန်တိုက်ရှေ့မှ စုရပ်အဖြစ် စတင်ထွက်ခွာပြီး လေယာဉ်ကွင်းလမ်းဆုံသို့ စီးနင်းကာ ထိုမှတစ်ဆင့် မြို့မအားကစားကွင်းသို့ ပန်းဝင်ကြောင်း နှင့် စက်ဘီးစီးနင်းပွဲတွင် ဆေးလိပ်ငွေ့ကင်းစင် လှုပ်ရှားမှု အမှတ်တရ အင်္ကျီ အထည်(၃၀၀)အား ပေးေဝခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးလိပ်ငွေ့ကင်းစင် လူထုစက်ဘီးစီးနင်းပွဲအား ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့ နံနက်ပိုင်း၌ ကျိုင်းတုံမြို့တွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်အတွင်းရှိ မြို့များ၌ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများအဖြစ် သတ်မှတ်ရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသရှိ တာချီလိတ်တွင် တာချီလိတ်ရွှေတိဂုံစေတီ နှင့် မြို့နယ်ဓမ္မာရုံအားလည်းကောင်း၊ ကျိုင်းတုံမြို့တွင် မဟာမြတ်မုနိဘုရားပရိဝုဏ်နှင့် ဓမ္မောဒယကျောင်းတိုက် ပရိဝုဏ်တို့အားလည်းကောင်း၊ မိုင်းဆတ်မြို့တွင် သဗ္ဗညေုစေတီတော်ပရိဝုဏ်နှင့် ဓာတ်စွမ်းယောင်စေတီတော် ပရိဝုဏ်တို့အားလည်းကောင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများအဖြစ် သတ်မှတ်ထားရှိပြီးကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - #အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~