နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာတွင် ဘုရားမီးပူဇော်ထားသည့် ဖယောင်းတိုင်မီးမှ တစ်ဆင့် နေအိမ်မီးလောင်ကျွမ်း

နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာတွင် ဘုရားမီးပူဇော်ထားသည့် ဖယောင်းတိုင်မီးမှ တစ်ဆင့် နေအိမ်မီးလောင်ကျွမ်း
အောကျတိုဘာ 22, 2017
By Tachileik News Agency


၂၀၁၇ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့ နံနက်(၈)နာရီ(၁၅)မိနစ်ဝန်းကျင် အချိန်က နမ့်ဆန်မြို့နှင့် (၁၆)မိုင်ဝန်းကျင် ဝေးကွာသည့် ဟူးမန်းကျေးရွာရှိ နေအိမ်တွင် ဦးအိုက်ခမ်းသည် နေအိမ်တွင်း ဖယောင်းတိုင်ဖြင့် ဘုရားမီး ပူဇော်ခဲ့ပြီး အပြင်သို့ သွားနေစဉ် မီးလောင်မှုဖြစ်ပွားခြင်း ဖြစ်ကြောင်းနှင့် ယင်းသို့ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂) ထပ် လူနေအိမ်တစ်လုံးနှင့် သက်ငယ်မိုး၊ ဝါးကာ၊ ဝါးခင်း ထင်းတဲတစ်လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့် အခြား ထိခိုက်မှုမရှိခဲ့ကြောင်း ကျောက်မဲခရိုင် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။


အဆိုပါကျေးရွာသည် လက်နက်ကိုင်တပ်ဖွဲ့ထိန်းချုပ်ရာ နယ်မြေဖြစ်သည့်အတွက် နယ်မြေဒေသ လုံခြုံရေးအရ မီးလောင်ခဲ့သည့် နေအိမ်ပိုင်ရှင်အား အမှုဖွင့်အရေးယူခြင်းမရှိထားဘဲ မီးလောင်မှုဖြစ်စဉ်အား ကျေးရွာနေ ပြည်သူလူထုမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး နံနက်(၉)နာရီ (၂၀)ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကာ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် (၈၁၉၀၀၀) ရှိခဲ့ကြောင်း သိရသည်။

သတင်း - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာအုပ်စု၊ ဟူးမန်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားရာမှ နေအိမ်တစ်လုံးနှင့် ထင်းတဲတစ်လုံး မီးထဲ ပါသွားကြောင်း သိရသည်။

၂၀၁၇ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့ နံနက်(၈)နာရီ(၁၅)မိနစ်ဝန်းကျင် အချိန်က နမ့်ဆန်မြို့နှင့် (၁၆)မိုင်ဝန်းကျင်ေဝးကွာသည့် ဟူးမန်းကျေးရွာရှိ နေအိမ်တွင် ဦးအိုက်ခမ်းသည် နေအိမ်တွင်း ဖယောင်းတိုင်ဖြင့် ဘုရားမီး ပူဇော်ခဲ့ပြီး အပြင်သို့ သွားနေစဉ် မီးလောင်မှုဖြစ်ပွားခြင်း ဖြစ်ကြောင်းနှင့် ယင်းသို့ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂) ထပ် လူနေအိမ်တစ်လုံးနှင့် သက်ငယ်မိုး၊ ဝါးကာ၊ ဝါးခင်း ထင်းတဲတစ်လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့် အခြား ထိခိုက်မှုမရှိခဲ့ကြောင်း ကျောက်မဲခရိုင် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ကျေးရွာနေသူများက မီးငြှိမ်းသတ်ပြီး အချိန်မှသာ အသိပေးအကြောင်းလာခြင်း ဖြစ်သည့်အတွက် နောက်ကျမှ မီးသတ်ဌာနက သိရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာသည် လက်နက်ကိုင်တပ်ဖွဲ့ထိန်းချုပ်ရာ နယ်မြဖြေစ်သည့်အတွက် နယ်မြေဒေသ လုံခြုံရေးအရ မီးလောင်ခဲ့သည့် နေအိမ်ပိုင်ရှင်အား အမှုဖွင့်အရေးယူခြင်းမရှိထားဘဲ မီးလောင်မှုဖြစ်စဉ်အား ကျေးရွာနေ ပြည်သူလူထုမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး နံနက်(၉)နာရီ (၂၀)ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကာ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် (၈၁၉၀၀၀) ရှိခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~