Update News

နမ့္ဖတ္ကာအနီး ကားအတြင္းေသဆံုးေနသူမွာ ဦးေခါင္းကို ေသနတ္ျဖင့္ပစ္ခံထားရျခင္းျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွ


ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္ကာေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ေအာက္တိုဘာလ(၁၇)ရက္ေန႔ ညေနပိုင္းက ကားတစ္စီးအတြင္း ေသဆံုးေနသူမွာ ဦးေခါင္းကို ေသနတ္ျဖင့္ အပစ္ခံထားရျခင္းျဖစ္သည္ကို စစ္ေဆးေတြ႔ရွိရေၾကာင္း နမ့္ဖတ္ကာရဲစခန္းမွ သိရသည္။

“ကားအတြင္းမွာ ( 9mm ) က်ည္ခြံတစ္ခုေတြ႔တယ္။ ေသနတ္နဲ႔အေနာက္ကေန ပစ္ခံရတဲ့ ပံုစံရွိတယ္။ က်ည္ဆံက အေရွ႕ကိုေပါက္ထြက္မသြားဘဲ ေခါင္းထဲမွာရွိေနတာ။ ေသဆံုးသူဟာ မူဆယ္မွာေနထိုင္သူတစ္ဦး ျဖစ္တယ္လို႔ ကနဦးစံုစမ္းသိရွိရပါတယ္။ က်န္တဲ့အေသးစိတ္ အခ်က္အလက္ကေတာ့ စံုစမ္းစစ္ေဆးေနဆဲပဲ ရွိပါေသးတယ္” ဟု နမ့္ဖတ္ကာရဲစခန္းမွ စခန္းမွဴး ရဲအုပ္မိုးေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ေျပာသည္။

နမ့္ဖတ္ကာရဲစခန္းမွ တာဝန္ရိွသူမ်ားသည္ ေအာက္တိုဘာလ (၁၇)ရက္ေန႔ ညေန(၆)နာရီဝန္းက်င္ခန္႔တြင္ နမ့္ဖတ္ကာေက်းရြာမွ မူဆယ္ဘက္သို႔ (၃)မိုင္ခန္႔အကြာ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ရပ္တန္႔ထားသည့္ ဗင္ကားတစ္စီးအတြင္း လူလတ္ပိုင္းအရြယ္အမ်ိဳးသားတစ္ဦး ေသဆံုးေနေၾကာင္း သတင္းရရွိခဲ့သျဖင့္ သြားေရာက္စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

“ညေန(၅)နာရီ (၅)မိနစ္ေလာက္မွာ လူတစ္ေယာက္က ဖုန္းဆက္အေၾကာင္းၾကားလာတာနဲ႔ သက္ဆိုင္ရာကို ျပန္အေၾကာင္းၾကားၿပီး အေလာင္းကိုသြားသယ္ခဲ့တာပါ။ ျပည္သူ႔ေဆးရံုကို ပို႔ထားေပးတာျဖစ္ပါတယ္။ ေသဆံုးသူက ကားေရွ႕ခန္းမွာ ထိုင္လ်က္အေနအထားနဲ႔ ေတြ႔ရတယ္။ ႏွာေခါင္းထဲကေန ေသြးေတြလည္း က်ထားတယ္။ ေနာက္ေစ့ဘက္မွာ ဒဏ္ရာတစ္ခုေတြ႔တယ္”ဟု ကားအတြင္းေတြ႔ရွိရသည့္ အမ်ိဳးသား အေလာင္းအား ျပည္သူ႔ေဆးရံုသို႔ သယ္ေဆာင္ေပးခဲ့သည့္ ေမတၱာရွင္(နမ့္ဖတ္ကာ)လူမႈကူညီေရးအသင္းမွ အတြင္းေရးမွဴး ကိုျမတ္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အေလာင္းအား ေဆးစစ္ခ်က္အရ ဦးေခါင္းအားေသနတ္မွန္သည့္ ဒဏ္ရာေၾကာင့္ ေသဆံုးရျခင္းျဖစ္ေၾကာင္း သိရသည့္အတြက္ အဆိုပါ အမ်ိဳးသားေသဆံုးမႈႏွင့္ပတ္သက္၍ နမ့္ဖတ္ကာရဲတပ္ဖြဲ႔မွ စံုစမ္းစစ္ေဆးမႈမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု #ko myat soe




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အောက်တိုဘာလ(၁၇)ရက်နေ့ ညနေပိုင်းက ကားတစ်စီးအတွင်း သေဆုံးနေသူမှာ ဦးခေါင်းကို သေနတ်ဖြင့် အပစ်ခံထားရခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း နမ့်ဖတ်ကာရဲစခန်းမှ သိရသည်။

“ကားအတွင်းမှာ ( 9mm ) ကျည်ခွံတစ်ခုတွေ့တယ်။ သေနတ်နဲ့အနောက်ကနေ ပစ်ခံရတဲ့ ပုံစံရှိတယ်။ ကျည်ဆံက အရှေ့ကိုပေါက်ထွက်မသွားဘဲ ခေါင်းထဲမှာရှိနေတာ။ သေဆုံးသူဟာ မူဆယ်မှာနေထိုင်သူတစ်ဦး ဖြစ်တယ်လို့ ကနဦးစုံစမ်းသိရှိရပါတယ်။ ကျန်တဲ့အသေးစိတ် အချက်အလက်ကတော့ စုံစမ်းစစ်ဆေးနေဆဲပဲ ရှိပါသေးတယ်” ဟု နမ့်ဖတ်ကာရဲစခန်းမှ စခန်းမှူး ရဲအုပ်မိုးကျော်က တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။

နမ့်ဖတ်ကာရဲစခန်းမှ တာဝန်ရှိသူများသည် အောက်တိုဘာလ (၁၇)ရက်နေ့ ညနေ(၆)နာရီဝန်းကျင်ခန့်တွင် နမ့်ဖတ်ကာကျေးရွာမှ မူဆယ်ဘက်သို့ (၃)မိုင်ခန့်အကွာ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရပ်တန့်ထားသည့် ဗင်ကားတစ်စီးအတွင်း လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိခဲ့သဖြင့် သွားရောက်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

“ညနေ(၅)နာရီ (၅)မိနစ်လောက်မှာ လူတစ်ယောက်က ဖုန်းဆက်အကြောင်းကြားလာတာနဲ့ သက်ဆိုင်ရာကို ပြန်အကြောင်းကြားပြီး အလောင်းကိုသွားသယ်ခဲ့တာပါ။ ပြည်သူ့ဆေးရုံကို ပို့ထားပေးတာဖြစ်ပါတယ်။ သေဆုံးသူက ကားရှေ့ခန်းမှာ ထိုင်လျက်အနေအထားနဲ့ တွေ့ရတယ်။ နှာခေါင်းထဲကနေ သွေးတွေလည်း ကျထားတယ်။ နောက်စေ့ဘက်မှာ ဒဏ်ရာတစ်ခုတွေ့တယ်”ဟု ကားအတွင်းတွေ့ရှိရသည့် အမျိုးသား အလောင်းအား ပြည်သူ့ဆေးရုံသို့ သယ်ဆောင်ပေးခဲ့သည့် မေတ္တာရှင်(နမ့်ဖတ်ကာ)လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ကိုမြတ်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အလောင်းအား ဆေးစစ်ချက်အရ ဦးခေါင်းအားသေနတ်မှန်သည့် ဒဏ်ရာကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရသည့်အတွက် အဆိုပါ အမျိုးသားသေဆုံးမှုနှင့်ပတ်သက်၍ နမ့်ဖတ်ကာရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #ko myat soe 
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::