ဂေါ်ရခါးရိုးရာယဉ်ကျေးမှု၏ ဒီပ၀ါလီပွဲတော် အထိမ်းအမှတ်ဧည့်ခံပွဲ တာချီလိတ်တွင် ကျင်းပ
ဂေါ်ရခါးရိုးရာယဉ်ကျေးမှု၏ ဒီပ၀ါလီပွဲတော် အထိမ်းအမှတ်ဧည့်ခံပွဲ တာချီလိတ်တွင် ကျင်းပ
အောကျတိုဘာ 18, 2017
By Tachileik News Agency
အဆိုပါ အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်နှင့် တာချီလိတ် ဂေါ်ရခါး ဟိန္ဒူဓမ္မအဖွဲ့ ၏ အကြံပေးပုဂ္ဂိုလ် ဦးဆူရာပါခ်ျတို့ က ရိုးရာဆီမီးထွန်းညှိပူဇော်ခဲ့ကြပြီးနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦးတို့ မှ မင်္ဂလာနှုတ်ခွန်းဆက် စကားပြောကြားပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များ အပါအ၀င်၊ တိုင်းရင်းသား ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ နှင့် ဂေါ်ရခါးလူမျိုးများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများအား ပွဲတော်ကျင်းပရေးအဖွဲ့က ရိုးရာအစားအစာများဖြင့် ဧည့်ခံကြောင်း သိရသည်။
ဒီပ၀ါလီပွဲတော်ဆိုသည်မှာ အမှောင်ထုအပေါ် အလင်းရောင်က ဖြိုခွင်းလင်းလက်ဖောက်ထွင်းနိုင်ပြီး မကောင်းမှုအပေါ် ကောင်းမှုက အောင်ပွဲခံခြင်း ၊ မသိတရားအပေါ် အသိတရားက သြဇာ သက်ရောက်မှုရှိခြင်း စသည်ဖြင့် ကောင်းခြင်းမင်္ဂလာအဖြာဖြာကို ကိုယ်စားပြုကျင်းပသည့် ပွဲတော်ဖြစ်ပြီး အဆိုပါ ပွဲတော်ကို (၃)ရက်တာ ကျင်းပခြင်းဖြစ်ကာ ပွဲတော်ကာလ အတွင်းတွင် အဝေးရောက်နေသည့် မိသားစုဝင်များ ဆုံတွေ့ ကြပြီး နေ့ လယ်ပိုင်းတွင် ရိုးရာအစားအစားများကို ချက်ပြုတ်စားသောက်ကြကာ ညပိုင်းတွင် ဂေါ်ရခါးလူမျိုးများ စုပေါင်း၍ တစ်အိမ်ဝင်တစ်အိမ်ထွက် ဂေါ်ရခါးရိုးရာ အဆိုအကများဖြင့် ကပြဖျော်ဖြေပေးကာ ဆုတောင်းမေတ္တာပို့သကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ၂၀၁၇ခုနှစ် အောက်တိုဘာလ (၁၈)ရက် နံနက်ပိုင်းက ဂေါ်ရခါးလူမျိုးများ၏ ရိုးရာပွဲတော်ဖြစ်သည့် ဒီပဝါလီ ပွဲတော်အား ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးနှင့်အတူ ဒေသအုပ်ချုပ်ရေးအကြီးအကဲများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အစည်းများ တက်ရောက်ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်နှင့် တာချီလိတ် ဂေါ်ရခါး ဟိန္ဒူဓမ္မအဖွဲ့၏ အကြံပေးပုဂိ္ဂုလ် ဦးဆူရာပါချ်တို့က ရိုးရာဆီမီးထွန်းညှိပူဇော်ခဲ့ကြပြီးနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစို်င်းရှဲန်တစ်လုံနှင့် စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦးတို့မှ မင်္ဂလာနှုတ်ခွန်းဆက် စကားပြောကြားပေးခဲ့ကြသည်။
ဂေါ်ရခါးလူမျိုးများနှင့် ပတ်သက်၍"ဖက်ဆစ်ဂျပန်တွေကို မြန်မာ့မြေပေါ်ကနေ တိုက်ထုတ်တုန်းက ဗို်လ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ BIAနဲ့ ဗြိတိသျှ ဂေါ်ရခါးတွေက အတူတူ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ (၁၉၄၅)ခုနှစ် စက်တင်ဘာလမှာတော့ ဂန္ဒီစာချုပ်အရ ဂေါ်ရခါး လူမျိုးတွေက ဗမာ့ကာကွယ်ရေးတပ်မတော်မှာ ပါဝင်လာခဲ့ပြီး ဧပြီလမှာတော့ တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ကနပြေီး ဂေါ်ရခါးလူမျိုးတွေကို နို်င်ငံသားခံယူစေရေးနဲ့ ဂေါ်ရခါး စစ်သားများ စုဆောင်း နိုင်ရေးတို့အတွက် အတည်ပြု မှတ်တမ်းတင်ခဲ့ပါတယ်။"ဟု စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦးက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် တာချီလိတ်ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ ဥက္ကဌ ဦးတင်ရွှေမှ နှုတ်ဆက်အမှာစကားကို လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး ဒေါက်တာဂျီဝမ်းမှ ဒီပဝါလီ ပွဲတော်အကြောင်းနှင့် ဒုတိယ ဥက္ကဌ ဦးအင်ဒရာဂျစ်မှ ကျေးဇူးတင်စကားတို့ကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစို်င်းရှဲန်တစ်လုံ၊ စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များ အပါအဝင်၊ တိုင်းရင်းသား ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ နှင့် ဂေါ်ရခါးလူမျိုးများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများအား ပွဲတော်ကျင်းပရေးအဖွဲ့က ရိုးရာအစားအစာများဖြင့် ဧည့်ခံကြောင်း သိရသည်။
ဒီပဝါလီပွဲတော်ဆိုသည်မှာ အမှောင်ထုအပေါ် အလင်းရောင်က ဖြိုခွင်းလင်းလက်ဖောက်ထွင်းနိုင်ပြီး မကောင်းမှုအပေါ် ကောင်းမှုက အောင်ပွဲခံခြင်း၊ မသိတရားအပေါ် အသိတရားက သြဇာ သက်ရောက်မှုရှိခြင်း စသည်ဖြင့် ကောင်းခြင်းမင်္ဂလာအဖြာဖြာကို ကိုယ်စားပြုကျင်းပသည့် ပွဲတော်ဖြစ်ပြီး အဆိုပါ ပွဲတော်ကို (၃)ရက်တာ ကျင်းပခြင်းဖြစ်ကာ ပွဲတော်ကာလ အတွင်းတွင် အေဝးရောက်နေသည့် မိသားစုဝင်များ ဆုံတွေ့ကြပြီး နေ့လယ်ပိုင်းတွင် ရိုးရာအစားအစားများကို ချက်ပြုတ်စားသောက်ကြကာ ညပိုင်းတွင် ဂေါ်ရခါးလူမျိုးများ စုပေါင်း၍ တစ်အိမ်ဝင်တစ်အိမ်ထွက် ဂေါ်ရခါးရိုးရာ အဆိုအကများဖြင့် ကပြဖျော်ဖြေပေးကာ ဆုတောင်းမေတ္တာပို့သကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~