မေကြးၿမိဳ႕မရဲစခန္းမွ အခ်ဳပ္သား(၆)ဦး အခ်ဳပ္ေဖာက္ ထြက္ေျပး

မေကြးၿမိဳ႕မရဲစခန္းမွ အခ်ဳပ္သား(၆)ဦး အခ်ဳပ္ေဖာက္ ထြက္ေျပး
အောက်တိုဘာ 11, 2017
By Tachileik News Agency

မေကြးၿမိဳ႕မရဲစခန္းမွ အခ်ဳပ္သား(၆)ဦး ေအာက္တိုဘာလ(၁၁)ရက္ နံနက္ပိုင္းက အခ်ဳပ္ေဖာက္ ထြက္ေျပးမႈ တစ္ရပ္ ျဖစ္ပြားခဲ့သျဖင္႔ ရဲတပ္ဖဲြ႔မွ ျပန္လည္ဖမ္းဆီးရမိရန္ အပူတျပင္း လိုက္လံစံုစမ္းလွ်က္ရိွ ေၾကာင္း မေကြးၿမိဳ႕မရဲစခန္းမွ သိရသည္။

“စုစုေပါင္း (၆)ဦးထြက္ေျပးသြားတာပါ။ ကြ်န္ေတာ္တို႔ စသိတာက မနက္ ၆နာရီေလာက္မွ သိရတာျဖစ္ၿပီး CCTV မွတ္တမ္းအရ မနက္ (၃)နာရီ (၇)မိနစ္ (၄၄)စကၠန္႔မွာ အခ်ဳပ္ေဖာက္ထြက္ေျပးသြားတာကို ေတြ႔ရပါတယ္။ တရားခံေတြ အျမန္ဆံုးဖမ္းဆီးရမိေရးအတြက္ တိုင္း ဒ/နအဖဲြ႔ေတြနဲ႔ စခန္းက ရဲတပ္ဖဲြ႔ဝင္ေတြ လိုက္လံ စံုစမ္း ရွာေဖြလွ်က္ရိွပါတယ္”ဟု မေကြးၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးဝင္းေက်ာ္က တာခ်ီလိတ္ေအဂ်င္စီသို႔ ေျပာသည္။

အခ်ဳပ္ခန္း အခန္းနံပါတ္(၆)၌ အခ်ဳပ္သား (၁၅)ဦးခ်ဳပ္ေႏွာင္ထားျခင္းျဖစ္ၿပီး ယင္းအနက္မွ မူး/စိတ္ ပုဒ္မ ၁၅/၁၉ (က)/၂၁ ျဖင္႔ မင္းဘူး/စကုၿမိဳ႕နယ္ မင္းရြာေန ဘိုဘိုထက္(၂၆ႏွစ္)၊ ပုဒ္မ ၃၆၃/၃၇၆ ျဖင္႔ မေကြးၿမိဳ႕ ရြာသစ္ပဲြႀကိဳရပ္ေန စိုင္းသီဟ(၂၁ႏွစ္)၊ပုဒ္မ ၃၇၆ ျဖင္႔ ျမင္ကြန္း၊အင္းပုေက်းရြာေန ခ်စ္ကိုကို(၂၄ႏွစ္)၊ ပုဒ္မ ၃၇၆/၃၆၃/၁၁၄ တို႔ျဖင္႔ မေကြးၿမိဳ႕နယ္ ေလွ်ာင္းေတာ္ဦးေက်းရြာေန ေအာင္ေဇာ္လင္း(၂၈ႏွစ္)၊ အလယ္ ေခ်ာင္းေက်းရြာေန သိန္းမင္းထိုက္(၁၈ႏွစ္)၊ ပုဒ္မ ၃၈၀ ျဖင္႔ မေကြးၿမိဳ႕နယ္ သစ္ရာေကာက္ေက်းရြာေန ခိုင္စိုး(၂၈ႏွစ္)တို႔ (၆)ဦးမွာ အခ်ဳပ္ခန္း သံတိုင္(၅)တိုင္ကိုျဖတ္၍ အျပင္မွ သံဇကာႏွင္႔ သံဆူးႀကိဳးတို႔အား ေဖာက္ကာ မိလႅာအမိုးမွ တစ္ဆင့္ ထြက္ ေျပးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္း ျဖစ္စဥ္ႏွင္႔ ပတ္သက္၍ ၿမိဳ႕မရဲစခန္းမွ ကင္းမွဴး (၁)ဦးႏွင္႔ ကင္းသား (၆)ဦးတို႔အား ထိန္းသိမ္း စစ္ေဆးလွ်က္ ရိွေၾကာင္းသိရၿပီး အဆိုပါ ရဲစခန္းတြင္ ဇူလိုင္(၂၆)ရက္ေန႔ကလည္း အခ်ဳပ္ခန္းအတြင္း၌ အခ်ဳပ္သားတစ္ဦး မိမိ ကိုယ္မိမိ ႀကိဳးဆဲြခ်ေသဆံုးမႈတစ္ရပ္ျဖစ္ပြားခဲ႔ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု- ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့မရဲစခန်းမှ အချုပ်သား(၆)ဦး အောက်တိုဘာလ(၁၁)ရက် နံနက်ပိုင်းက အချုပ်ဖောက် ထွက်ပြေးမှု တစ်ရပ် ဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့မှ ပြန်လည်ဖမ်းဆီးရမိရန် အပူတပြင်း လိုက်လံစုံစမ်းလျှက်ရှိ ကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

“စုစုပေါင်း (၆)ဦးထွက်ပြေးသွားတာပါ။ ကျွန်တော်တို့ စသိတာက မနက် ၆နာရီလောက်မှ သိရတာဖြစ်ပြီး CCTV မှတ်တမ်းအရ မနက် (၃)နာရီ (၇)မိနစ် (၄၄)စက္ကန့်မှာ အချုပ်ဖောက်ထွက်ပြေးသွားတာကို တွေ့ရပါတယ်။ တရားခံတွေ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် တိုင်း ဒ/နအဖွဲ့တွေနဲ့ စခန်းက ရဲတပ်ဖွဲ့ဝင်တွေ လိုက်လံ စုံစမ်း ရှာဖွေလျှက်ရှိပါတယ်”ဟု မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းကျော်က တာချီလိတ်အေဂျင်စီသို့ ပြောသည်။

အချုပ်ခန်း အခန်းနံပါတ်(၆)၌ အချုပ်သား (၁၅)ဦးချုပ်နှောင်ထားခြင်းဖြစ်ပြီး ယင်းအနက်မှ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က)/၂၁ ဖြင့် မင်းဘူး/စကုမြို့နယ် မင်းရွာနေ ဘိုဘိုထက်(၂၆နှစ်)၊ ပုဒ်မ ၃၆၃/၃၇၆ ဖြင့် မကွေးမြို့ ရွာသစ်ပွဲကြိုရပ်နေ စိုင်းသီဟ(၂၁နှစ်)၊ပုဒ်မ ၃၇၆ ဖြင့် မြင်ကွန်း၊အင်းပုကျေးရွာနေ ချစ်ကိုကို(၂၄နှစ်)၊ ပုဒ်မ ၃၇၆/၃၆၃/၁၁၄ တို့ဖြင့် မကွေးမြို့နယ် လျှောင်းတော်ဦးကျေးရွာနေ အောင်ဇော်လင်း(၂၈နှစ်)၊ အလယ် ချောင်းကျေးရွာနေ သိန်းမင်းထိုက်(၁၈နှစ်)၊ ပုဒ်မ ၃၈၀ ဖြင့် မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာနေ ခိုင်စိုး(၂၈နှစ်)တို့ (၆)ဦးမှာ အချုပ်ခန်း သံတိုင်(၅)တိုင်ကိုဖြတ်၍ အပြင်မှ သံဇကာနှင့် သံဆူးကြိုးတို့အား ဖောက်ကာ မိလ္လာအမိုးမှ တစ်ဆင့် ထွက် ပြေးကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့မရဲစခန်းမှ ကင်းမှူး (၁)ဦးနှင့် ကင်းသား (၆)ဦးတို့အား ထိန်းသိမ်း စစ်ဆေးလျှက် ရှိကြောင်းသိရပြီး အဆိုပါ ရဲစခန်းတွင် ဇူလိုင်(၂၆)ရက်နေ့ကလည်း အချုပ်ခန်းအတွင်း၌ အချုပ်သားတစ်ဦး မိမိ ကိုယ်မိမိ ကြိုးဆွဲချသေဆုံးမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ- ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~