ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါကာကြယ္ေဆးအေၾကာင္း တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္းမွ တာဝန္ရိွသူမ်ား၏ ေျဖၾကားခ်က္မ်ား

ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါကာကြယ္ေဆးအေၾကာင္း တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္းမွ တာဝန္ရိွသူမ်ား၏ ေျဖၾကားခ်က္မ်ား
အောက်တိုဘာ 31, 2017
By 🌸
ဂ်ပန္ဦးေႏွာက္ေရာင္ကာကြယ္ေဆးထိုးအစီအစဥ္ႏွင့္ပတ္သက္သည့္ ေမးခြန္းမ်ားကို က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၊ တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္းမွ တာဝန္ရိွသူမ်ားက ေျဖၾကားေပးထားသည္မ်ားကို တာခ်ီလိတ္သတင္းေအဂ်င္စီက ျပန္လည္ေဖၚျပေပးပါသည္။

ေသဆုံးမႈႏႈန္းမ်ားသည့္အျပင္ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား ျပင္းထန္စြာျဖစ္ပြားတတ္သည့္ ဂ်ပန္ ဦးေႏွာက္ေရာင္ေရာဂါအတြက္ ကာကြယ္ေဆးကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက လုပ္ေဆာင္ေနသည့္ အသက္(၅)ႏွစ္ ေအာက္ကေလးမ်ားအတြက္ ပုံမွန္ကာကြယ္ေဆးထိုး အစီအစဥ္၏ ကာကြယ္ေဆး (၁၀)မ်ိဳးတြင္ ထည့္သြင္းထားျခင္းမရိွေသးသည့္အတြက္ တိုးခ်ဲ႕ကာကြယ္ေဆးထိုးအစီအစဥ္ျဖင့္ ထိုးႏွံေပးသြားမည္ျဖစ္သည္။

အဆိုပါကာကြယ္ေဆးအား အသက္ (၉) လမွ (၁၅)ႏွစ္အ႐ြယ္ ကေလး (၁၄) သန္းခန္႔ကို ၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၅) ရက္မွ (၂၃) ရက္အတြင္း ေက်ာင္းအေျချပဳကာကြယ္ေဆးထိုး လုပ္ငန္းအစီအစဥ္ႏွင့္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၁၁) ရက္မွ (၂၀) ရက္အတြင္း ျပည္သူလူထုအေျချပဳ ကာကြယ္ေဆးထိုး အစီအစဥ္တို႔ျဖင့္ ထိုးႏွံေပးသြားမည္ျဖစ္ရာ ကာကြယ္ေဆးႏွင့္ပတ္သက္၍ သိလိုသည္မ်ား၊ ကာကြယ္ ေဆးထိုးအစီအစဥ္ႏွင့္ပတ္သက္၍ သိလိုသည္မ်ားကို စုစည္းေျဖၾကားေပးထားသည္မ်ားကို ျပန္လည္ေဖၚျပပါသည္။

ေမး။ ။ ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆးက ထိုးၿပီးဘယ္ေလာက္ထိ  အာနိသင္ ရွိေနမွာလဲ။  ဘယ္ႏွႏွစ္ေလာက္အထိ ကာကြယ္ေပးႏိုင္လဲ။
ေျဖ။ ။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက လက္ရွိထိုးႏွံေပးမယ့္ေဆးဟာ တစ္ႀကိမ္ထိုးႏွံၿပီးေနာက္ (၈၅) ရာခိုင္ႏႈန္းကေန (၉၅) ရာခိုင္ႏႈန္းအထိ ေရာဂါကာကြယ္ႏိုင္စြမ္းရွိပါတယ္။ ပိုးအရွင္ကို အားေပ်ာ့ေအာင္လုပ္ထားတဲ့ ကာကြယ္ေဆးေတြဟာ တစ္ႀကိမ္ထိုးထားရင္ တစ္သက္တာနီးပါး ကာကြယ္ေပးႏိုင္ပါတယ္။

ေမး။ ။ ကေလးကို ကာကြယ္ေဆးထိုးေပးဖို႔အတြက္ ဘယ္ေလာက္ကုန္မွာလဲ။ ေဆးတန္ဖိုး ဘယ္ေလာက္ရွိသလဲ။
ေျဖ။ ။ အခမဲ့ ထိုးႏွံေပးသြားမွာပါ။

ေမး။ ။ ေဆးမထိုးခင္နဲ႔ ေဆးထိုးၿပီး ေဆာင္ရန္၊ ေရွာင္ရန္ေလးေတြ ေျပာျပေပးပါ။
ေျဖ။ ။ ေဆးမထိုးခင္ ကေလးမွာ ျပင္းထန္တဲ့ ဓာတ္မတည့္ျခင္းမ်ိဳးရွိမရွိ၊ တျခား ေရာဂါအခံေတြရွိ၊မရွိနဲ႔ လက္ရွိ ေသာက္သံုးေနရတဲ့ ေဆးဝါးေတြရွိရင္ ေဆးထိုးေပးမယ့္ဆရာမကို ၾကိဳတင္ေျပာျပထားဖို႔လိုပါမယ္။ ဆရာဝန္နဲ႔ ႀကိဳတိုင္ပင္ရင္ ပိုေကာင္းပါတယ္။ ဖ်ားေနတဲ့ ကေလးဆိုရင္ေတာ့ ရက္ေရႊ႔ဆိုင္းၿပီးမွ ထိုးႏွံရပါမယ္။ ကာကြယ္ေဆးထိုးၿပီးပါက ေဆးထိုးစုရပ္မွာ နာရီဝက္ခန္႔ ေစာင့္ဆိုင္းၿပီး ကေလးအေျခအေနကို ေစာင့္ၾကည့္ဖို႔ လိုပါတယ္။ ကေလးမွာ ပံုမွန္မဟုတ္တဲ့ လကၡဏာေတြေတြ႔႔ရင္ ေဆးထိုးေပးတဲ့ ဆရာမကို ခ်က္ခ်င္း အေၾကာင္းၾကားပါ။

ေမး။ ။ အစိုးရကထိုးေပးတဲ႔ေဆးနဲ႔ အျပင္ေဆးခန္းမွာ ဝယ္ထိုးတဲ႔ေဆးက တူတူပဲလား။ ကြာျခားမႈရွိပါသလား။ ေဆးနာမည္ ဘယ္လိုေခၚပါသလဲ။
ေျဖ။ ။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထိုးႏွံေပးမယ့္ေဆးက CD-JEV (SA 14-14-2) ျဖစ္ပါတယ္။ ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) ရဲ့ အရည္အေသြး အသိအမွတ္ျပဳ ကာကြယ္ေဆးျဖစ္ပါတယ္။

ေမး။ ။ ဦးေႏွာက္အေျမွးေရာင္ ကာကြယ္ေဆးနဲ႔ ဦးေႏွာက္ေရာင္ ကာကြယ္ေဆး တူပါသလား။ တစ္မ်ိဳးထိုးၿပီးရင္ ေနာက္တစ္မ်ိဳးထပ္ထိုးဖို႔ လိုပါသလား။
ေျဖ။ ။ မတူပါဘူး။ ေရာဂါျဖစ္ေစတဲ့ပိုး အမ်ိဳးအစားမတူသလို ျဖစ္တဲ့ေရာဂါခ်င္းလည္းမတူပါဘူး။ ဒါေၾကာင့္ ဦးေႏွာက္အေျမႇးေရာင္ကာကြယ္ေဆးထိုးထားဖူးလည္း ဂ်ပန္ဦးေႏွာက္ေရာင္ကာကြယ္ေဆးကို ထပ္မံထိုးႏွံရပါမယ္။

ေမး။ ။ ၁ နွစ္ ၅ လျပည့္မထုိးရေသးဘူး။ ယခုလျပည့္ျပီးဆုိေတာ့ က်န္းမာေရးဆရာမ လာရင္ ၁နွစ္ခြဲ အတြက္ ကာကြယ္ေဆးေတြထုိးရမွာ ဘယ္ဟာအရင္ထုိးရမလဲ။ ဝက္သက္ကာကြယ္ေဆးထိုးဖို႔ရွိေတာ့ အခုဒီဇင္ဘာမွာ ဂ်ပန္ဦးေနွာက္ေရာင္ ကာကြယ္ေဆးကိုထိုးေပးလို႔ရမလား သိခ်င္လို႔ပါ။
ေျဖ။ ။ ကေလးအသက္တစ္ႏွစ္ခြဲမွာ ထိုးေပးမယ့္ ဝက္သက္ဂ်ိဳက္သိုး ကာကြယ္ေဆးနဲ႔အတူ ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆးကို တစ္ၿပိဳင္နက္တည္း ထိုးႏွံေပးႏိုင္ပါတယ္။ အသက္ (၉) လနဲ႔ အသက္ (၁၈) လ မွာ ဝက္သက္ဂ်ိဳက္သိုး ကာကြယ္ေဆး ထိုးရမယ့္ကေလးေတြအတြက္ က်န္းမာေရးဝန္ထမ္းမ်ားက ထိုးရမယ့္လ ခ်ိန္းေပးပါလိမ့္မယ္။

ေမး။ ။ ၉ လေအာက္ကေလးကမထိုးရဘူးဆိုေတာ့ ေရာဂါမျဖစ္ဘူးလို႔ေျပာနုိင္ပါသလား။
ေျဖ။ ။ မိခင္ရဲ့ ဝမ္းထဲမွတဆင့္ ပဋိပစၥည္းရခဲ့လို႔ ကာကြယ္မႈရွိေနႏိုင္ပါတယ္။ ပဋိပစၥည္းေလ်ာ့နည္းသြားမည့္ (၉) လ အရြယ္တြင္ စထိုးလ်င္ ကာကြယ္မႈ ပိုမိုရရွိႏိုင္ပါတယ္။

ေမး။ ။ သြားတုိက္ေဆးထဲမွာ Carbamide ပါတာေျကာင္႔ သြားတုိက္ေဆးနဲ႔ ဓာတ္မတည့္သူေတြ ထုိးလုိ႔မရဘူးဆုိတာ ဟုတ္ပါသလား။
ေျဖ။ ။ ကာကြယ္ေဆးမွာ Carbamide ပါတာနည္းေပမယ့္ Carbamide နဲ႔ ဓာတ္မတည့္ဘူးတဲ့သူ မထိုးသင့္ပါဘူး။

ေမး။ ။ သားသားမွာအေရျပားယားတာ ေဆးခန္းျပရင္ခဏဘဲသက္သာၿပီး မၾကာမၾကာျပန္ေပၚပါတယ္။ ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆးထိုးလို႔ရပါသလား။
ေျဖ။ ။ အေရျပားယားတဲ့အတြက္ Steriods ေဆးေသာက္ေနရင္ မထိုးသင့္ပါဘူး။ ဆရာဝန္နဲ႔ ႀကိဳတိုင္ပင္သင့္ပါတယ္။

ေမး။ ။ တီဘီ ေဆးေသာက္ေနတယ္။ ၂၀၁၈ (၁) လပိုင္း (၇) ရက္ေန႔မွ (၆) လျပည့္မွာ၊ ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆးထိုးလို႔ရပါသလား။
ေျဖ။ ။ ရပါတယ္။ ေဆးထိုးမယ့္အခ်ိန္မွာ တီဘီေဆးေသာက္ၿပီး (၂) လေက်ာ္ရင္ ထိုးလို႔ရပါတယ္။

ေမး။ ။ ေဆးထိုးျပီးဓာတ္မတည့္ရင္ေျဖလို႔ရပါသလား။ အသက္အႏၲရာယ္ရွိပါသလား။
ေျဖ။ ။ ေဆးထိုးၿပီး နာရီဝက္ ေစာင့္ဆိုင္းေစၿပီး ေစာင့္ၾကည့္ပါတယ္။ ဓာတ္မတည့္ရင္ ခ်က္ခ်င္းကုသေပးဖို႔ ေဆးထိုးစုရပ္တိုင္းမွာ အဆင္သင့္ ျပင္ဆင္ထားပါတယ္။

#က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၊ တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးအကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူများ၏ ဖြေကြားချက်များ
*************
ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးအစီအစဉ်နှင့်ပတ်သက်သည့် မေးခွန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူများက ဖြေကြားပေးထားသည်များကို တာချီလိတ်သတင်းအေဂျင်စီက ပြန်လည်ဖေါ်ပြပေးပါသည်။

သေဆုံးမှုနှုန်းများသည့်အပြင် နောက်ဆက်တွဲဆိုးကျိုးများ ပြင်းထန်စွာဖြစ်ပွားတတ်သည့် ဂျပန် ဦးနှောက်ရောင်ရောဂါအတွက် ကာကွယ်ဆေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လုပ်ဆောင်နေသည့် အသက်(၅)နှစ် အောက်ကလေးများအတွက် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်၏ ကာကွယ်ဆေး (၁၀)မျိုးတွင် ထည့်သွင်းထားခြင်းမရှိသေးသည့်အတွက် တိုးချဲ့ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် ထိုးနှံပေးသွားမည်ဖြစ်သည်။

အဆိုပါကာကွယ်ဆေးအား အသက် (၉) လမှ (၁၅)နှစ်အရွယ် ကလေး (၁၄) သန်းခန့်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်မှ (၂၃) ရက်အတွင်း ကျောင်းအခြေပြုကာကွယ်ဆေးထိုး လုပ်ငန်းအစီအစဉ်နှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်မှ (၂၀) ရက်အတွင်း ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်တို့ဖြင့် ထိုးနှံပေးသွားမည်ဖြစ်ရာ ကာကွယ်ဆေးနှင့်ပတ်သက်၍ သိလိုသည်များ၊ ကာကွယ် ဆေးထိုးအစီအစဉ်နှင့်ပတ်သက်၍ သိလိုသည်များကို စုစည်းဖြေကြားပေးထားသည်များကို ပြန်လည်ဖေါ်ပြပါသည်။

မေး။ ။ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးက ထိုးပြီးဘယ်လောက်ထိ  အာနိသင် ရှိနေမှာလဲ။  ဘယ်နှနှစ်လောက်အထိ ကာကွယ်ပေးနိုင်လဲ။
ဖြေ။ ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လက်ရှိထိုးနှံပေးမယ့်ဆေးဟာ တစ်ကြိမ်ထိုးနှံပြီးနောက် (၈၅) ရာခိုင်နှုန်းကနေ (၉၅) ရာခိုင်နှုန်းအထိ ရောဂါကာကွယ်နိုင်စွမ်းရှိပါတယ်။ ပိုးအရှင်ကို အားပျော့အောင်လုပ်ထားတဲ့ ကာကွယ်ဆေးတွေဟာ တစ်ကြိမ်ထိုးထားရင် တစ်သက်တာနီးပါး ကာကွယ်ပေးနိုင်ပါတယ်။

မေး။ ။ ကလေးကို ကာကွယ်ဆေးထိုးပေးဖို့အတွက် ဘယ်လောက်ကုန်မှာလဲ။ ဆေးတန်ဖိုး ဘယ်လောက်ရှိသလဲ။
ဖြေ။ ။ အခမဲ့ ထိုးနှံပေးသွားမှာပါ။

မေး။ ။ ဆေးမထိုးခင်နဲ့ ဆေးထိုးပြီး ဆောင်ရန်၊ ရှောင်ရန်လေးတွေ ပြောပြပေးပါ။
ဖြေ။ ။ ဆေးမထိုးခင် ကလေးမှာ ပြင်းထန်တဲ့ ဓာတ်မတည့်ခြင်းမျိုးရှိမရှိ၊ တခြား ရောဂါအခံတွေရှိ၊မရှိနဲ့ လက်ရှိ သောက်သုံးနေရတဲ့ ဆေးဝါးတွေရှိရင် ဆေးထိုးပေးမယ့်ဆရာမကို ကြိုတင်ပြောပြထားဖို့လိုပါမယ်။ ဆရာဝန်နဲ့ ကြိုတိုင်ပင်ရင် ပိုကောင်းပါတယ်။ ဖျားနေတဲ့ ကလေးဆိုရင်တော့ ရက်ရွှေ့ဆိုင်းပြီးမှ ထိုးနှံရပါမယ်။ ကာကွယ်ဆေးထိုးပြီးပါက ဆေးထိုးစုရပ်မှာ နာရီဝက်ခန့် စောင့်ဆိုင်းပြီး ကလေးအခြေအနေကို စောင့်ကြည့်ဖို့ လိုပါတယ်။ ကလေးမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေတွေ့့ရင် ဆေးထိုးပေးတဲ့ ဆရာမကို ချက်ချင်း အကြောင်းကြားပါ။

မေး။ ။ အစိုးရကထိုးပေးတဲ့ဆေးနဲ့ အပြင်ဆေးခန်းမှာ ဝယ်ထိုးတဲ့ဆေးက တူတူပဲလား။ ကွာခြားမှုရှိပါသလား။ ဆေးနာမည် ဘယ်လိုခေါ်ပါသလဲ။
ဖြေ။ ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထိုးနှံပေးမယ့်ဆေးက CD-JEV (SA 14-14-2) ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အရည်အသွေး အသိအမှတ်ပြု ကာကွယ်ဆေးဖြစ်ပါတယ်။

မေး။ ။ ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးနဲ့ ဦးနှောက်ရောင် ကာကွယ်ဆေး တူပါသလား။ တစ်မျိုးထိုးပြီးရင် နောက်တစ်မျိုးထပ်ထိုးဖို့ လိုပါသလား။
ဖြေ။ ။ မတူပါဘူး။ ရောဂါဖြစ်စေတဲ့ပိုး အမျိုးအစားမတူသလို ဖြစ်တဲ့ရောဂါချင်းလည်းမတူပါဘူး။ ဒါကြောင့် ဦးနှောက်အမြှေးရောင်ကာကွယ်ဆေးထိုးထားဖူးလည်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို ထပ်မံထိုးနှံရပါမယ်။

မေး။ ။ ၁ နှစ် ၅ လပြည့်မထိုးရသေးဘူး။ ယခုလပြည့်ပြီးဆိုတော့ ကျန်းမာရေးဆရာမ လာရင် ၁နှစ်ခွဲ အတွက် ကာကွယ်ဆေးတွေထိုးရမှာ ဘယ်ဟာအရင်ထိုးရမလဲ။ ဝက်သက်ကာကွယ်ဆေးထိုးဖို့ရှိတော့ အခုဒီဇင်ဘာမှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကိုထိုးပေးလို့ရမလား သိချင်လို့ပါ။
ဖြေ။ ။ ကလေးအသက်တစ်နှစ်ခွဲမှာ ထိုးပေးမယ့် ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးနဲ့အတူ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို တစ်ပြိုင်နက်တည်း ထိုးနှံပေးနိုင်ပါတယ်။ အသက် (၉) လနဲ့ အသက် (၁၈) လ မှာ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး ထိုးရမယ့်ကလေးတွေအတွက် ကျန်းမာရေးဝန်ထမ်းများက ထိုးရမယ့်လ ချိန်းပေးပါလိမ့်မယ်။

မေး။ ။ ၉ လအောက်ကလေးကမထိုးရဘူးဆိုတော့ ရောဂါမဖြစ်ဘူးလို့ပြောနိုင်ပါသလား။
ဖြေ။ ။ မိခင်ရဲ့ ဝမ်းထဲမှတဆင့် ပဋိပစ္စည်းရခဲ့လို့ ကာကွယ်မှုရှိနေနိုင်ပါတယ်။ ပဋိပစ္စည်းလျော့နည်းသွားမည့် (၉) လ အရွယ်တွင် စထိုးလျင် ကာကွယ်မှု ပိုမိုရရှိနိုင်ပါတယ်။

မေး။ ။ သွားတိုက်ဆေးထဲမှာ Carbamide ပါတာကြောင့် သွားတိုက်ဆေးနဲ့ ဓာတ်မတည့်သူတွေ ထိုးလို့မရဘူးဆိုတာ ဟုတ်ပါသလား။
ဖြေ။ ။ ကာကွယ်ဆေးမှာ Carbamide ပါတာနည်းပေမယ့် Carbamide နဲ့ ဓာတ်မတည့်ဘူးတဲ့သူ မထိုးသင့်ပါဘူး။

မေး။ ။ သားသားမှာအရေပြားယားတာ ဆေးခန်းပြရင်ခဏဘဲသက်သာပြီး မကြာမကြာပြန်ပေါ်ပါတယ်။ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးလို့ရပါသလား။
ဖြေ။ ။ အရေပြားယားတဲ့အတွက် Steriods ဆေးသောက်နေရင် မထိုးသင့်ပါဘူး။ ဆရာဝန်နဲ့ ကြိုတိုင်ပင်သင့်ပါတယ်။

မေး။ ။ တီဘီ ဆေးသောက်နေတယ်။ ၂၀၁၈ (၁) လပိုင်း (၇) ရက်နေ့မှ (၆) လပြည့်မှာ၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးလို့ရပါသလား။
ဖြေ။ ။ ရပါတယ်။ ဆေးထိုးမယ့်အချိန်မှာ တီဘီဆေးသောက်ပြီး (၂) လကျော်ရင် ထိုးလို့ရပါတယ်။

မေး။ ။ ဆေးထိုးပြီးဓာတ်မတည့်ရင်ဖြေလို့ရပါသလား။ အသက်အန္တရာယ်ရှိပါသလား။
ဖြေ။ ။ ဆေးထိုးပြီး နာရီဝက် စောင့်ဆိုင်းစေပြီး စောင့်ကြည့်ပါတယ်။ ဓာတ်မတည့်ရင် ချက်ချင်းကုသပေးဖို့ ဆေးထိုးစုရပ်တိုင်းမှာ အဆင်သင့် ပြင်ဆင်ထားပါတယ်။

#ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~