ကျိုင်းတုံမြို့တွင်း ရေပေးဝေရေးအတွက် ကျပ်သိန်းပေါင်း (၃၀၀၀)ကျော် ကုန်ကျမည့် ၁၁ မိုင်ရေပေးဝေရေးစီမံကိန်းကို ပြည်နယ်အစိုးရထံ တင်ပြထား

ကျိုင်းတုံမြို့တွင်း ရေပေးဝေရေးအတွက် ကျပ်သိန်းပေါင်း (၃၀၀၀)ကျော် ကုန်ကျမည့် ၁၁ မိုင်ရေပေးဝေရေးစီမံကိန်းကို ပြည်နယ်အစိုးရထံ တင်ပြထား
အောက်တိုဘာ 5, 2017
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့နယ် စည်ပင်ယာယာရေးဌာနက မြို့တွင်းရေပေးဝေရေး အတွက် ကျပ်သိန်းပေါင်း (၃၀၀၀)ကျော်ကုန်ကျမည့် မြို့နှင့် (၈)မိုင်ခန့်အကွာရှိ (၁၁)မိုင်ရေတံခွန်မှ ရေသွယ်ယူရေး စီမံကိန်းအား ရှမ်းပြည်နယ်အစိုးရထံ တင်ပြထားကြောင်း သိရသည်။

"ကျိုင်းတုံမြို့မှာ ရေလိုအပ်ချက်က မြို့လူထု အရေအတွက်နဲ့  တွက်ရင်တော့ အများကြီးပေါ့။ ဒါပေမဲ့ စည်ပင်က ရေကိုတော့ အိမ်တိုင်းက မယူကြဘူးပေါ့။ မယူဘူးဆိုတာကလည်း တချို့အိမ်တွေမှာလည်း ရေတွင်းတွေက ရှိနေတာကိုး။ ဒါကြောင့် ရေအခက်အခဲ ဖြစ်နေတဲ့ ရပ်ကွက်(၁)ကပဲ ရေယူတာများတယ်။ ကျန်တဲ့ ရပ်ကွက်တွေကတော့ ရေထွက်တဲ့အတွက် ကိုယ်ပိုင်ရေတွင်းလေးတွေ ရှိကြပါတယ်"ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးမြင့်ကျော်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ရေပေးဝေရေး အတွက် မြို့နှင့်(၈)မိုင်ခန့်ဝေးသည့်နေရာတွင် ရေစုကန်ပြုလုပ်ကာ ချောင်းနှစ်ချောင်းမှ ရေစုကာ ဖြန့်ဝေပေးနေခြင်းဖြစ်ရာ မိုးရွာသည့်အချိန်များတွင် ရေနောက်သည့်အတွက် အဆိုပါ စီမံကိန်းအား ထပ်တိုးရန် တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းလုပ်ဆောင်မည့် (၁၁)မိုင်ရေတံခွန်နှင့် လက်ရှိရေပေးဝေနေသည့် (၈)မိုင်ရေစုကန်များသို့  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ ကျိုင်းတုံမြို့ခရီးစဉ်အတွင်း ကွင်းဆင်း စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့နယ် စည်ပင်ယာယာရေးဌာနက မြို့တွင်းရေပေးဝေရေး အတွက် ကျပ်သိန်းပေါင်း (၃၀၀၀)ကျော်ကုန်ကျမည့် မြို့နှင့် (၈)မိုင်ခန့်အကွာရှိ (၁၁)မိုင်ရေတံခွန်မှ ရေသွယ်ယူရေး စီမံကိန်းအား ရှမ်းပြည်နယ်အစိုးရထံ တင်ပြထားကြောင်း သိရသည်။

"ကျိုင်းတုံမြို့မှာ ရေလိုအပ်ချက်က မြို့လူထု အရေအတွက်နဲ့  တွက်ရင်တော့ အများကြီးပေါ့။ ဒါပေမဲ့ စည်ပင်က ရေကိုတော့ အိမ်တိုင်းက မယူကြဘူးပေါ့။ မယူဘူးဆိုတာကလည်း တချို့အိမ်တွေမှာလည်း ရေတွင်းတွေက ရှိနေတာကိုး။ ဒါကြောင့် ရေအခက်အခဲ ဖြစ်နေတဲ့ ရပ်ကွက်(၁)ကပဲ ရေယူတာများတယ်။ ကျန်တဲ့ ရပ်ကွက်တွေကတော့ ရေထွက်တဲ့အတွက် ကိုယ်ပိုင်ရေတွင်းလေးတွေ ရှိကြပါတယ်"ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးမြင့်ကျော်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ရေပေးဝေရေး အတွက် မြို့နှင့်(၈)မိုင်ခန့်ဝေးသည့်နေရာတွင် ရေစုကန်ပြုလုပ်ကာ ချောင်းနှစ်ချောင်းမှ ရေစုကာ ဖြန့်ဝေပေးနေခြင်းဖြစ်ရာ မိုးရွာသည့်အချိန်များတွင် ရေနောက်သည့်အတွက် အဆိုပါ စီမံကိန်းအား ထပ်တိုးရန် တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းလုပ်ဆောင်မည့် (၁၁)မိုင်ရေတံခွန်နှင့် လက်ရှိရေပေးဝေနေသည့် (၈)မိုင်ရေစုကန်များသို့  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ ကျိုင်းတုံမြို့ခရီးစဉ်အတွင်း ကွင်းဆင်း စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~