အထက(တာခ်ီလိတ္)၏ ေက်ာင္းသား/သူေဟာင္းႀကီးမ်ား ႏွင့္ ေက်ာင္းသား/သူေဟာင္းငယ္မ်ား စုေပါင္း၍ ျမတ္ဆရာကန္ေတာ့ပြဲႏွင့္အတူ ေက်ာင္းသား/သူေဟာင္းမ်ား ေတြ႕ဆံုပြဲအား ဒီဇင္ဘာလ(၁၀)ရက္ေန႔တြင္ က်င္းပမည္

အထက(တာခ်ီလိတ္)၏ ေက်ာင္းသား/သူေဟာင္းႀကီးမ်ား ႏွင့္ ေက်ာင္းသား/သူေဟာင္းငယ္မ်ား စုေပါင္း၍ ျမတ္ဆရာကန္ေတာ့ပြဲႏွင့္အတူ ေက်ာင္းသား/သူေဟာင္းမ်ား ေတြ႕ဆံုပြဲအား ဒီဇင္ဘာလ(၁၀)ရက္ေန႔တြင္ က်င္းပမည္
အောက်တိုဘာ 21, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္အတြင္းရွိ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)မွ ေက်ာင္းသား/သူေဟာင္းမ်ားက ၂၀၁၇ခုႏွစ္၏ ဒီဇင္ဘာလ(၁၀)ရက္ေန႔တြင္ ျမတ္ဆရာ ကန္ေတာ့ပြဲႏွင့္အတူ ေက်ာင္းသား/သူေဟာင္းမ်ား ေတြ႕ဆံုပြဲအား ေအာင္ျမင္စြာ က်င္းပျပဳလုပ္ရန္အတြက္ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၂၁)ရက္ေန႔ ည(၆း၃၀)နာရီအခ်ိန္က JA စားေသာက္ဆိုင္ အေပၚထပ္တြင္ အစည္းအေ၀း က်င္းပျပဳလုပ္ေၾကာင္း ႏွင့္ အဆိုပါပြဲအား ႏွစ္သတ္မွတ္ခ်က္မရွိ ေက်ာင္းသား ေဟာင္းႀကီးမ်ားႏွင့္ ေက်ာင္းသားေဟာင္းငယ္မ်ား စုေပါင္း၍ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေတြ႕ဆံုေဆြးေႏြးပြဲတြင္ အ.ထ.က(တာခ်ီလိတ္)ေက်ာင္းသား/သူေဟာင္းမ်ားျဖင့္ ဖြဲ႔စည္းထားသည့္ "အ.ထ.က(တာခ်ီလိတ္) ေက်ာင္းသား/သူေဟာင္းမ်ား၏ ျမတ္ဆရာကန္ေတာ့ပြဲႏွင့္ ေတြ႕ဆံုပြဲ ႏွစ္စဥ္ျဖစ္ေျမာက္ေရးေကာ္မတီ"မွ ဥကၠဌ ဦးတင္၀င္း အပါအ၀င္ ေက်ာင္းသား/သူေဟာင္းမ်ား တက္ေရာက္ကာ ပြဲက်င္းပမည့္ ေနရာအား ေဆြးေႏြးခဲ့ၾကသည္။

ေဆြးေႏြးပြဲသို႔ တက္ေရာက္လာသည့္ ေက်ာင္းသား/သူေဟာင္းမ်ားက အဆိုပါပြဲအား က်င္းပျပဳလုပ္ရမည့္ ေနရာႏွင့္ ပတ္သက္၍ ေရြးခ်ယ္ၾကရာ အထက(တာခ်ီလိတ္)ေက်ာင္းတြင္ ပညာသင္ၾကားခဲ့ရသည့္အတြက္ ေက်ာင္း၏ အေငြ႕အသက္ႏွင့္ မကင္းကြာေစလို၍ အထက(တာခ်ီလိတ္)ေက်ာင္းတြင္း၌သာ က်င္းပေစလိုေၾကာင္း ေဆြးေႏြးၾကရာ တက္ေရာက္လာသူမ်ားမွ သေဘာတူခဲ့ၾကသည္။

ျမတ္ဆရာကန္ေတာ့ပြဲႏွင့္ ေက်ာင္းသား/သူေဟာင္းမ်ား ေတြ႕ဆံုပြဲ ျဖစ္ေျမာက္ရန္အတြက္ ရန္ပံုေငြရွာေဖြမႈႏွင့္ ပတ္သက္၍ ျဖတ္ပိုင္းစာရြက္မ်ား ျပဳလုပ္ကာ ေက်ာင္းသား/သူေဟာင္းမ်ားမွ လိုက္လံ ေကာက္ခံသြားမည္ျဖစ္ၿပီး အဆိုပါ ပြဲအား ေအာင္ျမင္စြာ က်င္းပသြားႏိုင္ရန္အတြက္ က်န္ရွိသည့္ ေက်ာင္းသား/သူေဟာင္းမ်ားမွလည္း ပါ၀င္ေစလိုေၾကာင္း သိရသည္။

ယခုႏွစ္တြင္ က်င္းပျပလုပ္မည့္ ပြဲသည့္ စတုတၳအႀကိမ္ေျမာက္ျဖစ္ၿပီး တတိယအႀကိမ္အား ၂၀၁၄ခုႏွစ္က က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)မှ ကျောင်းသား/သူဟောင်းများက ၂၀၁၇ခုနှစ်၏ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် မြတ်ဆရာ ကန်တော့ပွဲနှင့်အတူ ကျောင်းသား/သူဟောင်းများ တွေ့ဆုံပွဲအား အောင်မြင်စွာ ကျင်းပပြုလုပ်ရန်အတွက် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၂၁)ရက်နေ့ ည(၆း၃၀)နာရီအချိန်က JA စားသောက်ဆိုင် အပေါ်ထပ်တွင် အစည်းအေဝး ကျင်းပပြုလုပ်ကြောင်း နှင့် အဆိုပါပွဲအား နှစ်သတ်မှတ်ချက်မရှိ ကျောင်းသား ဟောင်းကြီးများနှင့် ကျောင်းသားဟောင်းငယ်များ စုပေါင်း၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အ.ထ.က(တာချီလိတ်)ကျောင်းသား/သူဟောင်းများဖြင့် ဖွဲ့စည်းထားသည့် "အ.ထ.က(တာချီလိတ်) ကျောင်းသား/သူဟောင်းများ၏ မြတ်ဆရာကန်တော့ပွဲနှင့် တွေ့ဆုံပွဲ နှစ်စဉ်ဖြစ်မြောက်ရေးကော်မတီ"မှ ဥက္ကဌ ဦးတင်ဝင်း အပါအဝင် ကျောင်းသား/သူဟောင်းများ တက်ရောက်ကာ ပွဲကျင်းပမည့် နေရာအား ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/သူဟောင်းများက အဆိုပါပွဲအား ကျင်းပပြုလုပ်ရမည့် နေရာနှင့် ပတ်သက်၍ ရွေးချယ်ကြရာ အထက(တာချီလိတ်)ကျောင်းတွင် ပညာသင်ကြားခဲ့ရသည့်အတွက် ကျောင်း၏ အငွေ့အသက်နှင့် မကင်းကွာစေလို၍ အထက(တာချီလိတ်)ကျောင်းတွင်း၌သာ ကျင်းပစေလိုကြောင်း ဆွေးနွေးကြရာ တက်ရောက်လာသူများမှ သဘောတူခဲ့ကြသည်။

မြတ်ဆရာကန်တော့ပွဲနှင့် ကျောင်းသား/သူဟောင်းများ တွေ့ဆုံပွဲ ဖြစ်မြောက်ရန်အတွက် ရန်ပုံငွေရှာဖွေမှုနှင့် ပတ်သက်၍ ဖြတ်ပိုင်းစာရွက်များ ပြုလုပ်ကာ ကျောင်းသား/သူဟောင်းများမှ လိုက်လံ ကောက်ခံသွားမည်ဖြစ်ပြီး အဆိုပါ ပွဲအား အောင်မြင်စွာ ကျင်းပသွားနိုင်ရန်အတွက် ကျန်ရှိသည့် ကျောင်းသား/သူဟောင်းများမှလည်း ပါဝင်စေလိုကြောင်း သိရသည်။

ယခုနှစ်တွင် ကျင်းပပြလုပ်မည့် ပွဲသည့် စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး တတိယအကြိမ်အား ၂၀၁၄ခုနှစ်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~