ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း၏ စစ္ေတြ - ရန္ကုန္ ခရီးစဥ္ပ်ံသန္းစဥ္ ေလယိုစိမ့္မႈျဖစ္ပြား၍ စစ္ေတြသို႔ျပန္လည္ ဆင္းသက္ကာ ျပဳျပင္

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း၏ စစ္ေတြ - ရန္ကုန္ ခရီးစဥ္ပ်ံသန္းစဥ္ ေလယိုစိမ့္မႈျဖစ္ပြား၍ စစ္ေတြသို႔ျပန္လည္ ဆင္းသက္ကာ ျပဳျပင္
အောက်တိုဘာ 27, 2017
By Tachileik News Agency

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA) ခရီးစဥ္အမွတ္ UB-202 စစ္ေတြ - ရန္ကုန္ Embraer-190 ေလယာဥ္ ခရီးစဥ္အား ေအာက္တိုဘာလ (၂၆)ရက္ေန႔က ပ်ံသန္းေနစဥ္ ေလယာဥ္တြင္း ေလယိုစိမ့္မႈ ျဖစ္ပြားသျဖင့္ စစ္ေတြေလဆိပ္သို႔ ျပန္လည္ဆင္းသက္ျပဳျပင္ၿပီးေနာက္ ရန္ကုန္သို႔ အခ်ိန္ေနာက္က်၍ ပ်ံသန္းႏုိင္ခဲ့ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ေတြ ျပင္ဆင္ၿပီးသြားေတာ့ ဒုတိယအႀကိမ္ ပ်ံသန္းရာမွာ အျမင့္ေပ (၂၉၀၀၀)ကေန ရန္ကုန္ကို ပ်ံသန္းခဲ့ပါတယ္။ ပ်ံသန္းမႈလုပ္ေဆာင္ခ်က္ကလည္း ပံုမွန္ပါပဲ။ ည (၁၀)နာရီ (၁၀)မွာ ရန္ကုန္ကို ေရာက္ရိွခဲ့ပါတယ္"ဟု မန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA) မွ နည္းျပေလယာဥ္မွဴးႀကီး ဦးျမတ္မိုးေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နည္းျပေလယာဥ္မွဴးႀကီး ဦးျမတ္မိုးေအာင္ႏွင့္ ဒုတိယေလယာဥ္မွဴးႀကီး ဦးရဲထြဋ္ေအာင္တို႔လိုက္ပါလာသည့္ အဆိုပါ ေလယာဥ္သည္ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ (၂၆) ရက္ ည(၇)နာရီ (၁၇)မိနစ္တြင္ စစ္ေတြ ေလဆိပ္မွ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ပ်ံသန္းလာခဲ့ရာမွ ပ်ံသန္းခိ်န္ (၁၅) မိနစ္၊ စစ္ေတြၿမိဳ႕မွေရ မိုင္ (၄၀) ခန္႔ ၊ ရန္ကုန္ၿမိဳ႕သို႔ ေရမိုင္ (၂၃၀) ခန္႔ အကြာ အျမင့္ေပ (၁၈,၀၀၀) ခန္႔တြင္ ေလယာဥ္ဦးေခါင္းပိုင္းမွ "ဒုတ္" ဟူေသာ အသံႏွင့္အတူ ေလစိမ့္ဝင္သံေလးကိုၾကားခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေလယာဥ္အင္ဂ်င္ႏွင့္ စက္ပိုင္းဆိုင္ရာ ဒိုင္ခြက္မ်ား အား စစ္ေဆးၾကည့္ရႈရာ ေလယာဥ္အတြင္းရွိ ေလထုဖိအားမွာ ႐ုတ္တရက္ စတင္ထိုးတက္ေနသည္ကို စစ္ေဆးေတြ႔ရိွခဲ့ရသျဖင့္ ေလယာဥ္ကို မူလပ်ံသန္းမည့္ ေပ (၂၉,၀၀၀) သို႔ တက္ေနျခင္းအား အျမင့္ေပ (၁၉,၀၀၀) ခန္႔တြင္ ခ်က္ခ်င္းရပ္တန္႔ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေလယာဥ္ပ်ံရဲ႕ ေလယာဥ္တြင္းေလဖိအားထိန္းညႇိမႈ (Cabin Pressurization System)က ေလယိုစိမ့္မႈ အနည္းငယ္ျဖစ္တာလို႔ သံုးသပ္ၿပီး ေလယာဥ္ေပၚ စီးနင္းလိုက္ပါလာတဲ့ ခရီးသည္ေတြ ေဘးအႏၲရာယ္ ကင္းရွင္းေရးအတြက္ ေရမိုင္ (၄၀) ခန္႔သာေဝးတဲ့ စစ္ေတြေလဆိပ္ကို ျပန္လည္ဆင္းသက္ၿပီး ေလယာဥ္ကို စစ္ေဆးဖို႔ ဆုံုးျဖတ္ခဲ့ပါတယ္”ဟု ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA) မွ နည္းျပေလယာဥ္မွဴးႀကီး ဦးျမတ္မိုးေအာင္က ေျပာသည္။

အဆိုပါ ေလယာဥ္သည္ စစ္ေတြေလဆိပ္သို႔ ည(၇) နာရီ (၅၄) မိနစ္တြင္ ျပန္လည္ဆင္းသက္ခဲ့ၿပီး ေလယာဥ္ျပင္ပ ကိုယ္ထည္အား မ်က္ျမင္စစ္ေဆးၾကည့္ရာ ေလယာဥ္၏ ေရွ႕ဘက္ ေလေၾကာင္းဆိုင္ရာ လွ်ပ္စစ္ႏွင့္နည္းပညာ သိုေလွာင္ခန္း ၏ ေလလံုရန္ပိတ္ေသာတံခါး Seal မွာ အျပင္သို႔အနည္းငယ္ ထြက္ရွိေနေၾကာင္း ေတြ႔ခဲ့ရသျဖင့္ ရန္ကုန္ ၿမိဳ႕မွ ေလယာဥ္ပ်ံကၽြမ္းက်င္ အင္ဂ်င္နီယာမ်ားျဖင့္ ဆက္သြယ္၍ ၎တို႔၏ ၫႊန္ၾကားခ်က္အတိုင္း အဆိုပါတံခါးကို ေလလံု seal ျဖစ္ေစရန္ နည္းျပေလယာဥ္မွဴးႀကီးကိုယ္တုိင္ ျပင္ဆင္ခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ ေလယာဥ္အား မ်က္ျမင္စစ္ေဆးျခင္း၊ Embraer-190 ေလယာဥ္တြင္ပါရွိေသာ အလိုေလ်ာက္ ခ်ိဳ႕ယြင္းခ်က္ရွာသည့္စနစ္တိုျ့ဖင့္ စစ္ေဆးျခင္းမ်ားကို အႀကိမ္မ်ားစြာျပဳလုပ္ရာ အႏၲရာယ္ကင္းသည့္ ေက်နပ္ဖြယ္ေကာင္းေသာ ရလဒ္ကိုေတြ႔ရသျဖင့္ ည  (၉)နာရီ (၁၇)မိနစ္တြင္ ရန္ကုန္ၿမိဳ႕သို႔ ထြက္ခြာပ်ံသန္းလာခဲ့ရာ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ည(၁၀)နာရီ (၁၀) မိနစ္တြင္ ဆင္းသက္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာအမိ်ဳးသားေလေၾကာင္းလိုင္းသည္ ၂၀၁၇ ခုႏွစ္တြင္ သက္တမ္း (၆၉)ႏွစ္ရိွၿပီျဖစ္ၿပီး ျပည္တြင္း၊ျပည္ပ ခရီးစဥ္မ်ားကို ပ်ံသန္းေျပးဆြဲေနသည့္ ႏိုင္ငံပိုင္ေလေၾကာင္းလုိင္းျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ခရီးစဉ်အမှတ် UB-202 စစ်တွေ - ရန်ကုန် Embraer-190 လေယာဉ် ခရီးစဉ်အား အောက်တိုဘာလ (၂၆)ရက်နေ့က ပျံသန်းနေစဉ် လေယာဉ်တွင်း လေယိုစိမ့်မှု ဖြစ်ပွားသဖြင့် စစ်တွေလေဆိပ်သို့ ပြန်လည်ဆင်းသက်ပြုပြင်ပြီးနောက် ရန်ကုန်သို့ အချိန်နောက်ကျ၍ ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့တွေ ပြင်ဆင်ပြီးသွားတော့ ဒုတိယအကြိမ် ပျံသန်းရာမှာ အမြင့်ပေ (၂၉၀၀၀)ကနေ ရန်ကုန်ကို ပျံသန်းခဲ့ပါတယ်။ ပျံသန်းမှုလုပ်ဆောင်ချက်ကလည်း ပုံမှန်ပါပဲ။ ည (၁၀)နာရီ (၁၀)မှာ ရန်ကုန်ကို ရောက်ရှိခဲ့ပါတယ်"ဟု မန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ နည်းပြလေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နည်းပြလေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် ဒုတိယလေယာဉ်မှူးကြီး ဦးရဲထွဋ်အောင်တို့လိုက်ပါလာသည့် အဆိုပါ လေယာဉ်သည် ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၂၆) ရက် ည(၇)နာရီ (၁၇)မိနစ်တွင် စစ်တွေ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းလာခဲ့ရာမှ ပျံသန်းချိန် (၁၅) မိနစ်၊ စစ်တွမြေို့မှရေ မိုင် (၄၀) ခန့်၊ ရန်ကုန်မြို့သို့ ရေမိုင် (၂၃၀) ခန့် အကွာ အမြင့်ပေ (၁၈,ဝဝဝ) ခန့်တွင် လေယာဉ်ဦးခေါင်းပိုင်းမှ "ဒုတ်" ဟူသော အသံနှင့်အတူ လေစိမ့်ဝင်သံလေးကိုကြားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လေယာဉ်အင်ဂျင်နှင့် စက်ပိုင်းဆိုင်ရာ ဒိုင်ခွက်များ အား စစ်ဆေးကြည့်ရှုရာ လေယာဉ်အတွင်းရှိ လေထုဖိအားမှာ ရုတ်တရက် စတင်ထိုးတက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် လေယာဉ်ကို မူလပျံသန်းမည့် ပေ (၂၉,ဝဝဝ) သို့ တက်နခြေင်းအား အမြင့်ပေ (၁၉,ဝဝဝ) ခန့်တွင် ချက်ချင်းရပ်တန့် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လေယာဉ်ပျံရဲ့ လေယာဉ်တွင်းလေဖိအားထိန်းညှိမှု (Cabin Pressurization System)က လေယိုစိမ့်မှု အနည်းငယ်ဖြစ်တာလို့ သုံးသပ်ပြီး လေယာဉ်ပေါ် စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တွေ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ရေမိုင် (၄၀) ခန့်သာဝေးတဲ့ စစ်တွေလေဆိပ်ကို ပြန်လည်ဆင်းသက်ပြီး လေယာဉ်ကို စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ နည်းပြလေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က ပြောသည်။

အဆိုပါ လေယာဉ်သည် စစ်တွေလေဆိပ်သို့ ည(၇) နာရီ (၅၄) မိနစ်တွင် ပြန်လည်ဆင်းသက်ခဲ့ပြီး လေယာဉ်ပြင်ပ ကိုယ်ထည်အား မျက်မြင်စစ်ဆေးကြည့်ရာ လေယာဉ်၏ ရှေ့ဘက် လေကြောင်းဆိုင်ရာ လျှပ်စစ်နှင့်နည်းပညာ သိုလှောင်ခန်း၏ လေလုံရန်ပိတ်သောတံခါး Seal မှာ အပြင်သို့အနည်းငယ် ထွက်ရှိနေကြောင်း တွေ့ခဲ့ရသဖြင့် ရန်ကုန် မြို့မှ လေယာဉ်ပျံကျွမ်းကျင် အင်ဂျင်နီယာများဖြင့် ဆက်သွယ်၍၎င်းတို့၏ ညွှန်ကြားချက်အတိုင်း အဆိုပါတံခါးကို လေလုံ seal ဖြစ်စေရန် နည်းပြလေယာဉ်မှူးကြီးကိုယ်တိုင် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် လေယာဉ်အား မျက်မြင်စစ်ဆေးခြင်း၊ Embraer-190 လေယာဉ်တွင်ပါရှိသော အလိုလျောက် ချို့ယွင်းချက်ရှာသည့်စနစ်တြို့ဖင့် စစ်ဆေးခြင်းများကို အကြိမ်များစွာပြုလုပ်ရာ အန္တရာယ်ကင်းသည့် ကျေနပ်ဖွယ်ကောင်းသော ရလဒ်ကိုတွေ့ရသဖြင့် ည  (၉)နာရီ (၁၇)မိနစ်တွင် ရန်ကုန်မြို့သို့ ထွက်ခွာပျံသန်းလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ည(၁၀)နာရီ (၁၀) မိနစ်တွင် ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ၂၀၁၇ ခုနှစ်တွင် သက်တမ်း (၆၉)နှစ်ရှိပြီဖြစ်ပြီး ပြည်တွင်း၊ပြည်ပ ခရီးစဉ်များကို ပျံသန်းပြေးဆွဲနေသည့် နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~