တာခ်ီလိတ္ၿမိဳ႕တြင္ အမည္မသိ ဆိုင္ကယ္စီးလာသူမွ ကားေမာင္းေနသူအား ေသနတ္ျဖင့္ ပစ္ခတ္ၿပီး ထြက္ေျပး

တာခ်ီလိတ္ၿမိဳ႕တြင္ အမည္မသိ ဆိုင္ကယ္စီးလာသူမွ ကားေမာင္းေနသူအား ေသနတ္ျဖင့္ ပစ္ခတ္ၿပီး ထြက္ေျပး
အောက်တိုဘာ 14, 2017
By Tachileik News Agency

ကားေမာင္းေနသူ အမ်ဳိးသားအား ဆိုင္ကယ္ေမာင္းသူ အမည္မသိသူတို႔မွ ေသနတ္ျဖင့္ လိုက္လံ ပစ္ခတ္မႈ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၁၄)ရက္ေန႔ နံနက္(၁၀)နာရီ၀န္းက်င္ အခ်ိန္က ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ၀ိန္းေက်ာက္ရပ္ကြက္၊ လပ္ကီးတည္းခိုခန္းအနီး ေရႊပ်ားလမ္းေပၚတြင္ ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားေၾကာင္း သတင္းရရွိသျဖင့္ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုတိယရဲမွဴးႀကီး ထိန္၀င္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏု ႏွင့္ ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးၾကည္စိုး အပါအ၀င္ တာ၀န္ရွိသူမ်ားက သြားေရာက္၍ စစ္ေဆးမႈမ်ား ျပဳလုပ္ရာ Fortuner အမ်ဳိးအစား ေမာ္ေတာ္ယာဥ္မွာ အဆိုပါ လမ္းရွိ ေခါက္ဆြဲဆိုင္ေရွ႕ အုတ္နံရံအား တိုက္မိကာ ရပ္တန္႔ေနၿပီး ယာဥ္ေပၚတြင္ ရွိေနသည့္ ယာဥ္ေမာင္းသူ အမ်ဳိးသားမွာ က်ည္ေဖာက္၀င္ စိုးရိမ္ရ ဒဏ္ရာျဖင့္ သတိလစ္ေနသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။

ယာဥ္ေပၚတြင္ ဒဏ္ရာရရွိထားသူမွာ အသက္(၃၅)ႏွစ္၀န္းက်င္ရွိ ယိမ္းဖာ(က်ား) ျဖစ္ေၾကာင္း ႏွင့္ ၎သည္ ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ ေနထိုင္သူျဖစ္ၿပီး လားရႈိးၿမိဳ႕နယ္ေျမာင္စီးတိုင္းရင္းသား ယဥ္ေက်းမႈအဖြဲ႔၀င္တစ္ဦးျဖစ္ေၾကာင္း အျပင္ ၎သည္ ၀ဲလက္ဖ်ံ က်ည္ေဖာက္၀င္ ဒဏ္ရာ(၁)ခ်က္၊ ၀ဲဘက္ပါးရိုးတြင္ က်ည္ေဖာက္၀င္ ဒဏ္ရာ(၁)ခ်က္ရရွိကာ စိုးရိမ္ရသည့္ အေနအထားျဖစ္ေနၿပီး သတိလစ္ေနေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဒဏ္ရာရရွိသည့္ ယိမ္းဖာႏွင့္ ၎၏ ညီ၀မ္းကြဲေတာ္စပ္သူ ေယာစိယတို႔သည္ လြန္ခဲ့ေသာ (၇)ရက္ခန္႔က တာခ်ီလိတ္ၿမိဳ႕သို႔ ေရာက္ရွိၿပီး ၀ိန္းေက်ာက္ဟိုတယ္တြင္ တည္းခိုေနရာမွ ယေန႔ ေအာက္တိုဘာလ(၁၄)ရက္ေန႔ နံနက္(၁၀)နာရီ၀န္းက်င္အခ်ိန္တြင္ Fortuner အမ်ဳိးအစား ေမာ္ေတာ္ယာဥ္ျဖင့္ ၀ိန္းေက်ာက္ဟိုတယ္မွ ထြက္ခြာလာစဥ္ လပ္ကီးတည္းခိုခန္းအနီး ေရႊပ်ားလမ္းအေရာက္ လမ္း၏ ၀ဲဘက္ျခမ္းမွ ဆိုင္ကယ္ႏွင့္ အမည္မသိသူ အမ်ဳိးသား(၂)ဦးမွ ကပ္လ်က္ေမာင္းႏွင္ ေက်ာ္တက္ကာ ဆိုင္ကယ္ေနာက္မွ ထိုင္လ်က္လိုက္ပါလာသူက ေသနတ္အတိုျဖင့္ (၃/၄)ခ်က္ခန္႔ ဆက္တိုက္ပစ္ခတ္သြားၿပီး ဆိုင္ကယ္အား ေမာင္းႏွင္ထြက္ေျပးသြားခဲ့ရာမွ ယာဥ္တြင္ ပါရွိသူ (၂)ဦးအနက္ ယာဥ္ေမာင္းသူ ယိမ္းဖာတြင္ ဒဏ္ရာရရွိျခင္း ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၏ စစ္ေဆးခ်က္အရ သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေသနတ္တိုျဖင့္ ပစ္ခတ္သြားသူအား စံုစမ္းေဖာ္ထုတ္အေရးယူေပးရန္ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ)၂၀၅/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ထားရွိေၾကာင္းႏွင့္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ႔တို႔မွ စံုစမ္းမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - #စိုင္းေဇယ်ာ
ဓာတ္ပံု - SSL


~~~~~~~~⊰❂ unicode ~~~~~~~~

ကားမောင်းနေသူ အမျိုးသားအား ဆိုင်ကယ်မောင်းသူ အမည်မသိသူတို့မှ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်မှု ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင် အချိန်က မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ လပ်ကီးတည်းခိုခန်းအနီး ရွှေပျားလမ်းပေါ်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု နှင့် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုး အပါအဝင် တာဝန်ရှိသူများက သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ရာ Fortuner အမျိုးအစား မော်တော်ယာဉ်မှာ အဆိုပါ လမ်းရှိ ခေါက်ဆွဲဆိုင်ရှေ့ အုတ်နံရံအား တိုက်မိကာ ရပ်တန့်နပြေီး ယာဉ်ပေါ်တွင် ရှိနေသည့် ယာဉ်မောင်းသူ အမျိုးသားမှာ ကျည်ဖောက်ဝင် စိုးရိမ်ရ ဒဏ်ရာဖြင့် သတိလစ်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။

ယာဉ်ပေါ်တွင် ဒဏ်ရာရရှိထားသူမှာ အသက်(၃၅)နှစ်ဝန်းကျင်ရှိ ယိမ်းဖာ(ကျား) ဖြစ်ကြောင်း နှင့်၎င်းသည် ပြင်ဦးလွင်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး လားရှိုးမြို့နယ်မြောင်စီးတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း အပြင်၎င်းသည် ဝဲလက်ဖျံ ကျည်ဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ ဝဲဘက်ပါးရိုးတွင် ကျည်ဖောက်ဝင် ဒဏ်ရာ(၁)ချက်ရရှိကာ စိုးရိမ်ရသည့် အနေအထားဖြစ်နပြေီး သတိလစ်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒဏ်ရာရရှိသည့် ယိမ်းဖာနှင့်၎င်း၏ ညီဝမ်းကွဲတော်စပ်သူ ယောစိယတို့သည် လွန်ခဲ့သော (၇)ရက်ခန့်က တာချီလိတ်မြို့သို့ ရောက်ရှိပြီး ဝိန်းကျောက်ဟိုတယ်တွင် တည်းခိုနေရာမှ ယနေ့ အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်တွင် Fortuner အမျိုးအစား မော်တော်ယာဉ်ဖြင့် ဝိန်းကျောက်ဟိုတယ်မှ ထွက်ခွာလာစဉ် လပ်ကီးတည်းခိုခန်းအနီး ရွှေပျားလမ်းအရောက် လမ်း၏ ဝဲဘက်ခြမ်းမှ ဆိုင်ကယ်နှင့် အမည်မသိသူ အမျိုးသား(၂)ဦးမှ ကပ်လျက်မောင်းနှင် ကျော်တက်ကာ ဆိုင်ကယ်နောက်မှ ထိုင်လျက်လိုက်ပါလာသူက သေနတ်အတိုဖြင့် (၃/၄)ချက်ခန့် ဆက်တိုက်ပစ်ခတ်သွားပြီး ဆိုင်ကယ်အား မောင်းနှင်ထွက်ပြေးသွားခဲ့ရာမှ ယာဉ်တွင် ပါရှိသူ (၂)ဦးအနက် ယာဉ်မောင်းသူ ယိမ်းဖာတွင် ဒဏ်ရာရရှိခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်တိုဖြင့် ပစ်ခတ်သွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၂၀၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်းနှင့် တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့တို့မှ စုံစမ်းမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - #စိုင်းဇေယျာ
ဓာတ်ပုံ - SSL

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~