ပုပ္ပါးတောင်ကလပ်၌ ကတ္တရာလမ်းပိုင်းနှင့် အဆောက်အဦအချို့မြေနိမ့်ကျွံမှုများဖြစ်ပွား

ပုပ္ပါးတောင်ကလပ်၌ ကတ္တရာလမ်းပိုင်းနှင့် အဆောက်အဦအချို့မြေနိမ့်ကျွံမှုများဖြစ်ပွား
အောကျတိုဘာ 22, 2017
By Tachileik News Agency



၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းက အချိန်(၅)နာရီဝန်းကျင်အကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် အဆိုပါနေ့၏ နံနက်(၈)နာရီဝန်းကျင်မှ စတင်ကာ အောင်မင်းခေါင် ကျောင်းတိုက်ရှေ့တစ်ဝိုက်ရှိ တောင်ကလပ်သို့ သွားရာ အလျားပေ(၁၅၀)ခန့်ရှိ ကတ္တရာလမ်းပိုင်းမှာ (၁)ပေခန့်အထိ မြေကျွံနိမ့်ကျသွားခဲ့ပြီး ထိုလမ်းပိုင်းဘေး ၀ဲ/ယာရှိ ဈေးဆိုင် အဆောက်အဦ (၇)လုံး၊ လူနေအိမ်(၃)လုံး နှင့် အဆောက်အဦအချို့ မြေကျွံမှုတွင် ပါဝင်ကာ ဓမ္မာရုံတစ်လုံး ပျက်စီးပြီး အောင်မင်းခေါင်ကျောင်းဝန်းအတွင်းရှိ ရတနာသိဒ္ဓိကျောင်းဆောင်မှာလည်း မြေကျွံအက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြေကျွံမှုများ ဖြစ်ပွားရာသို့ လာရောက်ကြည့်ရှုမှုများ ပြုလုပ်နေသည့် မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ညွန့်က "မိုးများတာရယ် မြေအနေအထား မငြိမ်တာရယ်ကြောင့် အခုလိုဖြစ်ရတာလို့ လောလောဆယ် သုံးသပ်ရပါတယ်၊ facebook လူမှုကွန်ရက်တွေမှာ ဖော်ပြကြသလို မီးတောင် ပြန်ရှင်လာလို့ဆိုတာကြောင့် မဟုတ်ပါဘူး၊ အရင်ကလည်း အခုလိုမျိုးဖြစ်ခဲ့ဖူးတယ်၊ အခုက အခြေအနေကို အကြိုလာကြည့်တာပါ၊ အခြေအနေတွေ အကုန်သိရပြီဆိုမှ ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်ပေးရမှာပါ"ဟု မီဒီယာများအား ဖြေကြားသည်။



သတင်း/ဓာတ်ပုံ- ဖီးနစ်



~~~~~~~~⊰❂ unicode ~~~~~~~~

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးမီးတောင်သေတွင်ရှိသော ပုပ္ပါးတောင်ကလပ်ရှိ အဆောက်အဦအချို့ မြေကျွံပျက်စီး၍ စကားဝါချောင်အောင်မင်းခေါင်ကျောင်းတိုက်အနီး တောင်ကလပ်သွားရာ ကတ္တရာလမ်းပိုင်း ကွဲအက် နိမ့်ကျမှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။

"မိုးများလို့ မြေကျွံတယ်ပြောတာပဲ၊ ကျွန်မအိမ် အပါအဝင် အိမ်(၃)လုံးက မြေကျွံနိမ့်ကျပြီး ပြိုတဲ့အထိ မဖြစ်သေးပေမယ့် မြေကျွံမှုက ညပိုင်းတွေမှာ နည်းနည်းစီ ဆက်ဖြစ်နေတော့ မနေရဲကြတော့ပါဘူး၊ အခုတော့ နေစရာလက်မဲ့ ဖြစ်ရတော့မှာမို့ နေစရာ နေရာလေးတော့ အမြန်ဆုံး ပြန်ရချင်ပါတယ်"ဟု ဈေးသည်တစ်ဦးဖြစ်သူ ဒေါ်စန်းအေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းက အချိန်(၅)နာရီဝန်းကျင်အကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် အဆိုပါနေ့၏ နံနက်(၈)နာရီဝန်းကျင်မှ စတင်ကာ အောင်မင်းခေါင် ကျောင်းတိုက်ရှေ့တစ်ဝိုက်ရှိ တောင်ကလပ်သို့ သွားရာ အလျားပေ(၁၅၀)ခန့်ရှိ ကတ္တရာလမ်းပိုင်းမှာ (၁)ပေခန့်အထိ မြေကျွံနိမ့်ကျသွားခဲ့ပြီး ထိုလမ်းပိုင်းဘေး ဝဲ/ယာရှိ ဈေးဆိုင် အဆောက်အဦ (၇)လုံး၊ လူနေအိမ်(၃)လုံး နှင့် အဆောက်အဦအချို့ မြေကျွံမှုတွင် ပါဝင်ကာ ဓမ္မာရုံတစ်လုံး ပျက်စီးပြီး အောင်မင်းခေါင်ကျောင်းဝန်းအတွင်းရှိ ရတနာသိဒိ္ဓကျောင်းဆောင်မှာလည်း မြေကျွံအက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြေကျွံမှုများ ဖြစ်ပွားရာသို့ လာရောက်ကြည့်ရှုမှုများ ပြုလုပ်နေသည့် မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ညွန့်က "မိုးများတာရယ် မြေအနေအထား မငြိမ်တာရယ်ကြောင့် အခုလိုဖြစ်ရတာလို့ လောလောဆယ် သုံးသပ်ရပါတယ်၊ facebook လူမှုကွန်ရက်တွေမှာ ဖော်ပြကြသလို မီးတောင် ပြန်ရှင်လာလို့ဆိုတာကြောင့် မဟုတ်ပါဘူး၊ အရင်ကလည်း အခုလိုမျိုးဖြစ်ခဲ့ဖူးတယ်၊ အခုက အခြေအနေကို အကြိုလာကြည့်တာပါ၊ အခြေအနေတွေ အကုန်သိရပြီဆိုမှ ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်ပေးရမှာပါ"ဟု မီဒီယာများအား ဖြကြေားသည်။

ပုပ္ပါးတောင်ကလပ်ဝန်းကျင်တွင် မြေနိမ့်ကျွံမှု ယခင်က (၂)ကြိမ်ခန့် ဖြစ်ပွားခဲ့ဖူးကာ ဒုတိယအကြိမ် မြေနိမ့်ကျွံမှုမှာ လွန်ခဲ့သော (၁၅)နှစ်ဝန်းကျင်က ဖြစ်ပွားခဲ့ပြီး ထိုစဉ်က အုတ်တိုက် (၇)လုံး နှင့် အိမ်သာ အလုံး(၆၀)ခန့် မြေကျွံပျက်စီးခဲ့ကြောင်း စကားဝါချောင်အောင်မင်းခေါင်ကျောင်းတိုက်ဂေါပကအဖွဲ့ဝင် ဦးစိုးညွှန်၏ ပြောဆိုချက်အရ သိရသည်။

မြေကျွံမှုမှာ ယနေ့ အောက်တိုဘာလ(၂၂)ရက်နေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိနေသော်လည်း ပုပ္ပါးတောင်ကလပ်တွင်မူ ထိခိုက်မှု တစ်စုံတစ်ရာမရှိဟု သိရပြီး အောင်မင်းခေါင်ကျောင်းတိုက် ဝန်းကျင်အနီးမှစ၍ ဘုရားဖူးမော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုကိုတော့ တားမြစ် ထားကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ- ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~