လားရိႈးတြင္ လူမရိွသည့္ေနအိမ္တစ္အိမ္ မီးေလာင္မႈျဖစ္ပြားၿပီး ေနအိမ္ပိုင္ရွင္အား အမႈဖြင့္ထား

လားရိႈးတြင္ လူမရိွသည့္ေနအိမ္တစ္အိမ္ မီးေလာင္မႈျဖစ္ပြားၿပီး ေနအိမ္ပိုင္ရွင္အား အမႈဖြင့္ထား
အောက်တိုဘာ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ရပ္ကြက္(၄) နယ္ေျမ(၁၅)တြင္ ေအာက္တိုဘာလ ( ၂၇ ) ရက္ေန႔ ေန႔လယ္(၁၂)နာရီ(၁၅)မိနစ္ခန္႔က မီးေလာင္မႈျဖစ္ပြားရာ ေနအိမ္တစ္လံုးမီးေလာင္ဆံုးရႈံးခဲ့ရၿပီး ေနအိမ္ပိုင္ရွင္အား လားရိႈးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

“ေနအိမ္ပိုင္ရွင္ကေတာ့ ကားဂိတ္ ဂိတ္မွဴးတစ္ေယာက္ပဲ။ သူကအိမ္မွာမရွိဘူး။ မီးေလာင္မႈျဖစ္ေတာ့ ေနအိမ္မွာ ဘယ္သူမွမရွိဘူးလို႔ေျပာတယ္။ ေဘးပတ္ဝန္းက်င္က ျပည္သူေတြရယ္ မီးသတ္ရယ္ ဝိုင္းႃငွိမ္းလိုက္တာ (၁၂) နာရီ ခြဲေလာက္မွာ မီးၿငိမ္းသြားတယ္။ ေလာင္တဲ့အိမ္ကေတာ့ အတြင္းထဲကပရိေဘာဂ ပစၥည္းေတြအကုန္ပါသြားတယ္”ဟု မီးေလာင္မႈျဖစ္ပြားရာသို႔ ေရာက္ရွိခဲ့သူတစ္ဦးက ေျပာသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ လားရိႈးၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္ကား(၅)စီးႏွင့္ မီးသတ္တပ္ဖြဲ႔ဝင္မ်ား ေရာက္ရွိ ႃငွိမ္းသတ္ခဲ့ၿပီး မီးေလာင္သည့္ေနအိမ္ေဘးပတ္ဝန္းက်င္တြင္ ေနထိုင္သူမ်ားလည္း ဝိုင္းဝန္းႃငွိမ္းသတ္ခဲ့သည့္ အတြက္ အခ်ိန္ (၁၅) မိနစ္ခန္႔သာ ေလာင္ကၽြမ္းခဲ့ေသာ္လည္း ေနအိမ္အတြင္းရွိ အသံုးအေဆာင္ပစၥည္းမ်ားႏွင့္ ပရိေဘာဂပစၥည္းမ်ား ပ်က္စီးဆံုးရႈံးခဲ့ေၾကာင္း သိရသည္။

လ်ွပ္စစ္မီးဘုတ္ခံုအပူလြန္ကဲမႈေၾကာင့္ မီးေလာင္ကၽြမ္းျခင္းျဖစ္ေၾကာင္း မီးသတ္စခန္းမွ စစ္ေဆးေတြ႔ရွိထားေၾကာင္း သိရသည္။

ေနအိမ္ပိုင္ရွင္ ျဖစ္သူ ဦးဘခ်ိဳ အား လားရိႈးၿမိဳ႕မရဲစခန္းတြင္ (ပ)၃၅၆/၂၀၁၇၊ ပုဒ္မ-၂၈၅ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ကိုေနမ်ဳိး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက်(၄) နယ်မြေ(၁၅)တွင် အောက်တိုဘာလ ( ၂၇ ) ရက်နေ့ နေ့လယ်(၁၂)နာရီ(၁၅)မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး နေအိမ်ပိုင်ရှင်အား လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

“နေအိမ်ပိုင်ရှင်ကတော့ ကားဂိတ် ဂိတ်မှူးတစ်ယောက်ပဲ။ သူကအိမ်မှာမရှိဘူး။ မီးလောင်မှုဖြစ်တော့ နေအိမ်မှာ ဘယ်သူမှမရှိဘူးလို့ပြောတယ်။ ဘေးပတ်ဝန်းကျင်က ပြည်သူတွေရယ် မီးသတ်ရယ် ဝိုင်းငြှိမ်းလိုက်တာ (၁၂) နာရီ ခွဲလောက်မှာ မီးငြိမ်းသွားတယ်။ လောင်တဲ့အိမ်ကတော့ အတွင်းထဲကပရိဘောဂ ပစ္စည်းတွေအကုန်ပါသွားတယ်”ဟု မီးလောင်မှုဖြစ်ပွားရာသို့ ရောက်ရှိခဲ့သူတစ်ဦးက ပြောသည်။

မီးလောင်မှုဖြစ်ပွားရာသို့ လားရှိုးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ကား(၅)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိ ငြှိမ်းသတ်ခဲ့ပြီး မီးလောင်သည့်နေအိမ်ဘေးပတ်ဝန်းကျင်တွင် နေထိုင်သူများလည်း ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည့် အတွက် အချိန် (၁၅) မိနစ်ခန့်သာ လောင်ကျွမ်းခဲ့သော်လည်း နေအိမ်အတွင်းရှိ အသုံးအဆောင်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

လျှပ်စစ်မီးဘုတ်ခုံအပူလွန်ကဲမှုကြောင့် မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်စခန်းမှ စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

နေအိမ်ပိုင်ရှင် ဖြစ်သူ ဦးဘချို အား လားရှိုးမြို့မရဲစခန်းတွင် (ပ)၃၅၆/၂၀၁၇၊ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ္ပံု - ကိုေနမ်ဳိး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~