တာခ်ီလိတ္တြင္ ေသေၾကာင္းႀကံစည္သည့္ အမ်ိဳးသားအား ကယ္တင္ရန္ႀကိဳးစားေသာ္လည္း သံုးထပ္တုိက္မွ ခုန္ခ်ေသဆံုး

တာခ်ီလိတ္တြင္ ေသေၾကာင္းႀကံစည္သည့္ အမ်ိဳးသားအား ကယ္တင္ရန္ႀကိဳးစားေသာ္လည္း သံုးထပ္တုိက္မွ ခုန္ခ်ေသဆံုး
အောက်တိုဘာ 19, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ရွမ္းရိုးမကုန္တိုက္အနီးရွိ ေနအိမ္အခန္းငွား (၃)ထပ္တိုက္တြင္  ေအာက္တိုဘာလ (၁၈)ရက္ေန႔ညက ေသေၾကာင္းႀကံစည္သည့္ အမ်ိဳးသားအား ကယ္တင္ရန္ ႀကိဳးစားခဲ့ေသာ္လည္း ည(၁၁)နာရီ (၄၆)မိနစ္အခ်ိန္၌ သံုးထပ္တုိက္ေပၚမွ ခုန္ခ်ခဲ့ရာ ေဆးရံုသို႔ပို႔ေဆာင္စဥ္  ေသဆံုးသြားေၾကာင္း သိရသည္။

"ည (၁၀)နာရီ၀န္းက်င္ေလာက္ကတည္းက အေပၚထပ္မွာ ရပ္ေနတာ။ လူတစ္ေယာက္ ဘာရပ္ လုပ္ေနတာလဲဆိုၿပီး ၾကည့္ေနတာ ေတာ္ေတာ္ၾကာတယ္။ နည္းနည္းၾကာေတာ့ ရဲနဲ႔မီးသတ္လည္း ေရာက္လာတယ္။ အဲဒီ အခန္းမွာ ငွားေနသူမဟုတ္ဘူးလို႔လည္း သိရတယ္"ဟု အေနနီးသူ အမ်ဳိးသမီးတစ္ဦးက ေျပာသည္။

အမ်ဳိးသားတစ္ဦး တိုက္ေပၚမွ ခုန္ခ်ရန္ ႀကံစည္ေနေၾကာင္း သတင္းရရွိ၍  တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးမွဴး ဦးထြန္းႏိုင္ဦး ႏွင့္ မီးသတ္တပ္ဖြဲ႔၀င္မ်ား ေရာက္ရွိလာၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴးဒုရဲမွဴးၾကည္စိုး၊ ရဲအုပ္ ကိုကိုဦး ႏွင့္ နယ္ထိန္း ရဲတပ္ဖြဲ႔၀င္မ်ား၊ အလင္းေရာင္ပရဟိတအသင္းႏွင့္ အနီးဝန္းက်င္တြင္ေနထိုင္သူမ်ား ေရာက္ရွိကာ ကယ္တင္ရန္ ႀကိဳးစားခဲ့ေသာ္လည္း  တိုက္ေပၚမွ ခုန္ခ်သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တိုက္ေပၚမွ ခုန္ခ်ခ်ိန္တြင္ လွ်ပ္စစ္ဓာတ္ႀကိဳးအား ထိမိ၍ ဓာတ္ႀကိဳးမွာ ျပတ္ေတာက္သြားခဲ့ကာ တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္ျဖစ္သည့္ မကာဟိုခမ္းရပ္ကြက္ ႏွင့္ ၀မ္ေကာင္းရပ္ကြက္ အပါအ၀င္ အခ်ဳိ႕ေနရာမ်ားတြင္ လွ်ပ္စစ္မီးေခတၱ ျပတ္ေတာက္သြားခဲ့ေၾကာင္း သိရသည္။

တိုက္ေပၚမွ ခုန္ခ်ေသဆံုးသြားသူမွာ မိုင္းဆတ္ၿမိဳ႕ မွတ္ပံုတင္ကိုင္ေဆာင္သူ ျဖစ္ေၾကာင္း သိရၿပီး ကီလိုေကာက္သူတစ္ဦးျဖစ္ေၾကာင္းႏွင့္ ကိုယ္ေရးကုိယ္တာကိစၥျဖင့္ ႀကံစည္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကုန်တိုက်အနီးရှိ နေအိမ်အခန်းငှါး (၃)ထပ်တိုက်တွင် အောက်တိုဘာလ (၁၈)ရက်နေ့ညက သေကြောင်းကြံစည်သည့် အမျိုးသားအား ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ည(၁၁)နာရီ (၄၆)မိနစ်အချိန်၌ သုံးထပ်တိုက်ပေါ်မှ ခုန်ချခဲ့ရာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

"ည (၁၀)နာရီဝန်းကျင်လောက်ကတည်းက အပေါ်ထပ်မှာ ရပ်နေတာ။ လူတစ်ယောက် ဘာရပ် လုပ်နေတာလဲဆိုပြီး ကြည့်နေတာ တော်တော်ကြာတယ်။ နည်းနည်းကြာတော့ ရဲနဲ့မီးသတ်လည်း ရောက်လာတယ်။ အဲဒီ အခန်းမှာ ငှါးနေသူမဟုတ်ဘူးလို့လည်း သိရတယ်"ဟု အနေနီးသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အမျိုးသားတစ်ဦး တိုက်ပေါ်မှ ခုန်ချရန် ကြံစည်နေကြောင်း သတင်းရရှိ၍ တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦး နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးကြည်စိုး၊ ရဲအုပ် ကိုကိုဦး နှင့် နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ အလင်းရောင်ပရဟိတအသင်းနှင့် အနီးဝန်းကျင်တွင်နေထိုင်သူများ ရောက်ရှိကာ ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း တိုက်ပေါ်မှ ခုန်ချသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပေါ်မှ ခုန်ချချိန်တွင် လျှပ်စစ်ဓာတ်ကြိုးအား ထိမိ၍ ဓာတ်ကြိုးမှာ ပြတ်တောက်သွားခဲ့ကာ တာချီလိတ်မြို့ပေါ်ရပ်ကွက်ဖြစ်သည့် မကာဟိုခမ်းရပ်ကွက် နှင့် ဝမ်ကောင်းရပ်ကွက် အပါအဝင် အချို့နေရာများတွင် လျှပ်စစ်မီးခေတ္တ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

တိုက်ပေါ်မှ ခုန်ချသေဆုံးသွားသူမှာ မိုင်းဆတ်မြို့ မှတ်ပုံတင်ကိုင်ဆောင်သူ ဖြစ်ကြောင်း သိရပြီး ကီလိုကောက်သူတစ်ဦးဖြစ်ကြောင်းနှင့် ကိုယ်ရေးကိုယ်တာကိစ္စဖြင့် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~