တာလေမြို့ မိုင်းလင်း(ရှေ့)တွင် ကဖင်းများ ဖမ်းဆီးရမိ၊ ထွက်ပြေးသွားသည့် ပိုင်ရှင်ဆိုသူအား ပိတ်ဆို့ဖမ်းဆီး

တာလေမြို့ မိုင်းလင်း(ရှေ့)တွင် ကဖင်းများ ဖမ်းဆီးရမိ၊ ထွက်ပြေးသွားသည့် ပိုင်ရှင်ဆိုသူအား ပိတ်ဆို့ဖမ်းဆီး
အောကျတိုဘာ 4, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စု ၀ိန်းလမ်းရွာ လမ်းပေါ်တွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရေး ပြုလုပ်နေစဉ် ကဖင်းများကို ဖမ်းဆီး သိမ်းဆည်းရမိပြီး စစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားသည့် မော်တော်ယာဉ်အား ပိတ်ဆို့ ဖမ်းဆီးရာမှ ပိုင်ရှင်ဆိုသူအား ဖမ်းဆီးရမိလိုက်ကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

တာလေမြို့ အမှတ်(၃၁၆)ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် မိုင်းလင်းနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်အချိန်က တာလေမြို့၊ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စု ၀ိန်းလမ်းရွာ၊ ကိုရင်လေးဘုန်းကြီးကျောင်းရှေ့တွင် ကျိုင်းလပ်ဘက်မှ တာလေဘက်သို့ မောင်းနှင်လာသော ယာဉ်များအား ရပ်တန့်စစ်ဆေးရှာဖွေမှုများ ပြုလုပ်ရာမှ ဖမ်းဆီး သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။


ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးမှု ပြုလုပ်နေစဉ်တွင် ရုဒ(ကျား) မောင်းနှင်လာသည့် Vigo အမျိုးအစား မော်တော်ယာဉ်၏ ရှေ့မှ ကပ်လျက် မောင်းနှင်လာသော မော်တော်ယာဉ်အား စစ်ဆေးရန်အတွက် ရပ်တန့်စေရာ အဆိုပါ ယာဉ်သည် ရပ်တန့်ခြင်း မပြုဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ထွက်ပြေး သွားသည့် ယာဉ်အား ဖမ်းဆီးရေးအဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးပေးရန်အတွက် ဖုန်းဖြင့် ချိတ်ဆက်ခဲ့ရာ အဆိုပါ ယာဉ်နှင့်အတူ ကဖင်းများ၏ ပိုင်ရှင်ဆိုသူ ကျကျိုးအား တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ တောင်သုံးလုံးစခန်းရှေ့တွင် ခမရ(၃၁၆)မှ တပ်ဖွဲ့ဝင်များက ပိတ်ဆို့ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့မှသိရသည်။


သတင်း - စိုင်းဇေယျာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ တာလမြေို့၊ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စု ဝိန်းလမ်းရွာ လမ်းပေါ်တွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရေး ပြုလုပ်နေစဉ် ကဖင်းများကို ဖမ်းဆီး သိမ်းဆည်းရမိပြီး စစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားသည့် မော်တော်ယာဉ်အား ပိတ်ဆို့ ဖမ်းဆီးရာမှ ပိုင်ရှင်ဆိုသူအား ဖမ်းဆီးရမိလိုက်ကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

တာလမြေို့ အမှတ်(၃၁၆)ခြမြေန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် မိုင်းလင်းနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်အချိန်က တာလမြေို့၊ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စု ဝိန်းလမ်းရွာ၊ ကိုရင်လေးဘုန်းကြီးကျောင်းရှေ့တွင် ကျိုင်းလပ်ဘက်မှ တာလေဘက်သို့ မောင်းနှင်လာသော ယာဉ်များအား ရပ်တန့်စစ်ဆေးရှာဖွေမှုများ ပြုလုပ်ရာမှ ဖမ်းဆီး သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့သည် အဆိုပါ လမ်းပေါ်တွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ရုဒ(ကျား) မောင်းနှင်လာသည့် Vigo အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်၏ နောက်ခန်းအတွင်းမှ ဆာလာအိတ် များဖြင့် ထည့်ထားပြီး ဆာလာအိတ်တစ်အိတ်လျှင် အလေးချိန် (၂၅)ကီလိုဝန်းကျင်ရှိသည့် ကဖင်း စုစုပေါင်း (၃၀)အိတ် နှင့် ယာဉ်အလယ်ခန်းမှ (၁၀)အိတ် စုစုပေါကဖင်း အိတ်(၄၀)အား ဖမ်းဆီးသိမ်းဆည်းရမိရာ ကဖင်းစုစုပေါင်းအလေးချိန်မှာ ကီလို(၁၀၀၀)ဝန်းကျင်ရှိကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးမှု ပြုလုပ်နေစဉ်တွင် ရုဒ(ကျား) မောင်းနှင်လာသည့် Vigo အမျိုးအစား မော်တော်ယာဉ်၏ ရှေ့မှ ကပ်လျက် မောင်းနှင်လာသော မော်တော်ယာဉ်အား စစ်ဆေးရန်အတွက် ရပ်တန့်စေရာ အဆိုပါ ယာဉ်သည် ရပ်တန့်ခြင်း မပြုဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ထွက်ပြေး သွားသည့် ယာဉ်အား ဖမ်းဆီးရေးအဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးပေးရန်အတွက် ဖုန်းဖြင့် ချိတ်ဆက်ခဲ့ရာ အဆိုပါ ယာဉ်နှင့်အတူ ကဖင်းများ၏ ပိုင်ရှင်ဆိုသူ ကျကျိုးအား တာလမြေို့၊ နားယောင်းကျေးရွာအုပ်စု၊ တောင်သုံးလုံးစခန်းရှေ့တွင် ခမရ(၃၁၆)မှ တပ်ဖွဲ့ဝင်များက ပိတ်ဆို့ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကဖင်းများနှင့်အတူ ဖမ်းဆီးရမိသည့် ကျကျိုး နှင့် ရုဒ တို့ နှစ်ဦးအား မိုင်းလင်းနယ်မြေရဲစခန်းတွင် မူးယစ်(ပ)၁/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~