ကိုင္ရိုၿမိဳ႕ရိွ ျမန္မာသံရံုးတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းမရိွေၾကာင္း ျမန္မာႏုိင္ငံျခားေရးဝန္ႀကီးဌာန ထုတ္ျပန္

ကိုင္ရိုၿမိဳ႕ရိွ ျမန္မာသံရံုးတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းမရိွေၾကာင္း ျမန္မာႏုိင္ငံျခားေရးဝန္ႀကီးဌာန ထုတ္ျပန္
အောက်တိုဘာ 3, 2017
By 🌸
အီဂ်စ္ႏုိင္ငံ ကိုင္ရုိၿမိဳ႕ရွိ ျမန္မာသံရုံးတြင္ အေသးစားေပါက္ကြဲမႈျဖစ္ပြားျခင္းမဟုတ္ဘဲ ျမန္မာသံရံုးအနီး ေနအိမ္တစ္လံုးတြင္ စက္တင္ဘာလ (၃၀)ရက္ေန႔က ဓါတ္ေငြ႕ပိုက္လိုင္းေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏုိင္ငံျခားေရးဝန္ႀကီးဌာနက ေအာက္တိုဘာလ (၃)ရက္ေန႔တြင္ ေဖၚျပလိုက္သည္။

ကိုင္ရိုၿမိဳ႕ Zamalek ရပ္ကြက္တြင္တည္ရွိသည့္ ျမန္မာသံရံုးအား Hasam Movement အဖြဲ႕မွ ဗံုးေဖါက္ခြဲ တိုက္ခိုက္ခဲ့သည္ဟု သတင္းမ်ားထြက္လာၿပီးေနာက္ ျမန္မာသံရံုး၊ ကိုင္ရိုၿမိဳ႕သို႔ ဆက္သြယ္၍ သံရံုးလံုၿခံဳမႈအေနအထားနွင့္ ပတ္သက္ၿပီးေမးျမန္းရာ ကိုင္ရိုၿမိဳ႕ ျမန္မာသံရံုးတည္ရွိသည့္ Zamalek ရပ္ကြက္အတြင္း သံရံုးနွင့္ မီတာ (၅၀ဝ) ခန္႔အကြာရွိ ေနအိမ္တစ္အိမ္မွ ဓာတ္ေငြ႕ပိုက္လိုင္း ေပါက္ကြဲမႈတစ္ရပ္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အဆိုပါ ဓာတ္ေငြ႕ပိုက္လိုင္းေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရသူမရွိေၾကာင္း ကိုင္ရိုၿမိဳ႕ သက္ဆိုင္ရာေဒသလံုျခံဳေရးတာဝန္ခံ အရာရွိျဖစ္သူ Major General Khaled Abdel-Al က ေျပာၾကားခဲ့သည္ဟု ျမန္မာႏုိင္ငံျခားေရးဝန္ႀကီးဌာနက ေဖၚျပထားသည္။

အီဂ်စ္ႏိုင္ငံ ကိုင္ရုိၿမိဳ႕ရွိ ျမန္မာသံရုံးတြင္ စက္တင္ဘာလ (၃၀)ရက္ေန႔က အေသးစားေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး အဆိုပါ ေပါက္ကြဲမႈမွာ အၾကမ္းဖက္အဖြဲ႕တစ္ခုျဖစ္သည့္ Hasm အဖြဲ႔ကလုပ္ေဆာင္ျခင္းျဖစ္သည္ဟု ယင္းအဖြဲ႔က ေအာက္တိုဘာလ (၁)ရက္ေန႔တြင္ ထုတ္ေဖၚေျပာၾကားခဲ့ေၾကာင္း ရိုက္တာသတင္းဌာနတြင္ ေဖၚျပခဲ့ျခင္းျဖစ္သည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကိုင်ရိုမြို့ရှိ မြန်မာသံရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းမရှိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
*********
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးတွင် အသေးစားပေါက်ကွဲမှုဖြစ်ပွားခြင်းမဟုတ်ဘဲ မြန်မာသံရုံးအနီး နေအိမ်တစ်လုံးတွင် စက်တင်ဘာလ (၃၀)ရက်နေ့က ဓါတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ (၃)ရက်နေ့တွင် ဖေါ်ပြလိုက်သည်။

ကိုင်ရိုမြို့ Zamalek ရပ်ကွက်တွင်တည်ရှိသည့် မြန်မာသံရုံးအား Hasam Movement အဖွဲ့မှ ဗုံးဖေါက်ခွဲ တိုက်ခိုက်ခဲ့သည်ဟု သတင်းများထွက်လာပြီးနောက် မြန်မာသံရုံး၊ ကိုင်ရိုမြို့သို့ ဆက်သွယ်၍ သံရုံးလုံခြုံမှုအနေအထားနှင့် ပတ်သက်ပြီးမေးမြန်းရာ ကိုင်ရိုမြို့ မြန်မာသံရုံးတည်ရှိသည့် Zamalek ရပ်ကွက်အတွင်း သံရုံးနှင့် မီတာ (၅၀ဝ) ခန့်အကွာရှိ နေအိမ်တစ်အိမ်မှ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ကိုင်ရိုမြို့ သက်ဆိုင်ရာဒေသလုံခြံုရေးတာဝန်ခံ အရာရှိဖြစ်သူ Major General Khaled Abdel-Al က ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေါ်ပြထားသည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးတွင် စက်တင်ဘာလ (၃၀)ရက်နေ့က အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုမှာ အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်သည့် Hasm အဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က အောက်တိုဘာလ (၁)ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနတွင် ဖေါ်ပြခဲ့ခြင်းဖြစ်သည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~