တာခ်ီလိတ္ၿမိဳ႕ မုိင္းကိုးေဆးျဖတ္စခန္းတြင္ မူးယစ္ေဆးျဖတ္လိုသူမ်ား လစဥ္ထပ္တိုးလာေသာ္လည္း အသက္ေမြး၀မ္းေက်ာင္းအတြက္ အကူအညီမ်ား လိုအပ္ေန

တာခ်ီလိတ္ၿမိဳ႕ မုိင္းကိုးေဆးျဖတ္စခန္းတြင္ မူးယစ္ေဆးျဖတ္လိုသူမ်ား လစဥ္ထပ္တိုးလာေသာ္လည္း အသက္ေမြး၀မ္းေက်ာင္းအတြက္ အကူအညီမ်ား လိုအပ္ေန
အောက်တိုဘာ 7, 2017
By Tachileik News Agency

 ရပ္ရြာကိုယ့္အားကိုယ္ကိုး ေဆးျဖတ္စခန္းျဖစ္သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ တာခ်ီလိတ္ၿမိဳ႕ ရန္ကုန္ရြာရိွ မိုင္းကိုးေဆးျဖတ္စခန္းတြင္ လစဥ္ေဆးျဖတ္ေနသူမ်ား ထပ္တိုးေရာက္ေနေသာ္လည္း အသက္ေမြးဝမ္းေက်ာင္းပညာ သင္ၾကားေရးႏွင့္ အၿမဲတမ္း အလွဴရွင္ မရိွေၾကာင္း သိရသည္။

“ေဆးျဖတ္ၿပီး ျပန္သံုးတာမ်ားတယ္။ ေျပးတာမ်ားတယ္။ ဒါေၾကာင့္ သူတို႔ကို ေနရာေဟာင္းနဲ႔ ျပန္မထိေတြ႕ေအာင္ ထိန္းသိမ္းဖို႔ လိုတယ္။ သူတို႔အတြက္ အလုပ္အကိုင္ အခြင့္အလမ္းမရိွရင္ ထိန္းသိမ္းဖို႔က ခက္ပါတယ္။ ဒါေၾကာင့္ သူတို႔အတြက္ အသက္ေမြး ဝမ္းေက်ာင္းပညာသင္ေပးဖို႔ လိုတာပါ။ ေဆးျဖတ္စခန္းမွာက လူဦးေရ (၅၀)ေက်ာ္ ရိွတယ္။ အၿမဲတမ္း တစိုက္မတ္မတ္ ကူေပးေနတာေတြေတာ့ မရိွပါဘူး။ အလ်ဥ္းသင့္သလို လွဴဒါန္းေနတဲ့ အလွဴရွင္ေတြေတာ့ ရိွတတ္ပါတယ္”ဟု မူးယစ္ေဆးျဖတ္လိုသူမ်ားအား ကူညီေပးေနသည့္ မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

“ေဆးျဖတ္ခ်င္တဲ့သူက ဘတ္(၂၀၀၀)နဲ႔ ဆန္ႏွစ္ပံုး ေပးရတယ္။ ဒါက သူတို႔စားစရိတ္ေပါ့။ သံုးလတိတိ စခန္းသြင္းရတယ္။ ဒီလိုမေပးႏုိင္တဲ့ သူေတြကေတာ့ ကၽြန္ေတာ္တို႔ဆီ အကူအညီလာေတာင္းၾကတယ္။ သူတုိ႔ ဘယ္ေလာက္တတ္ႏုိင္သလဲ။ တတ္ႏိုင္သေလာက္ ထည့္ေပးၿပီး က်န္တာအဖြဲ႔က စိုက္ထုတ္ေပးတာေပါ့။ တစ္လကို ႏွစ္ေယာက္၊ သံုးေယာက္ေလာက္ေတာ့ ပို႔ေပးေနရတယ္။ သံုးလျဖတ္ေပးၿပီးရင္ေတာ့ သူတို႔က ေဆးျပတ္တယ္။ သံုးလၾကာလို႔ ေဆးျပတ္ၿပီဆုိရင္ေတာ့ မိဘေတြ ေခၚမယ့္သူ ရိွတဲ့သူေတြကလည္း ေခၚသြားၾကတယ္။ ေခၚမယ့္သူမရိွတဲ့သူေတြကေတာ့ အဲဒီမွာ ၿခံေတြရွင္းတာတို႔ အလုပ္ လုပ္ခိုင္းတာေတြရိွတယ္။ သူတို႔ လုပ္အားခ ပိုက္ဆံရတာေပါ့”ဟု ၎ဆက္လက္ေျပာျပသည္။

လူမႈဝန္ထမ္းဦးစီးဌာနက ဖြင့္လွစ္သည့္ ေဆးျဖတ္သင္တန္းမ်ားကိုလည္း အဆိုပါ ေဆးျဖတ္စခန္းတြင္ လာေရာက္ ဖြင့္လွစ္ေလ့ရိွၿပီး ေဆးျဖတ္သင္တန္းမရိွသည့္ကာလမ်ားအတြင္း ေဆးျဖတ္လိုသူမ်ားကို မိုင္းကိုးေဆးျဖတ္စခန္းသို႔ ပို႔ေဆာင္ေပးေနေၾကာင္း ရွမ္းျပည္နယ္(အေရွ႕ပိုင္း)လူမႈဝန္ထမ္းဦးစီးဌာနမွ သိရသည္။

“ သူတို႔က ရပ္ရြာ ကိုယ့္အားကိုယ္ကိုး ေဆးျဖတ္စခန္းဖြင့္ထားတာေပါ့။ အစိုးရဌာနေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔အေနနဲ႔ ကူညီလို႔ရတာေတြလည္း ကူညီေပးေနပါတယ္။ အဲဒီမွာေတာ့ အမ်ားစုက ရာမ သံုးတဲ့ သူေတြမ်ားတယ္။ ကၽြန္ေတာ္တုိ႔ အေနနဲ႔ သူတို႔ကို အလွဴရွင္ေတြ ခ်ိတ္ေပးတာတို႔၊ ေနာက္တစ္ခုက လူမႈဝန္ထမ္း ဦးစီးဌာနဆိုတာက ေဆးျဖတ္ၿပီး ျပန္လည္ထူေထာင္ေပးတဲ့ အပိုင္းတာဝန္ယူတာဆိုေပမဲ့ အေတာ္မ်ားမ်ားက ေဆးျဖတ္ဖို႔ဆို ဒီကိုပဲ တန္းျမင္လိုက္တာပဲ။ မိဘေတြက အကူအညီ ေတာင္းလာၾကတယ္ဆိုရင္ မုိင္းကိုးေဆးျဖတ္စခန္းကို ပို႔ေပးရတာပဲ။ မိသားစု မထိန္းႏုိင္တဲ့ သူေတြျဖစ္လာရင္ မိုင္းကိုးစခန္းကို ပို႔ေပးရတာေပါ့။ သူတို႔စခန္းအေနနဲ႔ ဌာနဆိုင္ရာနဲ႔ ခ်ိတ္ဆက္ဖို႔ လိုအပ္တာတို႔လို ကူညီေပးတာေပါ့။ ဥပမာ တခ်ိဳ႕ဆို ေဆးစြဲတာအရမ္းလြန္ထားတဲ့သူေတြရိွရင္ သူတို႔ကို က်ိဳင္းတံုေဆးရံုကို ခ်ိတ္ဆက္ေပးတာတို႔ လုပ္ေပးပါတယ္”ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း)လူမႈဝန္ထမ္းဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က ေျပာသည္။

မိုင္းကိုးေဆးျဖတ္စခန္းတြင္ ရာမေခၚ စိတ္ၾကြရူးသြပ္ေဆး အသံုးျပဳသူ အမ်ားစုကို ေဆးျဖတ္ေပးေနရၿပီး ဘိန္းမဲႏွင့္ ဘိန္းျဖဴစြဲသည့္ လူနာမ်ားကို တာခ်ီလိတ္ျပည္သူ႔ေဆးရံုမွ ဆရာဝန္မ်ားက ကူညီ ကုသေပးေလ့ရိွေၾကာင္း သိရသည္။

လူမႈဝန္ထမ္းဦးစီးဌာနမွ ဖြင့္လွစ္သည့္ ေဆးျဖတ္သင္တန္းမ်ားအၿပီးတြင္ ေဆးျဖတ္ထားသူမ်ားအား ရပ္ရြာတြင္း ေနထုိင္မႈကို လူမႈကူညီေရးဝန္ထမ္းမ်ားျဖင့္ ျပန္လည္ေစာင့္ၾကည့္ျခင္းလုပ္ေဆာင္ေသာ္လည္း ကိုယ့္အားကိုယ္ကိုး ေဆးျဖတ္စခန္းတြင္ ယင္းကဲ့သို႔ လုပ္ေဆာင္ႏုိင္ျခင္းမရိွေၾကာင္း သိရသည္။

သတင္း - #ခ်ယ္ရီထိုက္




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ မိုင်းကိုးဆေးဖြတ်စခန်းတွင် မူးယစ်ဆေးဖြတ်လိုသူများ လစဉ်ထပ်တိုးလာသော်လည်း အသက်မွေးဝမ်းကျောင်းအတွက် အကူအညီများ လိုအပ်နေ
http://www.tachileik.net/2017/10/Mkdg.html
********

ရပ်ရွာကိုယ့်အားကိုယ်ကိုး ဆေးဖြတ်စခန်းဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ တာချီလိတ်မြို့ ရန်ကုန်ရွာရှိ မိုင်းကိုးဆေးဖြတ်စခန်းတွင် လစဉ်ဆေးဖြတ်နေသူများ ထပ်တိုးရောက်နေသော်လည်း အသက်မွေးဝမ်းကျောင်းပညာ သင်ကြားရေးနှင့် အမြဲတမ်း အလှူရှင် မရှိကြောင်း သိရသည်။

“ဆေးဖြတ်ပြီး ပြန်သုံးတာများတယ်။ ပြေးတာများတယ်။ ဒါကြောင့် သူတို့ကို နေရာဟောင်းနဲ့ ပြန်မထိတွေ့အောင် ထိန်းသိမ်းဖို့ လိုတယ်။ သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းမရှိရင် ထိန်းသိမ်းဖို့က ခက်ပါတယ်။ ဒါကြောင့် သူတို့အတွက် အသက်မွေး ဝမ်းကျောင်းပညာသင်ပေးဖို့ လိုတာပါ။ ဆေးဖြတ်စခန်းမှာက လူဦးရေ (၅၀)ကျော် ရှိတယ်။ အမြဲတမ်း တစိုက်မတ်မတ် ကူပေးနေတာတွေတော့ မရှိပါဘူး။ အလျဉ်းသင့်သလို လှူဒါန်းနေတဲ့ အလှူရှင်တွေတော့ ရှိတတ်ပါတယ်”ဟု မူးယစ်ဆေးဖြတ်လိုသူများအား ကူညီပေးနေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

“ဆေးဖြတ်ချင်တဲ့သူက ဘတ်(၂၀၀၀)နဲ့ ဆန်နှစ်ပုံး ပေးရတယ်။ ဒါက သူတို့စားစရိတ်ပေါ့။ သုံးလတိတိ စခန်းသွင်းရတယ်။ ဒီလိုမပေးနိုင်တဲ့ သူတွေကတော့ ကျွန်တော်တို့ဆီ အကူအညီလာတောင်းကြတယ်။ သူတို့ ဘယ်လောက်တတ်နိုင်သလဲ။ တတ်နိုင်သလောက် ထည့်ပေးပြီး ကျန်တာအဖွဲ့က စိုက်ထုတ်ပေးတာပေါ့။ တစ်လကို နှစ်ယောက်၊ သုံးယောက်လောက်တော့ ပို့ပေးနေရတယ်။ သုံးလဖြတ်ပေးပြီးရင်တော့ သူတို့က ဆေးပြတ်တယ်။ သုံးလကြာလို့ ဆေးပြတ်ပြီဆိုရင်တော့ မိဘတွေ ခေါ်မယ့်သူ ရှိတဲ့သူတွေကလည်း ခေါ်သွားကြတယ်။ ခေါ်မယ့်သူမရှိတဲ့သူတွေကတော့ အဲဒီမှာ ခြံတွေရှင်းတာတို့ အလုပ် လုပ်ခိုင်းတာတွေရှိတယ်။ သူတို့ လုပ်အားခ ပိုက်ဆံရတာပေါ့”ဟု၎င်းဆက်လက်ပြောပြသည်။

လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်သည့် ဆေးဖြတ်သင်တန်းများကိုလည်း အဆိုပါ ဆေးဖြတ်စခန်းတွင် လာရောက် ဖွင့်လှစ်လေ့ရှိပြီး ဆေးဖြတ်သင်တန်းမရှိသည့်ကာလများအတွင်း ဆေးဖြတ်လိုသူများကို မိုင်းကိုးဆေးဖြတ်စခန်းသို့ ပို့ဆောင်ပေးနေကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

“ သူတို့က ရပ်ရွာ ကိုယ့်အားကိုယ်ကိုး ဆေးဖြတ်စခန်းဖွင့်ထားတာပေါ့။ အစိုးရဌာနတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကူညီလို့ရတာတွေလည်း ကူညီပေးနေပါတယ်။ အဲဒီမှာတော့ အများစုက ရာမ သုံးတဲ့ သူတွေများတယ်။ ကျွန်တော်တို့ အနေနဲ့ သူတို့ကို အလှူရှင်တွေ ချိတ်ပေးတာတို့၊ နောက်တစ်ခုက လူမှုဝန်ထမ်း ဦးစီးဌာနဆိုတာက ဆေးဖြတ်ပြီး ပြန်လည်ထူထောင်ပေးတဲ့ အပိုင်းတာဝန်ယူတာဆိုပေမဲ့ အတော်များများက ဆေးဖြတ်ဖို့ဆို ဒီကိုပဲ တန်းမြင်လိုက်တာပဲ။ မိဘတွေက အကူအညီ တောင်းလာကြတယ်ဆိုရင် မိုင်းကိုးဆေးဖြတ်စခန်းကို ပို့ပေးရတာပဲ။ မိသားစု မထိန်းနိုင်တဲ့ သူတွဖြေစ်လာရင် မိုင်းကိုးစခန်းကို ပို့ပေးရတာပေါ့။ သူတို့စခန်းအနေနဲ့ ဌာနဆိုင်ရာနဲ့ ချိတ်ဆက်ဖို့ လိုအပ်တာတို့လို ကူညီပေးတာပေါ့။ ဥပမာ တချို့ဆို ဆေးစွဲတာအရမ်းလွန်ထားတဲ့သူတွေရှိရင် သူတို့ကို ကျိုင်းတုံဆေးရုံကို ချိတ်ဆက်ပေးတာတို့ လုပ်ပေးပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း)လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က ပြောသည်။

မိုင်းကိုးဆေးဖြတ်စခန်းတွင် ရာမခေါ် စိတ်ကြွရူးသွပ်ဆေး အသုံးပြုသူ အများစုကို ဆေးဖြတ်ပေးနေရပြီး ဘိန်းမဲနှင့် ဘိန်းဖြူစွဲသည့် လူနာများကို တာချီလိတ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များက ကူညီ ကုသပေးလေ့ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သည့် ဆေးဖြတ်သင်တန်းများအပြီးတွင် ဆေးဖြတ်ထားသူများအား ရပ်ရွာတွင်း နေထိုင်မှုကို လူမှုကူညီရေးဝန်ထမ်းများဖြင့် ပြန်လည်စောင့်ကြည့်ခြင်းလုပ်ဆောင်သော်လည်း ကိုယ့်အားကိုယ်ကိုး ဆေးဖြတ်စခန်းတွင် ယင်းကဲ့သို့ လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း သိရသည်။

သတင်း - #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~