လားရိႈးတြင္ဖြင့္လွစ္မည့္ ပညာဒါနစာရင္းကိုင္သင္တန္းအတြက္ ႀကိဳတင္စာရင္းေပးသြင္းႏိုင္

လားရိႈးတြင္ဖြင့္လွစ္မည့္ ပညာဒါနစာရင္းကိုင္သင္တန္းအတြက္ ႀကိဳတင္စာရင္းေပးသြင္းႏိုင္
အောက်တိုဘာ 20, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ တကၠသိုလ္ဝင္တန္းေအာင္ၿပီးသူမ်ားအတြက္  စာရင္းကိုင္သင္တန္းကို ဒီဇင္ဘာလအတြင္း ပညာဒါနအျဖစ္ ဖြင့္လွစ္ေပးမည္ျဖစ္၍ စာရင္းေပးသြင္းႏုိင္ၿပီျဖစ္ေၾကာငး္ သိရသည္။

အဆိုပါသင္တန္းအား လားရႈိးတကၠသိုလ္အနီး စြန္းလြန္းဘုန္းေတာ္ႀကီးေက်ာင္းတြင္ ဖြင့္လွစ္မည္ျဖစ္ၿပီး လားရိႈးၿမိဳ႕နယ္ ဓမၼစကူးလ္ေကာ္မတီႏွင့္ Nyein Chan LCCI Training Center တို႔ပူးေပါင္း စီစဥ္ျခင္းျဖစ္ေၾကာင္း သိရသည္။

“အဓိကရည္ရြယ္တာကေတာ့ စာရင္းကိုင္သင္တန္းကို တက္ခ်င္ေပမဲ့ အခက္အခဲရွိေနတဲ့ လူငယ္ေတြကို ပညာဒါနအေနနဲ႔ သင္ၾကားေပးခ်င္တာျဖစ္ပါတယ္။ အခုေလာေလာဆယ္ ဖုန္းနဲ႔ႀကိဳၿပီးေတာ့ စာရင္းသြင္း ထားႏိုင္ပါတယ္။ သင္တန္းမွာ ႏိုင္ငံတကာစာရင္းကိုင္ ဒီပလိုမာသင္တန္း သင္ခန္းစာေတြကို သင္ၾကားေပးမွာ ျဖစ္ပါတယ္။ သင္တန္းေၾကး အလြတ္ပါ။ အခ်ိန္ကေတာ့ (၃) လေလာက္ သင္ၾကားေပးမွာျဖစ္ပါတယ္” ဟု Nyein Chan Training Center မွ Training Manager ဦးညီညီၿငိမ္းခ်မ္း က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သင္တန္းဖြင့္လွစ္ႏုိင္ေရးအတြက္ လားရႈိးၿမဳိ႕နယ္ ဓမၼစကူးလ္ေကာ္မတီက သင္တန္းခန္းမႏွင့္ စာအုပ္ စာတမ္းမ်ား  ပံ့ပိုးေပးမည္ျဖစ္ၿပီး Nyein Chan Training Center မွ သင္တန္းပို႔ခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။

“ေလာေလာဆယ္လည္း သင္တန္းေၾကးမတတ္ႏိုင္သူေတြကို အခုသင္ၾကားေပးေနတဲ့ သင္တန္းခ်ိန္ေတြမွာ ၾကားညွပ္ၿပီး အခမဲ့သင္ၾကားေပးေနပါတယ္။ အခုတက္ခ်င္သူေတြလည္း ဆက္သြယ္ႏိုင္ပါတယ္။ စာေမးပြဲေျဖတဲ့ အခ်ိန္မွသာ စာအုပ္ဖိုးအနည္းငယ္သာ ကုန္က်မွာျဖစ္ပါတယ္။ level (1) နဲ႔ (2) သင္ေပးမွာ ျဖစ္တဲ့အတြက္ ကိုယ့္ဘာသာကိုယ္လည္း level 3 ကို ဆက္တက္ခ်င္တယ္ဆိုရပါတယ္။ ဒီက သင္တန္းဆင္းလက္မွတ္နဲ႔ ေထာက္ခံခ်က္ရရွိသြားရင္ လူငယ္ေတြအတြက္ အလုပ္ခြင္ဝင္လို႔ ရၿပီ ျဖစ္ပါတယ္” ဟု ဦးညီညီၿငိမ္းခ်မ္းက ေျပာသည္။

သင္တန္းတက္ေရာက္လိုသူမ်ားအေနျဖင့္ အနိမ့္ဆံုးပညာအရည္အခ်င္း တကၠသိုလ္ဝင္တန္းေအာင္ ျဖစ္ရမည္ျဖစ္ၿပီး
သင္တန္းတက္ေရာက္လိုပါက ဖုန္းျဖင့္ ႀကိဳတင္စာရင္းေပးသြင္းကာ  ဒီဇင္ဘာလ (၂) ရက္ေန႔တြင္ ၿမိဳ႕မဘုန္းေတာ္ႀကီးေက်ာင္းသို႔ လူကိုယ္တိုင္ လာေရာက္စာရင္းေပးသြင္းရမည္ ျဖစ္ေၾကာင္း သိရသည္။

စာရင္းကိုင္ပညာဒါနသင္တန္းအား၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ (၂၃) ရက္ေန႔ကဖြင့္လွစ္ခဲ့ရာ သင္န္းသား (၅၀) ခန္႔ရွိခဲ့ေၾကာင္း သိရသည္။
ပညာဒါန စာရင္းကိုင္သင္တန္းတက္ေရာက္လိုသူမ်ားအေနျဖင့္ ဖုန္း- ၀၉ ၄၀၃၇၀၁၇၃၅၊  ၀၉ ၅၀၁၂၂၇၈၊  ၀၉ ၄၀၃၇၃၂၀၀၃ ႏွင့္ ၀၉ ၇၈၉၉၃၉၂၆၉ မ်ားသို႔႔ ဆက္သြယ္၍ ႀကိဳတင္စာရင္းေပးသြင္းထားႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးတွင်ဖွင့်လှစ်မည့် ပညာဒါနစာရင်းကိုင်သင်တန်းအတွက် ကြိုတင်စာရင်းပေးသွင်းနိုင်
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် တက္ကသိုလ်ဝင်တန်းအောင်ပြီးသူများအတွက်  စာရင်းကိုင်သင်တန်းကို ဒီဇင်ဘာလအတွင်း ပညာဒါနအဖြစ် ဖွင့်လှစ်ပေးမည်ဖြစ်၍ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောငး် သိရသည်။

အဆိုပါသင်တန်းအား လားရှိုးတက္ကသိုလ်အနီး စွန်းလွန်းဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး လားရှိုးမြို့နယ် ဓမ္မစကူးလ်ကော်မတီနှင့် Nyein Chan LCCI Training Center တို့ပူးပေါင်း စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကရည်ရွယ်တာကတော့ စာရင်းကိုင်သင်တန်းကို တက်ချင်ပေမဲ့ အခက်အခဲရှိနေတဲ့ လူငယ်တွေကို ပညာဒါနအနေနဲ့ သင်ကြားပေးချင်တာဖြစ်ပါတယ်။ အခုလောလောဆယ် ဖုန်းနဲ့ကြိုပြီးတော့ စာရင်းသွင်း ထားနိုင်ပါတယ်။ သင်တန်းမှာ နိုင်ငံတကာစာရင်းကိုင် ဒီပလိုမာသင်တန်း သင်ခန်းစာတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းကြေး အလွတ်ပါ။ အချိန်ကတော့ (၃) လလောက် သင်ကြားပေးမှာဖြစ်ပါတယ်” ဟု Nyein Chan Training Center မှ Training Manager ဦးညီညီငြိမ်းချမ်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် လားရှိုးမြို့နယ် ဓမ္မစကူးလ်ကော်မတီက သင်တန်းခန်းမနှင့် စာအုပ် စာတမ်းများ  ပံ့ပိုးပေးမည်ဖြစ်ပြီး Nyein Chan Training Center မှ သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

“လောလောဆယ်လည်း သင်တန်းကြေးမတတ်နိုင်သူတွေကို အခုသင်ကြားပေးနေတဲ့ သင်တန်းချိန်တွေမှာ ကြားညှပ်ပြီး အခမဲ့သင်ကြားပေးနေပါတယ်။ အခုတက်ချင်သူတွေလည်း ဆက်သွယ်နိုင်ပါတယ်။ စာမေးပွဲဖြေတဲ့ အချိန်မှသာ စာအုပ်ဖိုးအနည်းငယ်သာ ကုန်ကျမှာဖြစ်ပါတယ်။ level (1) နဲ့ (2) သင်ပေးမှာ ဖြစ်တဲ့အတွက် ကိုယ့်ဘာသာကိုယ်လည်း level 3 ကို ဆက်တက်ချင်တယ်ဆိုရပါတယ်။ ဒီက သင်တန်းဆင်းလက်မှတ်နဲ့ ထောက်ခံချက်ရရှိသွားရင် လူငယ်တွေအတွက် အလုပ်ခွင်ဝင်လို့ ရပြီ ဖြစ်ပါတယ်” ဟု ဦးညီညီငြိမ်းချမ်းက ပြောသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် အနိမ့်ဆုံးပညာအရည်အချင်း တက္ကသိုလ်ဝင်တန်းအောင် ဖြစ်ရမည်ဖြစ်ပြီး
သင်တန်းတက်ရောက်လိုပါက ဖုန်းဖြင့် ကြိုတင်စာရင်းပေးသွင်းကာ  ဒီဇင်ဘာလ (၂) ရက်နေ့တွင် မြို့မဘုန်းတော်ကြီးကျောင်းသို့ လူကိုယ်တိုင် လာရောက်စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

စာရင်းကိုင်ပညာဒါနသင်တန်းအား၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့ကဖွင့်လှစ်ခဲ့ရာ သင်န်းသား (၅၀) ခန့်ရှိခဲ့ကြောင်း သိရသည်။
ပညာဒါန စာရင်းကိုင်သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဖုန်း- ၀၉ ၄၀၃၇၀၁၇၃၅၊  ၀၉ ၅၀၁၂၂၇၈၊  ၀၉ ၄၀၃၇၃၂၀၀၃ နှင့် ၀၉ ရ၈၉၉၃၉၂၆၉ များသို့့ ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~