တာခ်ီလိတ္တြင္ တရားမဝင္ေမြးျမဴထားၿပီး ဖမ္းဆီးရမိသည့္ လိပ္ၾကက္တူေရြး (၃၄၂)ေကာင္အား ေနာင္ခ်ိဳ ဘန္႔ေဘြးထိန္းသိမ္းေရးစခန္းသို႔ လႊဲေျပာင္း

တာခ်ီလိတ္တြင္ တရားမဝင္ေမြးျမဴထားၿပီး ဖမ္းဆီးရမိသည့္ လိပ္ၾကက္တူေရြး (၃၄၂)ေကာင္အား ေနာင္ခ်ိဳ ဘန္႔ေဘြးထိန္းသိမ္းေရးစခန္းသို႔ လႊဲေျပာင္း
အောက်တိုဘာ 31, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ၊ ၀မ္ေကာင္းရပ္ကြက္တြင္ တရားမ၀င္ေမြးျမဴထားသျဖင့္ ဖမ္းဆီးထိန္းသိမ္းထားသည့္ လိပ္ၾကက္တူေရြး (၃၄၂)ေကာင္အား ဘန္႔ေဘြးလိပ္ထိန္းသိမ္းေရးစခန္းသို႔ ပို႔ေဆာင္မည့္ တာဝန္ရိွသူမ်ားထံ ေအာက္တိုဘာလ (၃၁)ရက္ေန႔တြင္ ခရိုင္/ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနက လႊဲေျပာင္းေပးလုိက္သည္။

အဆိုပါ လိပ္မ်ားအား ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေနာင္ခ်ိဳၿမိဳ႕နယ္ရိွ ဘန္႔ေဘြးလိပ္ထိန္းသိမ္းေရးစခန္းသို႔ ျမန္မာႏိုင္ငံသားငွက္ထိန္းသိမ္းေရးအဖြဲ ့(WCS)ႏွင့္ လိပ္မ်ိဳးဆက္ရွင္သန္ေရးအဖြဲ ့(TSA) တို႔မွ တာဝန္ရိွသူမ်ားက ပို႔ေဆာင္ေပးမည္ျဖစ္သည္။

"လိပ္ၾကက္တူေရြးေတြဟာ ထုံးေက်ာက္ေတာင္ေတြမွာပဲ အေနမ်ားတဲ့ အတြက္ ဒီေဒသ၀န္းက်င္မွာပဲ ေနထိုင္တဲ့ လိပ္ေတြျဖစ္ပါတယ္။ ထုံးေက်ာက္ေတာင္ေတြ ရိွတဲ့ မိုင္းတုံတို ့၊ မိုင္းဆတ္တို႔က လိပ္ေတြပါ။ ဒီလိပ္ေတြရဲ႕လွပမႈရယ္ ဖြတ္နဲ ့တူတယ္၊ ထူးဆန္းတယ္ဆိုၿပီးေတာ့ တရုတ္ျပည္က ဝယ္သလို ဒီလိပ္ေတြက အထီးႏွစ္ေကာင္ရိွရင္ တစ္ေကာင္နဲ ့ တစ္ေကာင္သတ္ၾကတဲ့အတြက္ တရုတ္ျပည္မွာ အထီးအခ်င္းခ်င္း တိုက္ခိုင္းတာေတြ လုပ္တဲ့အတြက္ သူတို ့ေတြက ကၽြန္မတို ့ဆီက ၀ယ္ေနတာျဖစ္ပါတယ္။ ၿပီးေတာ့ လိပ္ၾကက္တူေရြးေတြက သူတို ့ဆီမွာလည္း ရိွတယ္။ ဒါေပမဲ့ သူတို ့ဆီမွာက မ်ိဳးျပဳန္းေနၿပီျဖစ္တဲ့အတြက္ သူတို ့က တာခ်ီလိတ္ကို အဓိကအေနနဲ ့ ပစ္မွတ္ထားၿပီးေတာ့ လိပ္အေကာင္အေရအတြက္ အမ်ားႀကီးကုိ ေမွာင္ခိုေစ်းကြက္ေတြကေနတစ္ဆင့္ ၀ယ္ေနတာျဖစ္ပါတယ္"ဟု ျမန္မာႏုိုင္ငံ လိပ္မ်ိဳးဆက္ရွင္သန္ေရးအဖြဲ႔ (TSA)မွ ဒါရိုက္တာ ေဒါက္တာ ေဒၚကလ်ာက တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။

လိပ္မ်ားမွာ လူမ်ားကဲ့သို ့ ေၾကညက္ေအာင္ ၀ါးစားႏိုင္သည့္ အံသြားမ်ား မပါသည့္အတြက္ အသီးမ်ားကို စားသုံးကာ အသီးမ်ား၏ အေစ့မ်ားကို မစင္အျဖစ္စြန္ ့၍ သစ္ပင္မ်ားကို စိုက္ပ်ိဳးေပးေနျခင္းျဖစ္ၿပီး လိပ္ၾကက္တူေရြးမ်ားမွာ အျခားေသာလိပ္မ်ားထက္ အားအင္ရိွသည့္အတြက္ ထုံးေက်ာက္ေတာင္မ်ား၊ ေခ်ာက္ကမ္းပါးမ်ား၊ ေရတံခြန္မ်ား မၿပိဳက်ေစရန္ အပင္မ်ားစိုက္ပ်ိဳးကာ ထိန္းသိမ္းေပးသည့္ လိပ္မ်ားျဖစ္သည့္ အျပင္ ေရေခ်ာင္းမ်ားအတြင္းမွ ေရညွိ၊ ေရေမွာ္ႏွင့္ အညစ္အေၾကးမ်ားကိုလည္း စားသုံးေပးေနသည့္အတြက္ ေဂဟေဗဒစနစ္ကို အက်ိဳးျပဳေနသည့္ လိပ္မ်ိဳးစိတ္ျဖစ္ေၾကာင္း သိရသည္။

"ဒီတစ္ေခါက္ ဖမ္းဆီးရမိတဲ့ လိပ္ေတြအကုန္လုံး က်န္းမာသန္စြမ္းၾကပါတယ္။ တစ္ေကာင္မွ ေသဆုံးသြားတာ မရိွပါဘူး။ ဒီလိပ္ေတြကို ကားနဲ ့ ေနာင္ခ်ိဳၿမိဳ႕နယ္ထဲမွာရိွတဲ့ ဘန္ ့ေဘြး လိပ္ထိန္းသိမ္းေရးစခန္းကို သယ္ေဆာင္သြားမွာ ျဖစ္တဲ့အတြက္ ကၽြန္မနဲ ့ အတူပါလာတဲ့ ဆရာ၀န္နဲ ့ ဒီက သစ္ေတာ၀န္ထမ္းေတြ ပူးေပါင္းၿပီးေတာ့ လိုအပ္တဲ့ အားေဆးေတြကို (၂)ရက္ေလာက္အထိ အခ်ိန္ယူၿပီး ထိုးေပးထားပါတယ္"ဟု ၎ကဆက္ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မွ သယ္ေဆာင္သြားေသာ လိပ္ၾကက္တူေရြးမ်ားကို ဘန္ ့ေဘြးလိပ္ထိန္းသိမ္းေရးစခန္းတြင္ ႏိုင္ငံျခားသား ဆရာ၀န္မ်ားႏွင့္ ပူးေပါင္းကာ ကုသမႈမ်ား၊ ျပန္လည္သန္စြမ္းလာေရး ေဆာင္ရြက္ခ်က္မ်ားႏွင့္ မ်ိဳးပြားျခင္းလုပ္ငန္းမ်ားကို ျပန္လည္လုပ္ေဆာင္ကာ ယင္းလိပ္မ်ားနွင့္ သင့္ေလ်ာ္ေသာ အပူခ်ိန္၊ ေနရာေဒသမ်ားတြင္ရိွသည့္ သဘာဝေဘးမဲ့ေတာမ်ားတြင္ ျပန္လည္ လႊတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

" ဒီလိပ္ေတြက အေအးႀကိဳက္တဲ့အတြက္ အဲယားကြန္းကားနဲ ့ လမ္းခရီးတစ္ေလွ်ာက္လုံး အေအးေပးၿပီး သယ္သြားမွာပါ။ ေရွ႕တစ္ေခါက္က ဖမ္းမိတဲ့ လိပ္ေတြကို ေလယာဥ္နဲ ့ သယ္ခဲ့ေပမဲ့ လမ္းခရီးတစ္ေလွ်ာက္လုံးမွာ သူတို ့ ေနႏို္င္တဲ့ အပူခ်ိန္ကို မထားေပးႏိုင္တဲ့အတြက္ ဒီတစ္ေခါက္မွာ အခုလို ကားနဲ ့သယ္ဖို ့ စီစဥ္လိုက္တာပါ။ ကၽြန္ေတာ္တို ့ ဒီမွာထားတုန္းကလည္း သူတို ့ေတြ က်န္းမာဖို ့အတြက္ ေဆးထိုးေပးၿပီးေတာ့ အခန္းငွားထားၿပီး အၿမဲတမ္း အဲယားကြန္းဖြင့့္ေပးၿပီး ထားထားရပါတယ္"ဟု တာခ်ီလိတ္ခရိုင္ သစ္ေတာဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမ်ိဳးလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။

သစ္ေတာဦးစီးဌာနမွ လိပ္မ်ားကို ဥပေဒႏွစ္မ်ိဳးျဖင့္ ကာကြယ္ထားရွိၿပီး လုံး၀ကာကြယ္ထားသည့္ လိပ္ကို ဖမ္းဆီး၊ လက္၀ယ္ထားရွိလွ်င္ ေထာင္ဒဏ္(၇)ႏွစ္ႏွင့္ က်ပ္(၅၀၀၀၀)၊ သာမန္ကာကြယ္ထားသည့္လိပ္ကို ဖမ္းဆီး၊ လက္၀ယ္ထားရွိလွ်င္ ေထာက္ဒဏ္(၅)ႏွစ္ ႏွင့္ က်ပ္(၃၀၀၀၀) အထိ အေရးယူႏိုင္ျပီး လိပ္ၾကက္တူေရြးမ်ားမွာ လုံး၀ကာကြယ္ထားသည့္ လိပ္မ်ိဳးစိတ္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၆ခုႏွစ္ ႏို၀င္ဘာလ(၂)ရက္ေန႔က တာခ်ီလိတ္တြင္ ဖမ္းဆီးရရိွထားေသာ လိပ္(၈၅၃)ေကာင္တြင္ (၇၁)ေကာင္ေသဆုံးသြားခဲ့ၿပီး၊ အသက္ရွင္က်န္ရိွသည့္ လိပ္(၇၈၂)ေကာင္ကို ေနာင္ခ်ိဳၿမိဳ႕နယ္ ဘန္ ့ ေဘြးလိပ္ထိန္းသိမ္းေရးစခန္းသို ့ လႊဲေျပာင္းေပးအပ္ခဲ့ဖူးေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု #ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် တရားမဝင်မွေးမြူထားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် လိပ်ကြက်တူရွေး (၃၄၂)ကောင်အား ဘန့်ဘွေးလိပ်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်မည့် တာဝန်ရှိသူများထံ အောက်တိုဘာလ (၃၁)ရက်နေ့တွင် ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနက လွှဲပြောင်းပေးလိုက်သည်။

အဆိုပါ လိပ်များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့နယ်ရှိ ဘန့်ဘွေးလိပ်ထိန်းသိမ်းရေးစခန်းသို့ မြန်မာနိုင်ငံသားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)နှင့် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့(TSA) တို့မှ တာဝန်ရှိသူများက ပို့ဆောင်ပေးမည်ဖြစ်သည်။

"လိပ်ကြက်တူရွေးတွေဟာ ထုံးကျောက်တောင်တွေမှာပဲ အနေများတဲ့ အတွက် ဒီဒေသဝန်းကျင်မှာပဲ နေထိုင်တဲ့ လိပ်တွဖြေစ်ပါတယ်။ ထုံးကျောက်တောင်တွေ ရှိတဲ့ မိုင်းတုံတို့၊ မိုင်းဆတ်တို့က လိပ်တွေပါ။ ဒီလိပ်တွေရဲ့လှပမှုရယ် ဖွတ်နဲ့တူတယ်၊ ထူးဆန်းတယ်ဆိုပြီးတော့ တရုတ်ပြည်က ဝယ်သလို ဒီလိပ်တွေက အထီးနှစ်ကောင်ရှိရင် တစ်ကောင်နဲ့ တစ်ကောင်သတ်ကြတဲ့အတွက် တရုတ်ပြည်မှာ အထီးအချင်းချင်း တိုက်ခိုင်းတာတွေ လုပ်တဲ့အတွက် သူတို့တွေက ကျွန်မတို့ဆီက ဝယ်နေတာဖြစ်ပါတယ်။ ပြီးတော့ လိပ်ကြက်တူရွေးတွေက သူတို့ဆီမှာလည်း ရှိတယ်။ ဒါပေမဲ့ သူတို့ဆီမှာက မျိုးပြုန်းနပြေီဖြစ်တဲ့အတွက် သူတို့က တာချီလိတ်ကို အဓိကအနေနဲ့ ပစ်မှတ်ထားပြီးတော့ လိပ်အကောင်အရေအတွက် အများကြီးကို မှောင်ခိုဈေးကွက်တွေကနေတစ်ဆင့် ဝယ်နေတာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ (TSA)မှ ဒါရိုက်တာ ဒေါက်တာ ဒေါ်ကလျာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လိပ်များမှာ လူများကဲ့သို့ ကြေညက်အောင် ဝါးစားနိုင်သည့် အံသွားများ မပါသည့်အတွက် အသီးများကို စားသုံးကာ အသီးများ၏ အစေ့များကို မစင်အဖြစ်စွန့်၍ သစ်ပင်များကို စိုက်ပျိုးပေးနခြေင်းဖြစ်ပြီး လိပ်ကြက်တူရွေးများမှာ အခြားသောလိပ်များထက် အားအင်ရှိသည့်အတွက် ထုံးကျောက်တောင်များ၊ ချောက်ကမ်းပါးများ၊ ရေတံခွန်များ မပြိုကျစေရန် အပင်များစိုက်ပျိုးကာ ထိန်းသိမ်းပေးသည့် လိပ်များဖြစ်သည့် အပြင် ရေချောင်းများအတွင်းမှ ရေညှိ၊ ရေမှော်နှင့် အညစ်အကြေးများကိုလည်း စားသုံးပေးနေသည့်အတွက် ဂေဟဗေဒစနစ်ကို အကျိုးပြုနေသည့် လိပ်မျိုးစိတ်ဖြစ်ကြောင်း သိရသည်။

"ဒီတစ်ခေါက် ဖမ်းဆီးရမိတဲ့ လိပ်တွေအကုန်လုံး ကျန်းမာသန်စွမ်းကြပါတယ်။ တစ်ကောင်မှ သေဆုံးသွားတာ မရှိပါဘူး။ ဒီလိပ်တွေကို ကားနဲ့ နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ ဘန့်ဘွေး လိပ်ထိန်းသိမ်းရေးစခန်းကို သယ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် ကျွန်မနဲ့ အတူပါလာတဲ့ ဆရာဝန်နဲ့ ဒီက သစ်တောဝန်ထမ်းတွေ ပူးပေါင်းပြီးတော့ လိုအပ်တဲ့ အားဆေးတွေကို (၂)ရက်လောက်အထိ အချိန်ယူပြီး ထိုးပေးထားပါတယ်"ဟု၎င်းကဆက်ပြောသည်။

တာချီလိတ်မြို့မှ သယ်ဆောင်သွားသော လိပ်ကြက်တူရွေးများကို ဘန့်ဘွေးလိပ်ထိန်းသိမ်းရေးစခန်းတွင် နိုင်ငံခြားသား ဆရာဝန်များနှင့် ပူးပေါင်းကာ ကုသမှုများ၊ ပြန်လည်သန်စွမ်းလာရေး ဆောင်ရွက်ချက်များနှင့် မျိုးပွားခြင်းလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ကာ ယင်းလိပ်များနှင့် သင့်လျော်သော အပူချိန်၊ နေရာဒေသများတွင်ရှိသည့် သဘာဝဘေးမဲ့တောများတွင် ပြန်လည် လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

" ဒီလိပ်တွေက အအေးကြိုက်တဲ့အတွက် အဲယားကွန်းကားနဲ့ လမ်းခရီးတစ်လျှောက်လုံး အအေးပေးပြီး သယ်သွားမှာပါ။ ရှေ့တစ်ခေါက်က ဖမ်းမိတဲ့ လိပ်တွေကို လေယာဉ်နဲ့ သယ်ခဲ့ပေမဲ့ လမ်းခရီးတစ်လျှောက်လုံးမှာ သူတို့ နေနို်င်တဲ့ အပူချိန်ကို မထားပေးနိုင်တဲ့အတွက် ဒီတစ်ခေါက်မှာ အခုလို ကားနဲ့သယ်ဖို့ စီစဉ်လိုက်တာပါ။ ကျွန်တော်တို့ ဒီမှာထားတုန်းကလည်း သူတို့တွေ ကျန်းမာဖို့အတွက် ဆေးထိုးပေးပြီးတော့ အခန်းငှါးထားပြီး အမြဲတမ်း အဲယားကွန်းဖွင့်ပေးပြီး ထားထားရပါတယ်"ဟု တာချီလိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သစ်တောဦးစီးဌာနမှ လိပ်များကို ဥပဒေနှစ်မျိုးဖြင့် ကာကွယ်ထားရှိပြီး လုံးဝကာကွယ်ထားသည့် လိပ်ကို ဖမ်းဆီး၊ လက်ဝယ်ထားရှိလျှင် ထောင်ဒဏ်(၇)နှစ်နှင့် ကျပ်(၅၀၀၀၀)၊ သာမန်ကာကွယ်ထားသည့်လိပ်ကို ဖမ်းဆီး၊ လက်ဝယ်ထားရှိလျှင် ထောက်ဒဏ်(၅)နှစ် နှင့် ကျပ်(၃၀၀၀၀) အထိ အရေးယူနိုင်ပြီး လိပ်ကြက်တူရွေးများမှာ လုံးဝကာကွယ်ထားသည့် လိပ်မျိုးစိတ်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့က တာချီလိတ်တွင် ဖမ်းဆီးရရှိထားသော လိပ်(၈၅၃)ကောင်တွင် (၇၁)ကောင်သေဆုံးသွားခဲ့ပြီး၊ အသက်ရှင်ကျန်ရှိသည့် လိပ်(၇၈၂)ကောင်ကို နောင်ချိုမြို့နယ် ဘန့် ဘွေးလိပ်ထိန်းသိမ်းရေးစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ဖူးကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~