တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း ၿမိဳ႕နယ္အရန္မီးသတ္တပ္ရင္းရံုး ဖြင့္လွစ္

တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း ၿမိဳ႕နယ္အရန္မီးသတ္တပ္ရင္းရံုး ဖြင့္လွစ္
အောက်တိုဘာ 21, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္၊ ဟိုတယ္တာခ်ီလိတ္အနီးတြင္ တည္ေဆာက္ၿပီးစီးသည့္ တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီးသတ္ တပ္ရင္းရံုးဖြင့္ပြဲႏွင့္အတူ ပံ့ပိုးကူညီၾကသူမ်ားအား ဂုဏ္ျပဳ မွတ္တမ္းလႊာမ်ား ေပးအပ္ခ်ီးျမႇင့္ပြဲအား ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၂၁)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္သည္။

ဖြင့္ပြဲႏွင့္ဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္ပြဲသို႔ စစ္ဗ်ဴဟာအဖြဲ႔အေျခခ်(တာခ်ီလိတ္)မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေအးမင္းဦး၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊႏွင့္ ခရိုင္အဆင့္ စီမံခန္႔ခြဲမႈေကာ္မတီ၀င္မ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္အဆင့္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္ ႏွင့္ ၿမိဳ႕နယ္အဆင့္စီမံခန္႔ခြဲမႈေကာ္မတီ၀င္မ်ား၊ တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးမွဴး ဦးထြန္းႏိုင္ဦး ႏွင့္ ၿမဳိ႕နယ္အရန္မီးသတ္တပ္ရင္းမွ ဒုတပ္ရင္းမွဴး ဦးရဲနႏၵာလင္း အပါအ၀င္ ဖိတ္ၾကားထားသည့္ ဌာနအႀကီးအကဲမ်ား ႏွင့္ လုပ္ငန္းရွင္မ်ား၊ အလွဴရွင္မ်ား တက္ေရာက္ေၾကာင္း သိရသည္။

ရံုးဖြဲ႔ပြဲဲအျဖစ္ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေအးမင္းဦး၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးမွဴး ဦးထြန္းႏိုင္ဦး ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီးသတ္ တပ္ရင္းရံုးျဖစ္ေျမာက္ရန္ ပူးေပါင္းပါ၀င္ လွဴဒါန္းၾကသည့္ ေစတနာရွင္အလွဴရွင္မ်ားအား တက္ေရာက္လာသူ အႀကီးအကဲမ်ားက ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား အသီးသီး ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

အဆိုပါ ရံုးသည္ တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀မ္ေကာင္းရပ္ကြက္၊ အပိုင္း(က)၊ ေဂၚရခါးဓမၼာရံုေရွ႕လမ္းသြယ္၊ ဇီ၀ကအခမဲ့ ေဆးခန္း ႏွင့္ ဟိုတယ္တာခ်ီလိတ္ အနီးတြင္တည္ရွိၿပီး ေျမေနရာအတြက္ အလ်ား(၁၂၀)ေပႏွင့္ အနံ(၃၂)ရွိ ေျမကြက္အား ဟိုတယ္တာခ်ီလိတ္ ႏွင့္ ဘုရင့္ေနာင္ေစ်းပိုင္ရွင္ ဦးထြန္းေနဦး + ေဒၚခင္ခင္ခ်ဳိ မိသားစုမွ လွဴဒါန္းေပးခဲ့ၿပီးေနာက္ ရံုးေဆာက္လုပ္ရန္အတြက္ ေစတနာရွင္မ်ားက ပါ၀င္လွဴဒါန္းၾကျခင္း ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

 တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ ဟိုတယ်တာချီလိတ်အနီးတွင် တည်ဆောက်ပြီးစီးသည့် တာချီလိတ်မြို့နယ် အရန်မီးသတ် တပ်ရင်းရုံးဖွင့်ပွဲနှင့်အတူ ပံ့ပိုးကူညီကြသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပွဲအား ၂၀၁၇ခုနှစ် အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲသို့ စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ခရိုင်အဆင့် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ တာချီလိတ်မြို့နယ်အဆင့်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် မြို့နယ်အဆင့်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦး နှင့် မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒါလင်း အပါအဝင် ဖိတ်ကြားထားသည့် ဌာနအကြီးအကဲများ နှင့် လုပ်ငန်းရှင်များ၊ အလှူရှင်များ တက်ရောက်ကြောင်း သိရသည်။

ရုံးဖွဲ့ပွဲအဖြစ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦး နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တာချီလိတ်မြို့နယ် အရန်မီးသတ် တပ်ရင်းရုံးဖြစ်မြောက်ရန် ပူးပေါင်းပါဝင် လှူဒါန်းကြသည့် စေတနာရှင်အလှူရှင်များအား တက်ရောက်လာသူ အကြီးအကဲများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ရုံးသည် တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်၊ အပိုင်း(က)၊ ဂေါ်ရခါးဓမ္မာရုံရှေ့လမ်းသွယ်၊ ဇီဝကအခမဲ့ ဆေးခန်း နှင့် ဟိုတယ်တာချီလိတ် အနီးတွင်တည်ရှိပြီး မြေနေရာအတွက် အလျား(၁၂၀)ပေနှင့် အနံ(၃၂)ရှိ မြေကွက်အား ဟိုတယ်တာချီလိတ် နှင့် ဘုရင့်နောင်ဈေးပိုင်ရှင် ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို မိသားစုမှ လှူဒါန်းပေးခဲ့ပြီးနောက် ရုံးဆောက်လုပ်ရန်အတွက် စေတနာရှင်များက ပါဝင်လှူဒါန်းကြခြင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~