တာခ်ီလိတ္တြင္ ေရႊလာဘ္ေငြလာဘ္ ဇာတ္သဘင္ျဖင့္ ရခိုင္ျပည္နယ္(ေျမာက္ပိုင္း)အတြက္ ရန္ပံုေငြျပဳလုပ္ကာ ပြဲၾကည့္သူမ်ားအား ဘုရားမဲႏိႈက္ေပး

တာခ်ီလိတ္တြင္ ေရႊလာဘ္ေငြလာဘ္ ဇာတ္သဘင္ျဖင့္ ရခိုင္ျပည္နယ္(ေျမာက္ပိုင္း)အတြက္ ရန္ပံုေငြျပဳလုပ္ကာ ပြဲၾကည့္သူမ်ားအား ဘုရားမဲႏိႈက္ေပး
အောက်တိုဘာ 11, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ လူမႈေရးႏွင့္ကူညီေထာက္ပံ့ေရးေကာ္မတီမွ တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္းတြင္ ရခိုင္ျပည္နယ္(ေျမာက္ပိုင္းေဒသ)အတြက္ ရန္ပံုေငြပြဲအျဖစ္ က်င္းပျပဳလုပ္သည့္ ေရႊလာဘ္ ေငြလာဘ္ ဇာတ္သဘင္ပြဲအား ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၁၀)ရက္ေန႔တြင္ တစ္ရက္တာက်င္းပျပဳလုပ္ရာ ပြဲလက္မွတ္၀ယ္ယူထားၿပီး လာေရာက္ၾကည့္ရႈသူမ်ားအား ဘုရားမဲမ်ား ႏႈိက္ေပးခဲ့ေၾကာင္း သိရသည္။

အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားႏွင့္ Arakan Rohingya Salvation Army(ARSA)တို႔၏ တုိက္ခုိက္ျခင္းကို ခံခဲ့ရသည့္ ရခုိင္ျပည္နယ္(ေျမာက္ပိုင္းေဒသ)အား ေထာက္ပံ့ေပးႏိုင္ရန္အတြက္ အဆိုပါ ေကာ္မတီမွ ဇာတ္သဘင္ပြဲက်င္းပျပဳလုပ္ရာ ပြဲလက္မွတ္တစ္ေစာင္အား ဘတ္(၂၀၀)ႏႈန္းျဖင့္ ေရာင္းခ်ၿပီး ေအာက္တိုဘာလ(၁၀)ရက္ေန႔ ညပိုင္းတြင္ က်င္းပျပဳလုပ္ျခင္း ျဖစ္သည္။

အဆိုပါ ပြဲတြင္ သီတင္းကြ်တ္လျပည့္ညက ၀ကၤပါအတြင္း ၀င္ေရာက္ခဲ့သူမ်ားကို ဘုရားမဲလက္မွတ္မ်ား ေပးေ၀ခဲ့ၿပီး မဲႏႈိက္ေပးခဲ့ေသာ္လည္း မဲေပါက္သူမ်ားအေနျဖင့္ လာေရာက္ ပင့္ေဆာင္ျခင္း မရွိသည့္အတြက္ ေအာက္တိုဘာလ(၁၀)ရက္ေန႔ ညတြင္ က်င္းပသည့္ ဇာတ္သဘင္ပြဲ၌ ပြဲလက္မွတ္၀ယ္ယူသူမ်ားအား ထပ္မံ၍ မဲႏႈိက္ေပးၿပီး ဇာတ္ဘသင္ စင္ျမင့္တြင္ မဲေပါက္သူအား ေပးအပ္ျခင္းျဖစ္သည္။

ဘုရားမဲမ်ား ႏႈိက္ေပးရာတြင္ ျမန္မာႏိုင္ငံသဘင္ပညာရွင္မ်ားအစည္းအရံုး(တာခ်ီလိတ္ၿမိဳ႕နယ္)မွ နာယကႏွင့္ အလုပ္အမႈေဆာင္အဖြဲ႔၀င္မ်ားက မဲႏႈိက္ေပးၿပီး တာခ်ီလိတ္ခရုိင္မွ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္၀င္းေဌး ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ ေတးဆို ေဂ်ညီညီ ႏွင့္ ေတးေရးဆရာ သွ်န္ထြန္း(ျမန္မာစာ)၊ အပါအ၀င္ ေရႊလာဘ္ ေငြလာဘ္ ဇာတ္သဘင္မွ ခ်စ္စြမ္းသာတို႔က မဲေပါက္သူမ်ားအား ဘုရားရုပ္ပြားဆင္းတုေတာ္မ်ားကို ေပးအပ္လွဴဒါန္းေပးခဲ့ၾကသည္။

ကံစမ္းမဲ ေဖာက္ေပးသည့္ ေၾကးသြန္းဆင္းတုေတာ္(၄)ဆူအား တာခ်ီလိတ္ၿမိဳ႕နယ္ လူမႈေရးႏွင့္ ကူညီေထာက္ပံ့ေရးေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္(သူရိယသကၤန္းတိုက္)က လွဴဒါန္းေပးျခင္း ျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍ အဆိုပါ ရန္ပံုေငြပြဲ က်င္းပျပဳလုပ္ရာတြင္ ပါ၀င္ကူညီခဲ့ၾကသည့္ ေရႊလာဘ္ ေငြလာဘ္ ဇာတ္သဘင္မွ ခ်စ္စြမ္းသာ ႏွင့္ ကိုရဲထြန္းသိန္း(ကိုသားႀကီး)တို႔အား တာခ်ီလိတ္ခရုိင္မွ ဒုတိယခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္၀င္းေဌးက မွတ္တမ္းတင္ဂုဏ္ျပဳလႊာမ်ားအား ေပးအပ္းခ်ီးျမႇင့္ခဲ့ၾကသည္။

အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားႏွင့္ Arakan Rohingya Salvation Army(ARSA)တို႔၏ တုိက္ခုိက္ျခင္းကို ခံခဲ့ရသည့္ ရခိုင္ေသြးခ်င္းမ်ားမွာ ေနရပ္စြန္႔ခြာ ထြက္ေျပးခဲ့ရသည့္ အတြက္ ေထာက္ပံ့လွဴဒါန္းႏိုင္ရန္ ယခုလို ရန္ပံုေငြပြဲအား က်င္းပျပဳလုပ္ရျခင္း ျဖစ္ေၾကာင္းႏွင့္ ရခုိင္ျပည္သူမ်ားသို႔ လွဴဒါန္းမည့္ ရွမ္းျပည္နယ္အစိုးရ၏ အစီအစဥ္တြင္လည္း က်ပ္(၅၈)သိန္းအျပင္၊ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔ႏွင့္ ခ်ိတ္ဆက္၍ ေငြသားက်ပ္သိန္း(၁၀၀)အပါအ၀င္၊ က်ပ္သိန္း(၁၀၀)ေက်ာ္တန္ဖိုးရွိသည့္ ဆန္ႏွင့္ဆီ တို႔ကိုလည္း ေပးအပ္လွဴဒါန္းခဲ့ၿပီးျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ လူမႈေရးႏွင့္ ကူညီေထာက္ပံ့ေရးေကာ္မတီထံက သိရသည္။

ရခိုင္ျပည္နယ္၊ ေျမာက္ပိုင္ေဒသျဖစ္သည့္ ေမာင္ေတာၿမိဳ႕နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္နွင့္ ရေသ့ေတာင္ၿမိဳ႕နယ္မ်ားမွ ရဲကင္းစခန္း (၃၀)ႏွင့္ ေတာင္ဘဇာေက်းရြာရိွ နယ္ေျမခံတပ္ရင္းဌာနခ်ဳပ္တို႔ကို ၂၀၁၇ခုႏွစ္ ၾသဂုတ္လ (၂၅)ရက္ေန႔က တစ္ၿပိဳင္တည္း ဝင္ေရာက္တုိက္ခိုက္ခဲ့သည့္ အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားႏွင့္ ယင္းအၾကမ္းဖက္သမားမ်ားအတြက္ တာဝန္ရိွေသာ Arakan Rohingya Salvation Army (ARSA)တို႔ကို အၾကမ္းဖက္အုပ္စု အျဖစ္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕က အမိန္႔ေၾကာ္ျငာစာအမွတ္ (၁/၂၀၁၇)ျဖင့္ ၾသဂုတ္လ (၂၅)ရက္ေန႔တြင္ ေၾကညာလုိက္သည္။

ဓာတ္ပံု  - ကိုေဇာင္း



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် လူမှုရေးနှင့်ကူညီထောက်ပံ့ရေးကော်မတီမှ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် ရခိုင်ပြည်နယ်(မြောက်ပိုင်းဒေသ)အတွက် ရန်ပုံငွေပွဲအဖြစ် ကျင်းပပြုလုပ်သည့် ရွှေလာဘ် ငွေလာဘ် ဇာတ်သဘင်ပွဲအား ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့တွင် တစ်ရက်တာကျင်းပပြုလုပ်ရာ ပွဲလက်မှတ်ဝယ်ယူထားပြီး လာရောက်ကြည့်ရှုသူများအား ဘုရားမဲများ နှိုက်ပေးခဲ့ကြောင်း သိရသည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် Arakan Rohingya Salvation Army(ARSA)တို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် ရခိုင်ပြည်နယ်(မြောက်ပိုင်းဒေသ)အား ထောက်ပံ့ပေးနိုင်ရန်အတွက် အဆိုပါ ကော်မတီမှ ဇာတ်သဘင်ပွဲကျင်းပပြုလုပ်ရာ ပွဲလက်မှတ်တစ်စောင်အား ဘတ်(၂၀၀)နှုန်းဖြင့် ရောင်းချပြီး အောက်တိုဘာလ(၁၀)ရက်နေ့ ညပိုင်းတွင် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ ပွဲတွင် သီတင်းကျွတ်လပြည့်ညက ဝင်္ကပါအတွင်း ဝင်ရောက်ခဲ့သူများကို ဘုရားမဲလက်မှတ်များ ပေးေဝခဲ့ပြီး မဲနှိုက်ပေးခဲ့သော်လည်း မဲပေါက်သူများအနဖြေင့် လာရောက် ပင့်ဆောင်ခြင်း မရှိသည့်အတွက် အောက်တိုဘာလ(၁၀)ရက်နေ့ ညတွင် ကျင်းပသည့် ဇာတ်သဘင်ပွဲ၌ ပွဲလက်မှတ်ဝယ်ယူသူများအား ထပ်မံ၍ မဲနှိုက်ပေးပြီး ဇာတ်ဘသင် စင်မြင့်တွင် မဲပေါက်သူအား ပေးအပ်ခြင်းဖြစ်သည်။

ဘုရားမဲများ နှိုက်ပေးရာတွင် မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(တာချီလိတ်မြို့နယ်)မှ နာယကနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက မဲနှိုက်ပေးပြီး တာချီလိတ်ခရိုင်မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ တေးဆို ဂျေညီညီ နှင့် တေးရေးဆရာ သျှန်ထွန်း(မြန်မာစာ)၊ အပါအဝင် ရွှေလာဘ် ငွေလာဘ် ဇာတ်သဘင်မှ ချစ်စွမ်းသာတို့က မဲပေါက်သူများအား ဘုရားရုပ်ပွားဆင်းတုတော်များကို ပေးအပ်လှူဒါန်းပေးခဲ့ကြသည်။

ကံစမ်းမဲ ဖောက်ပေးသည့် ကြေးသွန်းဆင်းတုတော်(၄)ဆူအား တာချီလိတ်မြို့နယ် လူမှုရေးနှင့် ကူညီထောက်ပံ့ရေးကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်(သူရိယသင်္ကန်းတိုက်)က လှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ ရန်ပုံငွေပွဲ ကျင်းပပြုလုပ်ရာတွင် ပါဝင်ကူညီခဲ့ကြသည့် ရွှေလာဘ် ငွေလာဘ် ဇာတ်သဘင်မှ ချစ်စွမ်းသာ နှင့် ကိုရဲထွန်းသိန်း(ကိုသားကြီး)တို့အား တာချီလိတ်ခရိုင်မှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးက မှတ်တမ်းတင်ဂုဏ်ပြုလွှာများအား ပေးအပ်းချီးမြှင့်ခဲ့ကြသည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် Arakan Rohingya Salvation Army(ARSA)တို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် ရခိုင်သွေးချင်းများမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် အတွက် ထောက်ပံ့လှူဒါန်းနိုင်ရန် ယခုလို ရန်ပုံငွေပွဲအား ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် ရခိုင်ပြည်သူများသို့ လှူဒါန်းမည့် ရှမ်းပြည်နယ်အစိုးရ၏ အစီအစဉ်တွင်လည်း ကျပ်(၅၈)သိန်းအပြင်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ချိတ်ဆက်၍ ငွေသားကျပ်သိန်း(၁၀၀)အပါအဝင်၊ ကျပ်သိန်း(၁၀၀)ကျော်တန်ဖိုးရှိသည့် ဆန်နှင့်ဆီ တို့ကိုလည်း ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း တာချီလိတ်မြို့နယ် လူမှုရေးနှင့် ကူညီထောက်ပံ့ရေးကော်မတီထံက သိရသည်။

ရခိုင်ပြည်နယ်၊ မြောက်ပိုင်ဒေသဖြစ်သည့် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်များမှ ရဲကင်းစခန်း (၃၀)နှင့် တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ရင်းဌာနချုပ်တို့ကို ၂၀၁၇ခုနှစ် သြဂုတ်လ (၂၅)ရက်နေ့က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ယင်းအကြမ်းဖက်သမားများအတွက် တာဝန်ရှိသော Arakan Rohingya Salvation Army (ARSA)တို့ကို အကြမ်းဖက်အုပ်စု အဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၇)ဖြင့် သြဂုတ်လ (၂၅)ရက်နေ့တွင် ကြေညာလိုက်သည်။

ဓာတ်ပုံ - ကိုဇောင်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~